CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 9, 2019
ခရုကြောင့်ဆိုရင် ဖမ်းပေါ့ ။အဲဒီခရုက နိုင်ငံခြားမှာလည်း ဈေးကောင်းရသတဲ့ (မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ)
မွန်ဝန်ကြီးချုပ်က
စပါးဖျက်တဲ့ ခရုကို သိပုံမရဘူး
လယ်သမားက တင်ပြတယ်
စပါးဖျက်တဲ့ခရုကြောင့် ဒုက္ခရောက်နေရတဲ့အကြောင်း
ပေါ့ပျက်ပျက်နဲ့ ခရုကြောင့်ဆိုရင် ဖမ်းပေါ့ တဲ့
အဲဒီခရုက နိုင်ငံခြားမှာလည်း ဈေးကောင်းရသတဲ့
ချက်စားခိုင်းသေးတာ
သူက အမယ်လေးဗျာ
ဘယ်လောက်ပေါလိုက်တဲ့အဖြေလဲကွာ
အားကိုးချင်စရာအပြည့်ပါဘဲ
အဲဒီခရုက စားမရပါဘူး ဝန်ကြီးရယ်
စပါးဖျက်တဲ့ခရုကို သိပံ္ပနည်းကျ နာမည်တွေဘာတွေတော့
မသိဘူး ဗဟုသုတတော့ရှိတယ်။
အဲဒီခရုက လိုက်ကောက်လို့ရတဲ့ ခရုမဟုတ်ဘူး
လယ်ကွက်တစ်ကွက်ကို ထောင်နဲ့သောင်းနဲ့ချီဝင်တာ
မွန်ပြည်နယ်က လယ်ကွက်တစ်ကွက်ကို
အကွက်ကြီးရင် ဧကနဲ့ချီရှိတယ်။
အဲဒီခရုက
စပါးတစ်ခင်းကို ဖျက်ဖို့အတွက် အချိန်သိပ်မယူရဘူး
ခရုထိတဲ့ လယ်သမားကတော့ မျက်ရည်နဲ့ မျက်ခွက်ဘဲ
ဒေါက်တာအေးဇံတို့ကတော့ ဩချလောက်ပါပေတယ်
တောင်သူတွေက သောကတွေနဲ့ သူက ပေါ့ပျက်ပျက်နဲ့
ခရုတွေ ဆင်းဖမ်းပေါ့ တဲ့ မနိုင်ရင် အိမ်က မိန်းမတွေ သားသမီးတွေ
ဆွေမျိုးတွေပါခေါ်ဖမ်းဆိုဘဲ....
ဝန်ကြီးချုပ် မူးမနေဘူးလို့ဘဲ မျှော်လင့်ပါတယ် ။
#amk
ရွှေခရုလို့ခေါ်ပါတယ်။ ပန်းရောင်ဥတွေအုပါတယ်။ ဥတစ်မြုံကနေ ခရုခြောက်ရာဝန်းကျင်ပေါက်ပါတယ်။ ဥကနေ အကောင်မပေါက်ခင် ဥမြုံများကို ကောက်ယူဖျက်ဆီးပစ်ရပါမယ်။ မိမိလယ်တွင် ဝါးခြမ်းငုတ်များစိုက်ထားပါ။ ရွှေခရုဟာ အဲဒီတိုင်အမာများတွင် ရွှေခရုများ တွယ်ကပ်၍ ပန်းရောင်ဥများ အုကြပါတယ်။ အဲဒါတွေကို ကောက်ယူဖျက်ဆီးပစ်ရပါမယ်။ ဝန်ကြီးချုပ်အနေနဲ့ သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနဝန်ထမ်းများနဲ့ ဆက်သွယ်ဖြေရှင်းပေးသင့်ပါတယ်။
ခရုကြောင့်ဆိုရင် ဖမ်းပေါ့ ။အဲဒီခရုက နိုင်ငံခြားမှာလည်း ဈေးကောင်းရသတဲ့ (မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 09, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 09, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment