Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 10, 2019

ထိန်းသိမ်းခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်အား ရမန်ယူ


အဂတိလိုက်စားမူဖြင့် အမှုဖွင့်ခံရပြီး ထိန်းသိမ်းခံထားရသည့် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကို ထားဝယ်မြို့မ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံရန်အတွက် ကော့သောင်းမြို့နယ် တရားရုံးတွင် ခရီးသွားရမန် ယူလျက်ရှိကြောင်း မြိ့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်အား ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ယနေ့ ပို့ဆောင်မည်ဖြစ်သည်။

ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် မတ်လ ၁၀ ရက်နေ့က ဘုတ်ပြင်းမြို့နှင့် ပြည်ကြီးမဏ္ဍိုင်မြို့မှအပြန်တွင် ထိန်းသိမ်းခံခဲ့ရကြောင့် Dawei Watch ၏ ခိုင်လုံသည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

Dawei Watch

No comments:

Post a Comment