Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 1, 2019

ကေလးငယ္ေတြကုိ ပစ္မွတ္ထားတဲ့ လိc္မုဆုိးေတြ က်က္စားရာေနရာတစ္ခုျဖစ္လာတဲ့ TikTok


ဗီဒီယိုအပိုင္းအစေလးေတြ ေဝမွ်တဲ့ app တစ္ခုုျဖစ္တဲ့ TikTok ဟာ အခုဆုိရင္ေတာ့ အသက္မျပည့္ေသးတဲ့ လူငယ္ေတြထံမွအခ်က္အလက္ရယူမႈနဲ႕တရားစြဲခံေနရပါျပီ ။ TikTok ရဲ႕ ဗီဒီယိုဖန္တီးမႈ စတုိင္ နဲ႕ စတစ္ကာေတြဟာ အျခားေဆာ့ဝဲေတြထက္ သာလြန္ေနတာေၾကာင့္ ၂၀၁၈ ခုႏွစ္မွာ Instagram နဲ႕ Snapchat ကုိေက်ာ္လြန္ျပီး လူအမ်ားဆံုးေဒါင္းလုဒ္ဆြဲၾကတဲ့ app တစ္ခုအျဖစ္ မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္ ။

ကနဦးမွာ Musical.ly လုိ႕နာမည္ေပးထားတဲ့ TikTok app ကုိ သံုးစြဲသန္ ၁ ဘီလ်ံနီးပါးရွိလာျပီျဖစ္ျပီး ဒီသံုးစြဲသူေတြထဲမွာ အရြယ္မေရာက္ေသးတဲ့ကေလးေတြလည္း ပါဝင္ေနတယ္လုိ႕သိရပါတယ္ ။ US Federal Trade Commission (FTC) ဟာ TikTok App ကုိစစ္ေဆးျပီးတဲ့အခါမွာ အရြယ္မေရာက္ေသးတဲ့ကေလးေတြဆီက အခ်က္အလက္ေတြကုိ တရားမဝင္နည္းနဲ႕ ရယူေနတယ္လုိ႕ ထုတ္ျပန္ေၾကျငာထားပါတယ္ ။

ကေလးေတြရဲ႕အခ်က္အလက္ကုိ တရားမဝင္ရယူေနတဲ့အတြက္ အေမရိကန္ႏုိင္ငံရဲ႕အျမင့္ဆံုး ဒဏ္ေၾကးေငြ အေမရိကန္ေဒၚလာ ၅.၇ သန္းေပးေဆာင္ရမွာျဖစ္ပါတယ္ ။ထုိ႕အျပင္ အသက္ ၁၃ ႏွစ္ေအာက္ကေလးေတြ တင္ထားတဲ့ အခ်က္အလက္အားလံုးကုိလည္း ဖ်က္သိမ္းေပးရမွာျဖစ္ပါတယ္ ။ေနာက္ပုိင္းမွာ အသက္ ၁၃ ႏွစ္ေအာက္ TikTok သံုးစြဲသူကေလးသူငယ္ေတြဟာ ပုိအႏၱရာယ္ကင္းျပီး ေဘးကင္းလံုျခံဳတဲ့ အျခား App တစ္ခုကိုေျပာင္းလဲသံုးစြဲသြားရမွာပဲျဖစ္ပါတယ္ ။

“ကြ်န္ေတာ္တုိ႕ ကေလးေတြရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကုိ တကယ္ဂရုစိုက္ပါတယ္ ။လက္ရွိအေျခအေနမွာလည္း ကြ်န္ေတာ္တုိ႕ ဒီအခ်က္ကုိစီစဥ္ေနဆဲျဖစ္ျပီး အနာဂတ္မွာ ပိုေဘးကင္းလံုျခံဳေအာင္လုပ္ေဆာင္သြားမွာပါ” လုိ႕ ကုမၸဏီက ေျဖၾကားခဲ့ပါတယ္ ။မၾကာေသးခင္အခ်ိန္တုန္းကလည္း ဒီ App ဟာ အြန္လုိင္းေပၚက လိင္မုဆိုးေတြဟာ ကေလးေတြကို လိင္မႈကိစၥစိတ္ဝင္စားေအာင္ တြန္းအားေပးေနတဲ့အေၾကာင္း ကေလးသူငယ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ Barnardo မွ တိုင္ၾကားခဲ့ပါေသးတယ္။

ျဗိတိန္မွေက်ာင္းသားတစ္ခ်ိဳ႕ကလည္း ဒီ App နဲ႕ပတ္သတ္တဲ့ျပႆနာေတြကုိ သူတုိ႕မိဘေတြဆီတုိင္ၾကားခဲ့ၾကျပီး အခ်ိဳ႕လူေတြကလည္း ဒီ App ကုိအသံုးျပဳျပီးေတာ့ ဆယ္ေက်ာ္သက္ေကာင္မေလးေတြကို ေနာက္ေယာင္ခံလုိက္ေလ့ရွိၾကတယ္လုိ႕ သိရပါတယ္ ။”ကေလးေတြဟာ ကိုယ့္အခန္းထဲမွာရိုက္ထားတဲ့ဗီဒီယိုေတြကုိ အြန္လုိင္းေပၚမွာ အထိန္းအကြပ္မရွိ ေဝမွ်ေနၾကတယ္ ။ ကေလးေတြဘယ္လိုနည္းပညာေတြကုိအသံုးျပဳေနသလဲ ၊ သူတုိ႕ကုိဘယ္လုိကုိင္တြယ္ရမလဲဆုိတာကို မိဘေတြသိနားလည္ဖုိ႕အလြန္အေရးၾကီးပါတယ္ ။

အြန္လိုင္းေပၚမွတစ္ဆင့္ကေလးေတြကုိ ထိခိုက္ေစမယ့္အျပဳအမူေတြလုပ္ေဆာင္ေနတဲ့ ကုမၸဏီေတြကိုလည္းကြ်န္ေတာ္တုိ႕ သတိေပးတားျမစ္ေနပါတယ္” လုိ႕ Barnardo ရဲ႕ CEO Javed Khan က ေျပာၾကားခဲ့ပါတယ္ ။သင့္ရဲ႕ကေလးေရာ TikTok ကုိအသံုးျပဳျပီးေတာ့ ဗီဒီယိုေလးေတြကုိ အြန္လုိင္းေပၚမွာ ေဝမွ်ေနတတ္လား ။ ဒါဆုိရင္ေတာ့ သင့္ကေလးကုိ အနည္းငယ္ သတိေပးထားဖုိ႕လိုအပ္ပါျပီ ။
Min Thu (Daily Hot News )
#Unicode Versin#
ဗီဒီယိုအပိုင်းအစလေးတွေ ဝေမျှတဲ့ app တစ်ခုဖြစ်တဲ့ TikTok ဟာ အခုဆိုရင်တော့ အသက်မပြည့်သေးတဲ့ လူငယ်တွေထံမှအချက်အလက်ရယူမှုနဲ့တရားစွဲခံနေရပါပြီ ။ TikTok ရဲ့ ဗီဒီယိုဖန်တီးမှု စတိုင် နဲ့ စတစ်ကာတွေဟာ အခြားဆော့ဝဲတွေထက် သာလွန်နေတာကြောင့် ၂၀၁၈ ခုနှစ်မှာ Instagram နဲ့ Snapchat ကိုကျော်လွန်ပြီး လူအများဆုံးဒေါင်းလုဒ်ဆွဲကြတဲ့ app တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

ကနဦးမှာ Musical.ly လို့နာမည်ပေးထားတဲ့ TikTok app ကို သုံးစွဲသန် ၁ ဘီလျံနီးပါးရှိလာပြီဖြစ်ပြီး ဒီသုံးစွဲသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ကလေးတွေလည်း ပါဝင်နေတယ်လို့သိရပါတယ် ။ US Federal Trade Commission (FTC) ဟာ TikTok App ကိုစစ်ဆေးပြီးတဲ့အခါမှာ အရွယ်မရောက်သေးတဲ့ကလေးတွေဆီက အချက်အလက်တွေကို တရားမဝင်နည်းနဲ့ ရယူနေတယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ် ။

ကလေးတွေရဲ့အချက်အလက်ကို တရားမဝင်ရယူနေတဲ့အတွက် အမေရိကန်နိုင်ငံရဲ့အမြင့်ဆုံး ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၅.၇ သန်းပေးဆောင်ရမှာဖြစ်ပါတယ် ။ထို့အပြင် အသက် ၁၃ နှစ်အောက်ကလေးတွေ တင်ထားတဲ့ အချက်အလက်အားလုံးကိုလည်း ဖျက်သိမ်းပေးရမှာဖြစ်ပါတယ် ။နောက်ပိုင်းမှာ အသက် ၁၃ နှစ်အောက် TikTok သုံးစွဲသူကလေးသူငယ်တွေဟာ ပိုအန္တရာယ်ကင်းပြီး ဘေးကင်းလုံခြုံတဲ့ အခြား App တစ်ခုကိုပြောင်းလဲသုံးစွဲသွားရမှာပဲဖြစ်ပါတယ် ။

“ကျွန်တော်တို့ ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တကယ်ဂရုစိုက်ပါတယ် ။လက်ရှိအခြေအနေမှာလည်း ကျွန်တော်တို့ ဒီအချက်ကိုစီစဉ်နေဆဲဖြစ်ပြီး အနာဂတ်မှာ ပိုဘေးကင်းလုံခြုံအောင်လုပ်ဆောင်သွားမှာပါ” လို့ ကုမ္ပဏီက ဖြေကြားခဲ့ပါတယ် ။မကြာသေးခင်အချိန်တုန်းကလည်း ဒီ App ဟာ အွန်လိုင်းပေါ်က လိင်မုဆိုးတွေဟာ ကလေးတွေကို လိင်မှုကိစ္စစိတ်ဝင်စားအောင် တွန်းအားပေးနေတဲ့အကြောင်း ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Barnardo မှ တိုင်ကြားခဲ့ပါသေးတယ်။

ဗြိတိန်မှကျောင်းသားတစ်ချို့ကလည်း ဒီ App နဲ့ပတ်သတ်တဲ့ပြဿနာတွေကို သူတို့မိဘတွေဆီတိုင်ကြားခဲ့ကြပြီး အချို့လူတွေကလည်း ဒီ App ကိုအသုံးပြုပြီးတော့ ဆယ်ကျော်သက်ကောင်မလေးတွေကို နောက်ယောင်ခံလိုက်လေ့ရှိကြတယ်လို့ သိရပါတယ် ။”ကလေးတွေဟာ ကိုယ့်အခန်းထဲမှာရိုက်ထားတဲ့ဗီဒီယိုတွေကို အွန်လိုင်းပေါ်မှာ အထိန်းအကွပ်မရှိ ဝေမျှနေကြတယ် ။ ကလေးတွေဘယ်လိုနည်းပညာတွေကိုအသုံးပြုနေသလဲ ၊ သူတို့ကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို မိဘတွေသိနားလည်ဖို့အလွန်အရေးကြီးပါတယ် ။

အွန်လိုင်းပေါ်မှတစ်ဆင့်ကလေးတွေကို ထိခိုက်စေမယ့်အပြုအမူတွေလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကိုလည်းကျွန်တော်တို့ သတိပေးတားမြစ်နေပါတယ်” လို့ Barnardo ရဲ့ CEO Javed Khan က ပြောကြားခဲ့ပါတယ် ။သင့်ရဲ့ကလေးရော TikTok ကိုအသုံးပြုပြီးတော့ ဗီဒီယိုလေးတွေကို အွန်လိုင်းပေါ်မှာ ဝေမျှနေတတ်လား ။ ဒါဆိုရင်တော့ သင့်ကလေးကို အနည်းငယ် သတိပေးထားဖို့လိုအပ်ပါပြီ ။
Min Thu (Daily Hot News )

No comments:

Post a Comment