Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 3, 2019

ဘုရားဖူးသြားစဥ္ ဓာတ္ပံု႐ိုက္ရင္း ပံုေကာင္း၊မေကာင္းျငင္းခံုရာမွ လူသတ္မႈျဖစ္ပြား


ဘုရားဖူးသြားစဥ္ ဓာတ္ပံု႐ိုက္ရင္း ပံုေကာင္း၊မေကာင္းျငင္းခံုရာမွ လူသတ္မႈျဖစ္ပြား
မႏၱေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕နယ္ ဧရာဝတီျမစ္ကမ္းစပ္(ေဒသအေခၚ နတ္သမီးကမ္းပါးထိပ္)တြင္ ဓာတ္ပံု႐ိုက္ရင္းဓာတ္ပံုမ်ား ေကာင္း၊ မေကာင္းျငင္းခံုရာမွ လူသတ္မႈျဖစ္ပြားခဲ့သည့္အတြက္ လူသတ္မႈက်ဴးလြန္သူကို မတ္ ၁ရက္က အမႈဖြင့္အေရးယူထားေၾကာင္း မႏၱေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ံုးမွ သိရသည္။

ေညာင္ဦးၿမိဳ႕ ေက်ာက္ဂူဥမင္အနီး ဧရာဝတီျမစ္ကမ္းစပ္၌ မတ္၁ရက္ နံနက္ ၇နာရီခန္႔က ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္အမ်ိဳးသားအေလာင္း ေတြ႕ရွိေၾကာင္းသတင္းအရ ေညာင္ဦးၿမိဳ႕မရဲစခန္းမွဒုတိယရဲမွဴးမင္းႏိုင္ႏွင့္အဖြဲ႕သည္သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးစဥ္ ေဆာၿမိဳ႕လက္မြန္ရြာမွ ထြန္းဆန္းလင္းဆိုသူေရာက္ရွိလာၿပီး ေသဆံုးသူမွာ၄င္း၏ညီဝမ္းကြဲ ၿဖိဳးေဇာ္ ျဖစ္ေၾကာင္း၊

ၿဖိဳးေဇာ္မွာ နဖူးခ်ိဳင့္ဝင္ကြဲအက္၊ဝဲ၊ယာဒူး ပြန္းဒဏ္ရာမ်ားျဖင့္ ပုပ္ပြေသဆံုးေနသည္ကိုေတြ႕ရွိရေၾကာင္း သိရသည္။ထို႔ေၾကာင့္ ထြန္းဆန္းလင္းကိုေမးျမန္းရာ ၄င္းႏွင့္ ၿဖိဳးေဇာ္သည္ကိုရီယားဘာသာစကားသင္တန္းတက္ေရာက္ရန္ ပခုကၠဴၿမိဳ႕ ေဃာသိတာ႐ံုဘုန္းေတာ္ႀကီးေက်ာင္းတြင္ေနထိုင္ခဲ့ေၾကာင္း၊ေဖေဖာ္ဝါရီ၂၂ရက္ နံနက္က ၿဖိဳးေဇာ္ႏွင့္ျြကယ္သူဟိန္း ေခၚ ဝတုတ္တို႔သည္ေညာင္ဦးၿမိဳ႕သို႔ ေန႔ခ်င္းျပန္ ဘုရားဖူးထြက္သြားခဲ့ေၾကာင္း သိရသည္။

ထို္႔ေနာက္ ေဖေဖာ္ဝါရီ ၂၃ရက္ရက္ နံနက္ ၇နာရီ မိနစ္ ၃၀ခန္႔က ျြကယ္သူဟိန္းက ၿဖိဳးေဇာ္ျပန္ေရာက္ၿပီလားဟု ထြန္းဆန္းလင္းကိုေမးရာ ထြန္းဆန္းလင္းကမင္းနဲ႔အတူသြားတာ မင္းမသိဘူးလားဟု ျြကယ္သူဟိန္း ေခၚ ဝတုတ္ကို ျပန္ေမးခဲ့ေၾကာင္း၊ထြန္းဆန္းလင္းက ၿဖိဳးေဇာ္ကို ဆက္သြယ္ေသာ္လည္း မရရွိသျဖင့္ ေဖေဖာ္ဝါရီ၂၄ရက္က ပခုကၠဴၿမိဳ႕မရဲစခန္းတြင္လူေပ်ာက္တိုင္တန္းထားခဲ့ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ မတ္ ၁ရက္ နံနက္၈နာရီက ဒုတိယရဲမွဴးမင္းႏိုင္ႏွင့္အဖြဲ႕သည္ ျြကယ္သူဟိန္းကို သြားေရာက္ဖမ္းဆီးရာ ၄င္း၏ေနအိမ္တြင္ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးရာ၄င္းသည္ ေဖေဖာ္ဝါရီ ၂၂ရက္ကၿဖိဳးေဇာ္၏ဆိုင္ကယ္ေနာက္မွထိုင္လိုက္ခဲ့ေၾကာင္း၊

ေညာင္ဦးၿမိဳ႕သို႔ဘုရားဖူးသြားေရာက္စဥ္ ဧရာဝတီျမစ္ကမ္းစပ္(ေဒသအေခၚ နတ္သမီးကမ္းပါးထိပ္)၌ ၄င္းတို႔ ႏွစ္ဦးဓာတ္ပံု႐ိုက္ၿပီး ႐ိုက္ထားသည့္ဓာတ္ပံုမ်ား ေကာင္း၊ မေကာင္းျငင္းခံုစကားမ်ားရာမွ ၿဖိဳးေဇာ္ကိုလက္သီးႏွင့္ထိုးၿပီးေျခေထာက္ႏွင့္ကန္လိုက္သျဖင့္ ၿဖိဳးေဇာ္မွာအဆိုပါကမ္းပါးထိပ္မွ အနက္ေပ ၅၀ခန္႔ရွိကမ္းပါးေအာက္ခ်ိဳင့္အတြင္းသို႔ျပဳတ္က်သြားခဲ့ေၾကာင္း၊

ထိုသို႔က်သြားသျဖင့္ လိုက္လံၾကည့္႐ႈရာၿဖိဳးေဇာ္မွာ အထက္ပါဒဏ္ရာမ်ားရရွိထားသည္ကိုေတြ႕ရွိ၍ အဆိုပါေနရာမွ ေပ ၃၀အကြာရွိအခ်င္းျဖစ္ေနရာသို႔ဆြဲေခၚထားရွိခဲ့ၿပီး ၿဖိဳးေဇာ္၏ ဆိုင္ကယ္ႏွင့္ဖုန္းကိုယူေဆာင္၍ ေနအိမ္ျပန္လာခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္စပ္လ်ဥ္း၍ ထြန္းဆန္းလင္းက ဥပေဒအရအေရးယူေပးပါရန္ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ျြကယ္သူဟိန္း ေခၚ ဝတုတ္ကို ေညာင္ဦးၿမိဳ႕မရဲစခန္းက (ပ)၅၆/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၂ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္းသတင္းရရွိသည္။

Unicode

ဘုရားဖူးသွားစဉ် ဓာတ်ပုံရိုက်ရင်း ပုံကောင်း၊မကောင်းငြင်းခုံရာမှ လူသတ်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ကမ်းစပ်(ဒေသအခေါ် နတ်သမီးကမ်းပါးထိပ်)တွင် ဓာတ်ပုံရိုက်ရင်းဓာတ်ပုံများ ကောင်း၊ မကောင်းငြင်းခုံရာမှ လူသတ်မှုဖြစ်ပွားခဲ့သည့်အတွက် လူသတ်မှုကျူးလွန်သူကို မတ် ၁ရက်က အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ညောင်ဦးမြို့ ကျောက်ဂူဥမင်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ မတ်၁ရက် နံနက် ရနာရီခန့်က ဒဏ်ရာများဖြင့် သေဆုံးနေသည့်အမျိုးသားအလောင်း တွေ့ရှိကြောင်းသတင်းအရ ညောင်ဦးမြို့မရဲစခန်းမှဒုတိယရဲမှူးမင်းနိုင်နှင့်အဖွဲ့သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးစဉ် ဆောမြို့လက်မွန်ရွာမှ ထွန်းဆန်းလင်းဆိုသူရောက်ရှိလာပြီး သေဆုံးသူမှာ၄င်း၏ညီဝမ်းကွဲ ဖြိုးဇော် ဖြစ်ကြောင်း၊

ဖြိုးဇော်မှာ နဖူးချိုင့်ဝင်ကွဲအက်၊ဝဲ၊ယာဒူး ပွန်းဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။ထို့ကြောင့် ထွန်းဆန်းလင်းကိုမေးမြန်းရာ ၄င်းနှင့် ဖြိုးဇော်သည်ကိုရီယားဘာသာစကားသင်တန်းတက်ရောက်ရန် ပခုက္ကူမြို့ ဃောသိတာရုံဘုန်းတော်ကြီးကျောင်းတွင်နေထိုင်ခဲ့ကြောင်း၊ဖေဖော်ဝါရီ၂၂ရက် နံနက်က ဖြိုးဇော်နှင့်ြွကယ်သူဟိန်း ခေါ် ဝတုတ်တို့သည်ညောင်ဦးမြို့သို့ နေ့ချင်းပြန် ဘုရားဖူးထွက်သွားခဲ့ကြောင်း သိရသည်။

ထို့်နောက် ဖေဖော်ဝါရီ ၂၃ရက်ရက် နံနက် ရနာရီ မိနစ် ၃ဝခန့်က ြွကယ်သူဟိန်းက ဖြိုးဇော်ပြန်ရောက်ပြီလားဟု ထွန်းဆန်းလင်းကိုမေးရာ ထွန်းဆန်းလင်းကမင်းနဲ့အတူသွားတာ မင်းမသိဘူးလားဟု ြွကယ်သူဟိန်း ခေါ် ဝတုတ်ကို ပြန်မေးခဲ့ကြောင်း၊ထွန်းဆန်းလင်းက ဖြိုးဇော်ကို ဆက်သွယ်သော်လည်း မရရှိသဖြင့် ဖေဖော်ဝါရီ၂၄ရက်က ပခုက္ကူမြို့မရဲစခန်းတွင်လူပျောက်တိုင်တန်းထားခဲ့ကြောင်းသိရသည်။

ထို့ကြောင့် မတ် ၁ရက် နံနက်၈နာရီက ဒုတိယရဲမှူးမင်းနိုင်နှင့်အဖွဲ့သည် ြွကယ်သူဟိန်းကို သွားရောက်ဖမ်းဆီးရာ ၄င်း၏နေအိမ်တွင်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ၄င်းသည် ဖေဖော်ဝါရီ ၂၂ရက်ကဖြိုးဇော်၏ဆိုင်ကယ်နောက်မှထိုင်လိုက်ခဲ့ကြောင်း၊

ညောင်ဦးမြို့သို့ဘုရားဖူးသွားရောက်စဉ် ဧရာဝတီမြစ်ကမ်းစပ်(ဒေသအခေါ် နတ်သမီးကမ်းပါးထိပ်)၌ ၄င်းတို့ နှစ်ဦးဓာတ်ပုံရိုက်ပြီး ရိုက်ထားသည့်ဓာတ်ပုံများ ကောင်း၊ မကောင်းငြင်းခုံစကားများရာမှ ဖြိုးဇော်ကိုလက်သီးနှင့်ထိုးပြီးခြေထောက်နှင့်ကန်လိုက်သဖြင့် ဖြိုးဇော်မှာအဆိုပါကမ်းပါးထိပ်မှ အနက်ပေ ၅ဝခန့်ရှိကမ်းပါးအောက်ချိုင့်အတွင်းသို့ပြုတ်ကျသွားခဲ့ကြောင်း၊

ထိုသို့ကျသွားသဖြင့် လိုက်လံကြည့်ရှုရာဖြိုးဇော်မှာ အထက်ပါဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိ၍ အဆိုပါနေရာမှ ပေ ၃ဝအကွာရှိအချင်းဖြစ်နေရာသို့ဆွဲခေါ်ထားရှိခဲ့ပြီး ဖြိုးဇော်၏ ဆိုင်ကယ်နှင့်ဖုန်းကိုယူဆောင်၍ နေအိမ်ပြန်လာခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်စပ်လျဉ်း၍ ထွန်းဆန်းလင်းက ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ြွကယ်သူဟိန်း ခေါ် ဝတုတ်ကို ညောင်ဦးမြို့မရဲစခန်းက (ပ)၅၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသတင်းရရှိသည်။

No comments:

Post a Comment