Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 17, 2019

ေက်းဇူးရိွတယ္၊ ေက်းဇူးရိွတယ္” ဆိုၿပီး… ေက်းဇူးတရားနဲ႔ …တဖက္သားကို …အႏိုင္မက်င့္လိုက္ပါနဲ႔။


” ေက်းဇူးရိွတယ္၊ေက်းဇူးရိွတယ္” ဆိုၿပီး
ေက်းဇူးတရားနဲ႔ တဖက္သားကိုအႏိုင္မက်င့္လိုက္ပါနဲ႔။

ေက်းဇူးတရားဆိုတာအႏိုင္က်င့္ဖို႔ မဟုတ္ပါဘူး။

အႏိုင္က်င့္မိခဲ့ရင္” ေက်းဇူး” မဟုတ္ဘဲ
” ေက်း႐ူး” ျဖစ္သြားပါလိမ့္မယ္။
” ေက်ဇူးမသိတတ္ဘူး၊ေက်းဇူးမသိတတ္ဘူး” ဆိုၿပီး
မေက်မနပ္မျဖစ္လိုက္ပါနဲ႔။
မသိတတ္သူ၊မသိခ်င္ေယာင္ေဆာင္သူက
ဘယ္ေတာ့မွ သိတတ္လာမွာ မဟုတ္ပါဘူး
မေက်မနပ္ျဖစ္ေနရင္” ေက်းဇူး” မဟုတ္ဘဲ
” ေက်းဆူး” ျဖစ္သြားပါလိမ့္မယ္။

” ေက်းဇူးမဆပ္ဘူး၊ေက်းဇူးမဆပ္ဘူး” ဆိုၿပီး
ကဲ့ရဲ႕ျပစ္တင္ အျပစ္မျမင္လိုက္ပါနဲ႔။
ေက်းဇူးဆပ္လိုသူကဘယ္နည္းနဲ႔ျဖစ္ျဖစ္ ဆပ္ႏိုင္ေအာင္
ႀကိဳးစားေနေပမယ့္ျပန္မဆပ္လိုသူက
ဘယ္ေတာ့မွ ျပန္ဆပ္မွာ မဟုတ္ပါဘူး။

ကဲ့ရဲ႕ျပစ္တင္ အျပစ္ျမင္ေနမယ္ဆိုရင္
” ေက်းဇူး” မဟုတ္ေတာ့ဘဲ” ေက်းမူး” ျဖစ္သြားပါလိမ့္မယ္။

ကူညီလိုတဲ့ ေစတနာ၊အဆင္ေျပေစလိုတဲ့ ေမတၱာနဲ႔
ေက်းဇူးျပဳႏိုင္မွအရံႈးမရိွတဲ့ အျမတ္ရမွာပါ။

” ေက်းဇူး” တင္ခံခ်င္ရံု” ေက်းဇူး” သိတတ္ေစခ်င္ရံု
” ေက်းဇူး” ျပန္ဆပ္ေစလိုရံု သက္သက္နဲ႔
ေက်းဇူးမျပဳလိုက္ပါနဲ႔။

” ေက်းဆူး” ” ေက်း႐ူး” ” ေက်းမူး”
ျဖစ္သြားႏိုင္သလိုေစတနာကေန ေဝဒနာျဖစ္
ျဖဴစင္ရာကေန မဲမဲညစ္ညစ္
အေရာင္ေျပာင္းသြားပါလိမ့္မယ္။
ေက်းဇူးတရားနဲ႔တဖက္သားကို ေက်းမစြပ္လိုက္ပါနဲ႔။
ေက်းဇူးတရားနဲ႔တဖက္သားကို အႏိုင္မက်င့္လိုက္ပါနဲ႔။
ေက်းဇူးလည္း မကန္းပါေစနဲ႔။
ေက်းဇူးလည္း မရမ္းပါေစနဲ႔။
ေက်းဇူးလည္း မၾကမ္းပါေစနဲ႔။

(12-12-2017)

ဦးပညာသာရ
သာသနာ့ဓဇဓမၼာစရိယ
M.A-သီရိလကၤာ
ျဖဴးေရႊက်င္ေတာင္
စာသင္တိုက္-စာခ်နာယက

Unicode Version >>>
” ကျေးဇူးရှိတယ်၊
ကျေးဇူးရှိတယ်” ဆိုပြီး
ကျေးဇူးတရားနဲ့ တဖက်သားကို
အနိုင်မကျင့်လိုက်ပါနဲ့။
ကျေးဇူးတရားဆိုတာ
အနိုင်ကျင့်ဖို့ မဟုတ်ပါဘူး။
အနိုင်ကျင့်မိခဲ့ရင်
”ကျေးဇူး” မဟုတ်ဘဲ
” ကျေးရူး” ဖြစ်သွားပါလိမ့်မယ်။
” ကျေဇူးမသိတတ်ဘူး၊
ကျေးဇူးမသိတတ်ဘူး” ဆိုပြီး
မကျေမနပ်မဖြစ်လိုက်ပါနဲ့။
မသိတတ်သူ၊
မသိချင်ယောင်ဆောင်သူက
ဘယ်တော့မှ သိတတ်လာမှာ မဟုတ်ပါဘူး
မကျေမနပ်ဖြစ်နေရင်
” ကျေးဇူး” မဟုတ်ဘဲ
” ကျေးဆူး” ဖြစ်သွားပါလိမ့်မယ်။
” ကျေးဇူးမဆပ်ဘူး၊
ကျေးဇူးမဆပ်ဘူး” ဆိုပြီး
ကဲ့ရဲ့ပြစ်တင် အပြစ်မမြင်လိုက်ပါနဲ့။
ကျေးဇူးဆပ်လိုသူက
ဘယ်နည်းနဲ့ဖြစ်ဖြစ် ဆပ်နိုင်အောင်
ကြိုးစားနေပေမယ့်
ပြန်မဆပ်လိုသူက
ဘယ်တော့မှ ပြန်ဆပ်မှာ မဟုတ်ပါဘူး။
ကဲ့ရဲ့ပြစ်တင် အပြစ်မြင်နေမယ်ဆိုရင်
” ကျေးဇူး” မဟုတ်တော့ဘဲ
” ကျေးမူး” ဖြစ်သွားပါလိမ့်မယ်။
ကူညီလိုတဲ့ စေတနာ၊
အဆင်ပြေစေလိုတဲ့ မေတ္တာနဲ့
ကျေးဇူးပြုနိုင်မှ
အရှုံးမရှိတဲ့ အမြတ်ရမှာပါ။
” ကျေးဇူး” တင်ခံချင်ရုံ
” ကျေးဇူး” သိတတ်စေချင်ရုံ
” ကျေးဇူး” ပြန်ဆပ်စေလိုရုံ သက်သက်နဲ့
ကျေးဇူးမပြုလိုက်ပါနဲ့။
” ကျေးဆူး” ” ကျေးရူး” ” ကျေးမူး”
ဖြစ်သွားနိုင်သလို
စေတနာကနေ ဝေဒနာဖြစ်
ဖြူစင်ရာကနေ မဲမဲညစ်ညစ်
အရောင်ပြောင်းသွားပါလိမ့်မယ်။
ကျေးဇူးတရားနဲ့
တဖက်သားကို ကျေးမစွပ်လိုက်ပါနဲ့။
ကျေးဇူးတရားနဲ့
တဖက်သားကို အနိုင်မကျင့်လိုက်ပါနဲ့။
ကျေးဇူးလည်း မကန်းပါစေနဲ့။
ကျေးဇူးလည်း မရမ်းပါစေနဲ့။
ကျေးဇူးလည်း မကြမ်းပါစေနဲ့။
(12-12-2017)
ဦးပညာသာရ
သာသနာ့ဓဇဓမ္မာစရိယ
M.A-သီရိလင်္ကာ
ဖြူးရွှေကျင်တောင်
စာသင်တိုက်-စာချနာယက

No comments:

Post a Comment