Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 23, 2019

မိန်းကလေးများကို ဆေးခတ်မုဒိန်းကျင့်ပြီး ဓါတ်ပုံရိုက်ကာ ဆက်လက် ခြိမ်းခြောက် ကာမရယူနေသော လူယုတ်မာ ပခုက္ကူအချုပ်သို့ ရောက်သွားသည့် သတင်း








Maung Maung
#Unicode Version#
ပခုက္ကူမြို့ ပရဟိတ္တလုပ်ငန်း၌ အလွန်အင်မတန်မှ နာမည်ကြီးနေသော အင်္ဂလိပ်စာပြ ကျောင်းဆရာ မျိုးဇော်ထွေးသည် ကလေးသူငယ်များကို ပရဟိတ္တကျောင်းဖွင့်ကာ စာသင်ပေးနေသူဖြစ်သည်။

မြို့နယ်၏ အလွန်အင်မတန်အားကိုး အားထားရပါသော မျိုးဇော်ထွေးဆိုသည့် အိမ်ထောင်ကွဲ ကလေးတစ်ယောက်အဖေ လူယုတ်မာ တဏှာရူးသည် facebook မိမိပတ်ဝန်းကျင်နှင့် မိမိနှင့်နီးစပ်ရာ အပျိုအရွယ်မိန်းကလေးများ မလည်မဝယ် တောသူမလေးများကို တမင်ရွေးချယ် ရင်းနှီးအောင်ပြုပြီး မိတ်ဆွေအဖြစ် တွေ့ဆုံစဉ် အိပ်ဆေး သို့မဟုတ် စိတ်ကြွဆေးတစ်ချို့သုံးကာ ကာမကိုရယူသူ မုဒိန်းသမားတစ်ဦးဖြစ်သည်။

ဆေးအရှိန်ကြောင့် အသိလွတ် မေ့မျောသူမိန်းကလေးများနှင့် ကာမဆက်ဆံခဲ့စဉ်က ရိုက်ယူထားသောဓါတ်ပုံများဖြင့် ဆက်လက် ခြိမ်ခြောက်ကာ တဏှာနွံအတွင်း ရုန်းထွက်ခွင့်မပေးဘဲ အကြိမ်ကြိမ် မုဒိန်းကျင့် ယုတ်မာ ရက်စက်ခဲ့သူဖြစ်သည်။

နောက်ဆုံး သူ့အကြောင်းဖေါ်မယ်လုပ်တဲ့ ကလေးမလေးတွေကို ပါးနားလှိမ့်ရိုက်ပြီး ဓါးကြိမ်း ကြိမ်းခဲ့တယ်။ နောက်ဆုံး ကောက်ရိုးတစ်စ အနေနဲ့ ညီမငယ်တစ်ယောက်က ကျွန်မကို ဆက်သွယ်လို့ရခဲ့တယ်။

သူလက်ရှိတွဲနေတဲ့ သူဖျက်ဆီးလက်စ ကလေးမလေးတွေ အမလက်ထဲမှာ သက်သေအနေနဲ့ ၆ ဦး ရှိပါတယ်။ အရင်တုန်းက ဒီလူ ဘယ်ရွေ့ဘယ်မျှ မိန်းမပျိုလေးတွေကို ဖျက်ဆီးခဲ့မှန်း မသိခဲ့ဘူး။

အမကိုဆက်သွယ် ဖေါ်ကောင်လုပ်တဲ့ ညီမငယ်လေးကို တားဆေးဝယ်တိုက်မယ်ဆိုပြီး ဧပြီ ၂၁ရက် ဒီနေ့ အိမ်တစ်လုံးမှာချုပ်လို့ မုဒိန်းကျင့်ခဲ့တာကို သက်သေအစုံအလင်နဲ့ ဖမ်းဆီး အမှု့ဖွင့်နိုင်ခဲ့ပါပြီ”

အစော်ကားခံ ညီမလေးကို အကာအကွယ်ပေးပါ့မယ်ဆိုတဲ့ ကျွန်မကတိအတိုင်း အဲ့ကလေးမကို အမှောင်တောက ကယ်ထုတ်နိုင်ခဲ့ပါပြီ” ဟု ကူညီဆောင်ရွက်ပေးသူ ဒေါ်ခင်လင်းလင်းဖြူက ပြောကြားခဲ့သည်။
Maung Maung

No comments:

Post a Comment