Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 1, 2019

ဘက်​မတူလည်း လူမ​ရွေးပါ


ဂုဏ်​ပြုသ​ယောင်​နဲ့ စင်​​ပေါ်တက်​လာပြီး
ဟဲဖီးဝိတ်​တန်းချန်​ပီယံက မစ်​ဒယ်​ဝိတ်​တန်းချန်​ပီယံကို
ခပ်​​ပြောင်​​ပြောင်​ပဲ စိန်​​ခေါ်သွားတယ်​။

သူစိန်​​ခေါ်တဲ့
လိုက်​ဟဲဖီးဝိတ်​တန်း ချန်​ပီယံခါးပတ်​ဆိုတာကလည်း
အောင်​လ တစ်​ပွဲသာထိုးပြီးရထားတဲ့ ခါးပတ်​.
ပြောရရင်​ လိုက်​ဟဲဖီးဝိတ်​တန်းမှာ ယ​နေ့အချိန်​ထိ
အောင်​လအတွက်​ ပွဲအ​တွေ့အကြုံမရှိ​သေးဘူးလို့ ဆိုရမယ်​။

ဒီ​တော့ အရှင်းဆုံး​ပြောရရင်​.
ဟဲဖီးဝိတ်​တန်းနဲ့ မစ်​ဒယ်​ဝိတ်​တန်းဆိုတာ
အထက်​နဲ့​အောက်​ ကပ်​ရပ်​မဟုတ်
ကြားထဲမှာ လိုက်​ဟဲဖီးဝိတ်​တန်းရှိ​သေးတယ်​။

ဆို​တော့ ....
အခုဟဲဖီးဝိတ်​တန်းချန်​ပီယံကြီးက
သူ့​အောက်​ တစ်​ဆင့်​​ကျော်​ခွဆင်းပြီး
မစ်​ဒယ်​ဝိတ်​တန်းချန်​ပီယံ​လေးကို
စိန်​​ခေါ်တာ​ပေါ့​ ဏော်​.

ခင်​ဗျားဘာသာ ဘာကြီးဖြစ်​​နေ​နေ
အောင်​လက​တော့ သူတစ်​ပွဲသာ
အ​တွေ့အကြုံရှိထားတဲ့
လိုက်​ဟဲဖီးဝိတ်​ချန်​ပီယံခါးပတ်​ကို
ကာကွယ်​ဖို့ စိန်​​ခေါ်မှုကို
မဆိုင်းမတွလက်​ခံပြီးပြီ။

ခုညထိုးသွားတဲ့
မစ်​ဒယ်​ဝိတ်​တန်းချန်​ပီယံကာကွယ်​ပွဲ မတိုင်​ခင်
အရင်​ကတည်းက ​အောင်​လ​ပြောထားတဲ့
စကားရှိတယ်​။ သူအ​နေနဲ့မစ်​ဒယ်​ဝိတ်​တန်း​ကော
လိုက်​ဟဲဖီးဝိတ်​တန်း​ကော နှစ်​ခုလုံးကို
ချန်​ပီယံကာကွယ်​ဖို့ခက်​ခဲပါတယ်​တဲ့

ဒီ​တော့ ..... သူ့အ​နေအထားနဲ့သင့်​​တော်​တဲ့
မစ်​ဒယ်​ဝိတ်​တန်းဘက်​မှာသာ ပိုအာရုံစိုက်​ကစား​တော့မှာ
ဖြစ်​တဲ့အတွက်​ လိုက်​ဟဲဖီးဝိတ်
ချန်​ပီယံခါးပတ်​အတွက်​ စိန်​​ခေါ်သူရှိရင်
လက်​ခံထိုး​ပေးမယ်
ရှုံးရှုံးနိုင်​နိုင်​ လိုက်​ဟဲဖီးဝိတ်
ချန်​ပီယံခါးပတ်​ကို စွန့်​လွှတ်​မယ်​လို့ဆိုထားတယ်​။

အခု ​....
အောင်​လလက်​ခံလိုက်​တဲ့
လိုက်​ဟဲဖီးဝိတ်​ချန်​ပီယံကာကွယ်​ပွဲမှာ 
အောင်​လအတွက်​ ရှုံးလည်းဂုဏ်​ရှိတယ်​။
နိုင်​​တော့ ပိုဂုဏ်​တက်​မယ်​။

အဲ! တစ်​ဆင့်​​ကျော်​ခွဆင်းထိုးမယ့်
ဟိုဟဲဖီးဝိတ်​တန်းချန်​ပီယံပုဂ္ဂိုလ်​ကြီးက​တော့ ရှုံးသွားရင်​ .....
အရှက်​ကို ဗြန်းဗြန်းကွဲမှာ​ပေါ့ နော်။
အညာသားစွယ်စုံကျမ်း
ပခုက္ကူ

No comments:

Post a Comment