Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 5, 2019

အြြန္လိုင္းေပၚက ကာမမုဆိုး အြန္လိုင္းေပၚကဘဲ ေထာင္ေခ်ာက္ဆင္ ဖမ္းဆီ

ဟသၤာတခရိုင္ရဲတပ္ဖြဲ႕မူး ဒုရဲမူးႀကီးဝင္းျမင့္၏ ညြုန္ၾကားခ်က္အရ ဟသၤာတျမိဳ႕မရဲစခန္း နယ္ထိန္းေခါင္းေဆာင္ေနမ်ိဳးလင္း နယ္ထိန္းအဖြဲ႕သည္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံဆိမ္ကမ္းျမိဳ႕မရဲစခန္း (ပ)၃၆၇/2019 ပုဒ္မ ၃၇၆/၃၆၃ အမူ မွ ပဲခူးတိုင္းေဒသႀကီး လက္ပံတန္းျမိဳ႕နယ္ သရက္ကုန္းရြာေန ….

တရားခံေအာင္လြင္ျဖိဳး(ခ)ဖိုးတစ္ေထာင္ သည္ Fb မွ ခ်စ္ခြန္းခ်ိဳ အမည္ျဖင့္ အေကာင့္ ဖြင့္လြင့္ အသုံးျပဳသည္ မ အား လူမူကြန္ယက္တြင္ ေတြ႕ဆုံကာ ရန္ကုန္ျမိဳ႕မွ ေခါေဆာင္လာျပီး လက္ပံတန္းျမိဳ႕နယ္ ရြာတစ္ရြာတြင္ အရြယ္မေရာက္ေသးေသာ္ မအား သားမယားအျဖစ္ ျပဳ႕က်င့္ကာ ဟသၤာတကားဂိတ္မွ ရန္ကုန္ျမိဳ႕ ထြက္မည့္ ကားေပၚ တင္ေပးခဲ႕ပါသည္ ။

ရဲအုပ္ေနမ်ိဳးလင္းနယ္ထိန္းအဖြဲ႕သည္ ဟသၤာတျမိဳ႕နယ္အတြင္းရိွ သရက္ကုန္းရြာအမည္ရိွ ရြာမ်ား အား လိုက္လံစုံစမ္းျခင္း လူပုံစံ မ်ား ျပသ ျပီး လိုက္လံ ရွာေဖြျခင္း အျခားျမိဳ႕မ်ား စခန္းမ်ား ခ်ိတ္ဆက္ျခင္းမ်ားေဆာင္ရြက္ခဲ႕ပါသည္ ။

ေအာင္ကိုျဖိဳး ၏ fb မွတဆင့္ viber ျဖင့္ မိန္းကေလး အသစ္ ပုံစံျဖင့္ ခ်ိတ္ဆက္ရာ ၄င္းမွ ျပန္လည္ဆက္သြယ္လာသျဖင့္ တရားခံသည္ ပဲခူးတိုင္းေဒသႀကီး လက္ပံတန္း ျမိဳ႕နယ္ သရက္ကုန္းရြာမွ ျဖစ္ေၾကာင္း သိရိွခဲ႕ရသည္။

တရားခံ ေနာက္ထပ္ သားေကာင္မ်ား ရွာေဖြေနရင္း ရမက္ေသြး တစ္စို႕စို႕ ျဖစ္ေနကာ အသြင္ယူမိန္းကေလးထံ တစ္ညလုံး ဖုန္းဆက္ေနျပီး ၅ ၃ ၂၀၁၉ေန႕ မနက္ ၆နာရီ အခ်ိန္ ဟသၤာတျမိဳ႕ ဦးပါရဲဘုရားတြင္ ခ်ိန္းဆိုလိုက္ပါသည္ ။

၅ ၃ ၂၀၁၉ေန႕ မနက္ ၅နာရီခ်ိန္ ရဲအုပ္ေနမ်ိဳးလင္းသည္ ရုံးႀကီးအုပ္ခ်ဳပ္ေရးမူး လက္သမားအုပ္ခ်ဳပ္ေရးမူး ရပ္မိရပ္ဖ ဦးစိုးသူတို႕နဲ႕ အတူ ဦးပါရဲဘုရားအနီးေစာင့္ဆိုင္းေနစဥ္ တရားခံ ေအာင္ကိုျဖိဳးသည္ အေဆြေတာ္လက္ဖက္ရည္ ဆိုင္တြင္ထိုင္ျပီး အသြင္ယူမိန္းကေလးအားေခ်ာင္းေျမာင္းေစာင့္ဆိုင္းေနစဥ္ ဖမ္းဆီျခင္းခံခဲ႕ရပါသည္။

၅ ၃ ၂၀၁၉ေန႕ ည ၇နာရီတြင္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕သို႕ သက္ေသခံပစၥည္းမ်ားႏွင့္အတူလြဲေျပာင္းေပးလိုက္ပါသည္ ။
ကိုႏွင္းေမာင္ (ဟသၤာတျမိဳ႕)
#Unicode Version#
 ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မူး ဒုရဲမူးကြီးဝင်းမြင့်၏ ညွုန်ကြားချက်အရ ဟင်္သာတမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင်နေမျိုးလင်း နယ်ထိန်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိမ်ကမ်းမြို့မရဲစခန်း (ပ)၃၆၇/2019 ပုဒ်မ ၃၇၆/၃၆၃ အမူ မှ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် သရက်ကုန်းရွာနေ ….

တရားခံအောင်လွင်ဖြိုး(ခ)ဖိုးတစ်ထောင် သည် Fb မှ ချစ်ခွန်းချို အမည်ဖြင့် အကောင့် ဖွင့်လွင့် အသုံးပြုသည် မ အား လူမူကွန်ယက်တွင် တွေ့ဆုံကာ ရန်ကုန်မြို့မှ ခေါဆောင်လာပြီး လက်ပံတန်းမြို့နယ် ရွာတစ်ရွာတွင် အရွယ်မရောက်သေးသော် မအား သားမယားအဖြစ် ပြု့ကျင့်ကာ ဟင်္သာတကားဂိတ်မှ ရန်ကုန်မြို့ ထွက်မည့် ကားပေါ် တင်ပေးခဲ့ပါသည် ။

ရဲအုပ်နေမျိုးလင်းနယ်ထိန်းအဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ သရက်ကုန်းရွာအမည်ရှိ ရွာများ အား လိုက်လံစုံစမ်းခြင်း လူပုံစံ များ ပြသ ပြီး လိုက်လံ ရှာဖွေခြင်း အခြားမြို့များ စခန်းများ ချိတ်ဆက်ခြင်းများဆောင်ရွက်ခဲ့ပါသည် ။

အောင်ကိုဖြိုး ၏ fb မှတဆင့် viber ဖြင့် မိန်းကလေး အသစ် ပုံစံဖြင့် ချိတ်ဆက်ရာ ၎င်းမှ ပြန်လည်ဆက်သွယ်လာသဖြင့် တရားခံသည် ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ် သရက်ကုန်းရွာမှ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

တရားခံ နောက်ထပ် သားကောင်များ ရှာဖွေနေရင်း ရမက်သွေး တစ်စို့စို့ ဖြစ်နေကာ အသွင်ယူမိန်းကလေးထံ တစ်ညလုံး ဖုန်းဆက်နေပြီး ၅ ၃ ၂၀၁၉နေ့ မနက် ၆နာရီ အချိန် ဟင်္သာတမြို့ ဦးပါရဲဘုရားတွင် ချိန်းဆိုလိုက်ပါသည် ။

၅ ၃ ၂၀၁၉နေ့ မနက် ၅နာရီချိန် ရဲအုပ်နေမျိုးလင်းသည် ရုံးကြီးအုပ်ချုပ်ရေးမူး လက်သမားအုပ်ချုပ်ရေးမူး ရပ်မိရပ်ဖ ဦးစိုးသူတို့နဲ့ အတူ ဦးပါရဲဘုရားအနီးစောင့်ဆိုင်းနေစဉ် တရားခံ အောင်ကိုဖြိုးသည် အဆွေတော်လက်ဖက်ရည် ဆိုင်တွင်ထိုင်ပြီး အသွင်ယူမိန်းကလေးအားချောင်းမြောင်းစောင့်ဆိုင်းနေစဉ် ဖမ်းဆီခြင်းခံခဲ့ရပါသည်။

၅ ၃ ၂၀၁၉နေ့ ည ၇နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ သက်သေခံပစ္စည်းများနှင့်အတူလွဲပြောင်းပေးလိုက်ပါသည် ။
ကိုနှင်းမောင် (ဟင်္သာတမြို့)

No comments:

Post a Comment