Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 16, 2019

“အားျဖည့္အခ်ိဳရည္ေသာက္သံုးျခင္းေၾကာင့္…. ေလျဖတ္ႏုိင္ေခ် ၅ ဆ အထိ တုိးလာႏုိင္”


၂၀၁၇ ႏွစ္ အတြင္း ျဗိတိန္ႏုိင္ငံသားေတြ ေသာက္သံုးခဲ့တဲ့ အားျဖည့္အခ်ိဳရည္စုစုေပါင္း ၆၇၉ မီလ်ံ လီတာရွိပါတယ္။ အားျဖည့္အခ်ိဳေတြ ပံုမွန္ေသာက္သံုးတဲ့သူေတြဟာ သာမန္လူေတြထက္ ေလျဖတ္ႏုိင္ေခ် ၅ ဆတိုးလာႏုိင္ေၾကာင္းသုေတသီေတြက သတိေပးခ်က္ထုတ္ျပန္လိုက္ပါျပီ ။ အားျဖည့္အခ်ိဳရည္ေတြဟာ Arrhythmia လုိ႕ေခၚတဲ့ ႏွလံုးခုန္မူမမွန္ျခင္းကို ျဖစ္ေစႏုိင္တဲ့အတြက္ ေလျဖတ္ႏုိင္ေခ်တုိးလာရတာပဲျဖစ္ပါတယ္။

“အားျဖည့္ အခ်ိဳရည္မွာ ပါဝင္တဲ့ ကဖင္းဓါတ္ေတြဟာ ႏွလံုးခုန္ျခင္းကုိမူမမွန္ျဖစ္ေစပါတယ္။တစ္ေန႕ကုိ ေကာ္ဖီ ေျခာက္ခြက္ ခုႏွစ္ခြက္ေသာက္မယ္ဆုိရင္လည္း ႏွလံုးခုန္မူမွန္ျဖစ္ေစႏိုင္တယ္ဆုိေပမယ့္ အားျဖည့္အခ်ိဳရည္ေတြရဲ႕ သက္ေရာက္မႈက ေကာ္ဖီထက္ကို အမ်ားၾကီးပိုျပင္းထန္ပါတယ္” လုိ႕ The Arrhythmia Allicance ရဲ႕တည္ေထာင္သူ CEO Trudie Lobban က ေျပာထားပါတယ္။

ေဆာက္လုပ္ေရးမန္ေနဂ်ာတစ္ေယာက္ျဖစ္တဲ့အသက္ ၅၂ ႏွစ္အရြယ္ Mark Horsman ဟာဆိုရင္ တစ္ေန႕ကို ေကာ္ဖီ ၈ ခြက္နဲ႕ Red Bull ၃ ဘူးေသာက္သံုးခဲ့တာေၾကာင့္ ႏွလံုးေဖာက္ျပန္တဲ့ေဝဒနာခံစားခဲ့ရျပီး ေသလုနီးပါးျဖစ္သြားခဲ့ရဖူးပါတယ္။ အားျဖည့္အခ်ိဳရည္ ၂၅၀ မီလီလီတာတုိင္းမွာ ကဖင္းဓါတ္ ၂၀ မီလီဂရမ္ပါဝင္ေနေလ့ရွိတဲ့အတြက္ သာမန္ကိုလာဘူးေတြမွာပါဝင္တဲ့ ကဖင္းဓါတ္ထက္ ၂ ဆပိုမ်ားေနျပီး Espresso ၆၀ မီလီမီတာမွာပါရွိတဲ့ ကဖင္းဓါတ္နဲ႕တူညီတဲ့ပမာဏျဖစ္ေနပါတယ္။

British Hearth Foundation မွ စီနီယာႏွလံုးအထူးကု နာ့စ္မတစ္ေယာက္ျဖစ္တဲ့ Julie Ward ကေတာ့ သင့္တင့္မွ်တတဲ့ပမာဏတစ္ခုအတုိင္းေသာက္သံုးမယ္ဆုိရင္ေတာ့ခႏၶာကုိယ္ကုိ ထိခိုက္ႏုိင္မွာမဟုတ္ေၾကာင္း ရွင္းျပထားပါတယ္။ဒါေပမယ့္ တကယ္လုိ႕ ေကာ္ဖီ သို႕မဟုတ္ အားျဖည့္အခ်ိဳရည္ ေသာက္ျပီးေနာက္ ႏွလံုးခုန္မမူမွန္တာမ်ိဳးခံစားရရင္ေတာ့ ဒါေတြကိုလံုးဝဆက္မေသာက္သင့္ပါဘူး လုိ႕ သတိေပးေျပာၾကားခဲ့ပါတယ္။

Writer – Min Thu (Daily Hot News )

Unicode Version

၂၀၁၇ နှစ် အတွင်း ဗြိတိန်နိုင်ငံသားတွေ သောက်သုံးခဲ့တဲ့ အားဖြည့်အချိုရည်စုစုပေါင်း ၆၇၉ မီလျံ လီတာရှိပါတယ်။ အားဖြည့်အချိုတွေ ပုံမှန်သောက်သုံးတဲ့သူတွေဟာ သာမန်လူတွေထက် လေဖြတ်နိုင်ချေ ၅ ဆတိုးလာနိုင်ကြောင်းသုတေသီတွေက သတိပေးချက်ထုတ်ပြန်လိုက်ပါပြီ ။ အားဖြည့်အချိုရည်တွေဟာ Arrhythmia လို့ခေါ်တဲ့ နှလုံးခုန်မူမမှန်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် လေဖြတ်နိုင်ချေတိုးလာရတာပဲဖြစ်ပါတယ်။



“အားဖြည့် အချိုရည်မှာ ပါဝင်တဲ့ ကဖင်းဓါတ်တွေဟာ နှလုံးခုန်ခြင်းကိုမူမမှန်ဖြစ်စေပါတယ်။တစ်နေ့ကို ကော်ဖီ ခြောက်ခွက် ခုနှစ်ခွက်သောက်မယ်ဆိုရင်လည်း နှလုံးခုန်မူမှန်ဖြစ်စေနိုင်တယ်ဆိုပေမယ့် အားဖြည့်အချိုရည်တွေရဲ့ သက်ရောက်မှုက ကော်ဖီထက်ကို အများကြီးပိုပြင်းထန်ပါတယ်” လို့ The Arrhythmia Allicance ရဲ့တည်ထောင်သူ CEO Trudie Lobban က ပြောထားပါတယ်။

ဆောက်လုပ်ရေးမန်နေဂျာတစ်ယောက်ဖြစ်တဲ့အသက် ၅၂ နှစ်အရွယ် Mark Horsman ဟာဆိုရင် တစ်နေ့ကို ကော်ဖီ ၈ ခွက်နဲ့ Red Bull ၃ ဘူးသောက်သုံးခဲ့တာကြောင့် နှလုံးဖောက်ပြန်တဲ့ဝေဒနာခံစားခဲ့ရပြီး သေလုနီးပါးဖြစ်သွားခဲ့ရဖူးပါတယ်။ အားဖြည့်အချိုရည် ၂၅၀ မီလီလီတာတိုင်းမှာ ကဖင်းဓါတ် ၂၀ မီလီဂရမ်ပါဝင်နေလေ့ရှိတဲ့အတွက် သာမန်ကိုလာဘူးတွေမှာပါဝင်တဲ့ ကဖင်းဓါတ်ထက် ၂ ဆပိုများနေပြီး Espresso ၆၀ မီလီမီတာမှာပါရှိတဲ့ ကဖင်းဓါတ်နဲ့တူညီတဲ့ပမာဏဖြစ်နေပါတယ်။



British Hearth Foundation မှ စီနီယာနှလုံးအထူးကု နာ့စ်မတစ်ယောက်ဖြစ်တဲ့ Julie Ward ကတော့ သင့်တင့်မျှတတဲ့ပမာဏတစ်ခုအတိုင်းသောက်သုံးမယ်ဆိုရင်တော့ခန္ဓာကိုယ်ကို ထိခိုက်နိုင်မှာမဟုတ်ကြောင်း ရှင်းပြထားပါတယ်။ဒါပေမယ့် တကယ်လို့ ကော်ဖီ သို့မဟုတ် အားဖြည့်အချိုရည် သောက်ပြီးနောက် နှလုံးခုန်မမူမှန်တာမျိုးခံစားရရင်တော့ ဒါတွေကိုလုံးဝဆက်မသောက်သင့်ပါဘူး လို့ သတိပေးပြောကြားခဲ့ပါတယ်။

Writer – Min Thu (Daily Hot News )

No comments:

Post a Comment