Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 5, 2019

ကေန႔မနက္ သတင္းတစ္ခုၾကား ၾကားခ်င္း နားမွာသိပ္ၿပီးမယံုခ်င္ခဲ့ပါ


ၿပီးခ့ဲ့တဲ့ဆယ္ရက္ေလာက္က ေျမာက္ဥကၠလာေဆး ရံုမွာ ႏွလံုးေသြးေၾကာတစ္ေခ်ာင္းပိတ္တယ္ လို႔ယူဆခံထားရၿပီး ေသြးေၾကာဓာတ္မွန္႐ိုက္ ဖို္ ဒီလကုန္မွျပန္လာပါဆိုၿပီး တန္းစီဇယားသြင္းခံ ထားရတဲ့ က်ေနာ့္ေနာင္ေတာ္သူငယ္ခ်င္း…. ပင္လံုေဆးရံုမွာေသြးေၾကာဓာတ္မွန္႐ိုက္ၿပီး.. က်ေနာ့္လိုဘဲ သံုးေခ်ာင္းပိတ္ တဲ့အတြက္… CABG( ေသြးေၾကာျဖတ္ေက်ာ္ခြဲစိတ္မႈ)လုပ္ ရပါမယ္…တဲ့…

က်ေနာ္ကေဆးလိပ္အလြန္အကြၽံ ေသာက္လို႔ပိတ္တာဆိုေပမယ့္…သူကေတာ့ေဆး လိပ္မေသာက္ပါဘဲနဲ႔ပိတ္ရပါတယ္…. က်ေနာ္ေဆးရံုမွာ႐ွိေနစဥ္က ဆရာႀကီးဦးတင္ ေမာင္ေအးရဲ႕စကားသံေတြျပန္ၿပီးၾကား ေယာင္မိပါတယ္….ငါတို႔လူမ်ဳိးက က်န္းမာေရးနဲ႔ ပတ္သက္ရင္အလြန္အမင္းေၾကာက္တတ္ၾကတယ္ဆိုေပ မယ့္ က်န္းမာေရးေကာင္းေနတုန္းမွာေတာ့ က်န္းမာေရးအသိအရမ္းနည္းၾကတယ္… က်မတို႔အိမ္မွာ ဆီဆိုရင္ ဆံုဆီမွ၊သံလြင္ဆီမွ၊ ေနၾကာဆီမွ ႐ွယ္မွာစားတာလို႔ ဆိုၾကေပမယ့္ မနက္ ဘရိတ္ဖတ္စ္ စားရင္ေတာ့ တစ္ပတ္တစ္ႀကိမ္ ေလာက္ အီၾကာေကြး၊စမူဆာ စားတာမ်ဳိး… ျမန္မာဆန္ဆန္ထမင္းကိုပဲဆီသန္႔နဲ႔ပဲျပဳတ္နယ္ၿပီး.. လမ္းထိပ္အေၾကာ္ဆိုင္က အေၾကာ္စားတာမ်ဳိး.. ေသြးတိုးမွာစိုးလို႔ အုန္းႏို႔ေခါက္ဆြဲမစားဘူး ႏို႔စိမ္းေခါက္ဆြဲဘဲစားတယ္….အေၾကာ္နဲ႔..တဲ့ အဲ့ဒီအေၾကာ္၊အီၾကာေကြး၊စမူဆာ ဆိုတာ ေတြက တစ္အိုးေၾကာ္ၿပီးတိုင္း ဆီအသစ္လဲ တာမ်ဳိးမဟုတ္တဲ့အတြက္ ျပည့္ဝဆီရာႏႈန္းျပည့္ ပါေနပါတယ္…

ဒါေၾကာင့္မို႔ အဲ့သလိုဟာေတြ ကို တတ္ႏိုင္သေလာက္ မစားၾကဖို႔တိုက္တြန္းလိုပါ တယ္…ေနာက္တစ္ခုက အိမ္႐ွင္မမ်ားကိုအကူအညီ ေတာင္းခ်င္ပါတယ္…က်ေနာ္တို႔ျမန္မာမီးဖိုေခ်ာင္ မွာ ငါးေၾကာ္ၾကသည္ဆိုပါစို႔…ငါးေၾကာ္ ၿပီးက်န္ေနတဲ့ဆီညိဳညိဳေတြကို ငါးေၾကာ္ဆီ ေမႊးေမႊးေလး ဆိုၿပီး ထမင္းနဲ႔နယ္စားတာမ်ဳိး အဲ့ဆီနဲ႔ငါးေၾကာ္ႏွပ္ဆက္ခ်က္မယ္၊ျပန္ေၾကာ္ လုပ္မယ္၊ခ်ဥ္ေပါင္ေၾကာ္မယ္၊ငါးပိခ်က္ ခ်က္မယ္ ဆိုတာမ်ဳိးေတြ မလုပ္ၾကပါနဲ႔ခင္ဗ်ာ… ငါးေၾကာ္ထားၿပီးတဲ့ဆီဟာျပည့္ဝဆီျဖစ္ေန ပါၿပီ..မစားဘဲ စြန္႔ျပစ္လိုက္တာဟာ က်န္းမာေရးအ တြက္အေကာင္းဆံုပါလို႔အၾကံျပဳလိုက္ရပါတယ္ ခင္ဗ်ာ…က်ေနာ္သည္ဉာဏ္ႀကီး႐ွင္တစ္ေယာက္မဟုတ္ သည့္အတြက္ ဆရာလုပ္ျခင္းမဟုတ္ဘဲ… ကိုယ္တိုင္ခံစားခဲ့ရေသာအေတြ႔အၾကံဳနဲ႔ဆရာဝန္ ႀကီးမ်ားရဲ႕ဆံုးမၾသဝါဒကိုျပန္လည္ေဖာက္သယ္ ခ်ျခင္းသာျဖစ္ပါေၾကာင္း….

Writer – သန္းထိုက္။ ႏွလံုးေသြးေၾကာသံုးေခ်ာင္းပိတ္၍ CABG လုပ္ထားၿပီးတစ္လခြဲသာ သက္တမ္း႐ွိေသးသူ

Unicode Version
ကနေ့မနက် သတင်းတစ်ခုကြား….. နားမှာသိပ်ပြီးမယုံချင်ခဲ့ပါ….

ပြီးခဲ့တဲ့ဆယ်ရက်လောက်က မြောက်ဥက္ကလာဆေး ရုံမှာ နှလုံးသွေးကြောတစ်ချောင်းပိတ်တယ် လို့ယူဆခံထားရပြီး သွေးကြောဓာတ်မှန်ရိုက် ဖို ဒီလကုန်မှပြန်လာပါဆိုပြီး တန်းစီဇယားသွင်းခံ ထားရတဲ့ ကျနော့်နောင်တော်သူငယ်ချင်း…. ပင်လုံဆေးရုံမှာသွေးကြောဓာတ်မှန်ရိုက်ပြီး.. ကျနော့်လိုဘဲ သုံးချောင်းပိတ် တဲ့အတွက်… CABG( သွေးကြောဖြတ်ကျော်ခွဲစိတ်မှု)လုပ် ရပါမယ်…တဲ့…



ကျနော်ကဆေးလိပ်အလွန်အကျွံ သောက်လို့ပိတ်တာဆိုပေမယ့်…သူကတော့ဆေး လိပ်မသောက်ပါဘဲနဲ့ပိတ်ရပါတယ်…. ကျနော်ဆေးရုံမှာရှိနေစဉ်က ဆရာကြီးဦးတင် မောင်အေးရဲ့စကားသံတွေပြန်ပြီးကြား ယောင်မိပါတယ်….ငါတို့လူမျိုးက ကျန်းမာရေးနဲ့ ပတ်သက်ရင်အလွန်အမင်းကြောက်တတ်ကြတယ်ဆိုပေ မယ့် ကျန်းမာရေးကောင်းနေတုန်းမှာတော့ ကျန်းမာရေးအသိအရမ်းနည်းကြတယ်… ကျမတို့အိမ်မှာ ဆီဆိုရင် ဆုံဆီမှ၊သံလွင်ဆီမှ၊ နေကြာဆီမှ ရှယ်မှာစားတာလို့ ဆိုကြပေမယ့် မနက် ဘရိတ်ဖတ်စ် စားရင်တော့ တစ်ပတ်တစ်ကြိမ် လောက် အီကြာကွေး၊စမူဆာ စားတာမျိုး… မြန်မာဆန်ဆန်ထမင်းကိုပဲဆီသန့်နဲ့ပဲပြုတ်နယ်ပြီး.. လမ်းထိပ်အကြော်ဆိုင်က အကြော်စားတာမျိုး.. သွေးတိုးမှာစိုးလို့ အုန်းနို့ခေါက်ဆွဲမစားဘူး နို့စိမ်းခေါက်ဆွဲဘဲစားတယ်….အကြော်နဲ့..တဲ့ အဲ့ဒီအကြော်၊အီကြာကွေး၊စမူဆာ ဆိုတာ တွေက တစ်အိုးကြော်ပြီးတိုင်း ဆီအသစ်လဲ တာမျိုးမဟုတ်တဲ့အတွက် ပြည့်ဝဆီရာနှုန်းပြည့် ပါနေပါတယ်…

ဒါကြောင့်မို့ အဲ့သလိုဟာတွေ ကို တတ်နိုင်သလောက် မစားကြဖို့တိုက်တွန်းလိုပါ တယ်…နောက်တစ်ခုက အိမ်ရှင်မများကိုအကူအညီ တောင်းချင်ပါတယ်…ကျနော်တို့မြန်မာမီးဖိုချောင် မှာ ငါးကြော်ကြသည်ဆိုပါစို့…ငါးကြော် ပြီးကျန်နေတဲ့ဆီညိုညိုတွေကို ငါးကြော်ဆီ မွှေးမွှေးလေး ဆိုပြီး ထမင်းနဲ့နယ်စားတာမျိုး အဲ့ဆီနဲ့ငါးကြော်နှပ်ဆက်ချက်မယ်၊ပြန်ကြော် လုပ်မယ်၊ချဉ်ပေါင်ကြော်မယ်၊ငါးပိချက် ချက်မယ် ဆိုတာမျိုးတွေ မလုပ်ကြပါနဲ့ခင်ဗျာ… ငါးကြော်ထားပြီးတဲ့ဆီဟာပြည့်ဝဆီဖြစ်နေ ပါပြီ..မစားဘဲ စွန့်ပြစ်လိုက်တာဟာ ကျန်းမာရေးအ တွက်အကောင်းဆုံပါလို့အကြံပြုလိုက်ရပါတယ် ခင်ဗျာ…ကျနော်သည်ဉာဏ်ကြီးရှင်တစ်ယောက်မဟုတ် သည့်အတွက် ဆရာလုပ်ခြင်းမဟုတ်ဘဲ… ကိုယ်တိုင်ခံစားခဲ့ရသောအတွေ့အကြုံနဲ့ဆရာဝန် ကြီးများရဲ့ဆုံးမသြဝါဒကိုပြန်လည်ဖောက်သယ် ချခြင်းသာဖြစ်ပါကြောင်း….

Writer – သန်းထိုက်။ နှလုံးသွေးကြောသုံးချောင်းပိတ်၍ CABG လုပ်ထားပြီးတစ်လခွဲသာ သက်တမ်းရှိသေးသူ

No comments:

Post a Comment