Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 16, 2019

ယနေ့ည အင်္ဂါ သားသမီး များ အချိန်မှီ ပြုလုပ်နိုင်ပါရန်


👉ဒီနှစ် အတက်နေ့က အင်္ဂါနေ့ဖြစ်လို့အင်္ဂါ သားသမီးတွေ က အတာစားပါတယ်တဲ့။
အတာစားတဲ့ သူများဟာ အတာရက်မှာ ကောင်းမှုကုသိုလ် များ လုပ်သင့်ပါသည် 👈။
မလုပ်မိလျှင် တစ်နှစ်လုံး အလုပ်အကိုင်
စီးပွားရေးကံ ညံ့တတ်ပြီး
ကုသိုလ် ယတြာလုပ်ရင် တစ်နှစ်လုံး သူများထက်ပိုပြီး ကောင်းကျိုးရတတ်ပါတယ် လို့ စာဆို ရှိပါသည်။ ( ဗေဒင် သင်္ကြန် အယူအဆ တစ်ခုဖြစ်ပါသည်။)👌

👉အတာစားသော အချိန်ကာလဖြစ်သော် 16-4-2019 ည 9 နာရီ 26 မိနစ်
23 စက္ကန့်တွင် ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ
ဘုရား၊ တရား၊ သံဃာ၊ ဆရာသမား၊ မိဘ၊ ဘိုးဘွား သိကြား၊ ဗြဟ္မာ၊ စတုလောက ပါလ သမ္မာဒေဝ၊ သာသနာတော်စောင့် နတ်ကောင်း
နတ်မြတ် တို့အား ရှိခိုးတိုင်ကြား ပူဇော်ပြီး ဆုမွန်ကောင်း တောင်းပါ။🧘‍♀👌

👉ပြီးလျှင် ရေတော် ၄ ခွက် ၊ အလင်းတိုင် တစ်တိုင် ၊ အမွေးတိုင် ၇ တိုင် ၊ ပူဇော်ပြီး
၂၄ ပစ္စည်းကို ၂၄ ခေါက် ရွတ်ပေးပါ။
တတ်နိုင်လျှင် ပဌာန်းအကျယ်ကို ရွတ်ပေးပါ။👌🧘‍♀

🧘‍♀၂၄ ပစ္စည်း ပဌာန်း မရွတ်ခင်
မေတ္တာသုတ်ကို ၃ ခေါက် ၇ွတ်ဆိုပေးပါ။
ပြီးလျှင် အားလုံး မေတ္တာပို့ အမျှအတမ်းပေးဝေပါ။

ကျွန်ုပ်ပို့သသော အမျှရကြပြီး မေတ္တာရကြပြီး
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ
ချမ်းသာ ကြပါစေ
လို့ ၃ ခွန်း ပြောဆိုပါလေ။🧘‍♀

💪ဤအတိုင်းပြုလုပ်ပါက 2019
( ၁၃၈၁ ) ခုနှစ် တစ်နှစ်တာလုံး လုပ်ငန်းဆောင်တာများ အဆင်ပြေအောင်မြင်ပြီး စီးပွား လာဘ်လာဘ များ တိုးတက်လာသည်ကို ကိုယ်တိုင်ကြုံ တွေ့ ရပါလိမ့်မည် ။👌
ဆရာစံဇာဏီဘို 🙅‍♀

No comments:

Post a Comment