Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 3, 2019

ႏွစ္ေပါင္း (၂၀) ေပါင္းသင္းလာတဲ႔ ခင္ပြန္းကို လူငွါးသတ္ၿပီး ဘာေၾကာင္႔ သတ္ရလဲဆိုတာ ဇနီးျဖစ္သူထြက္ဆိုခ်က္


ႏွစ္ေပါင္း (၂၀) ေပါင္းသင္းလာတဲ႔ ခင္ပြန္းကို လူငွါးသတ္ၿပီး ဘာေၾကာင္႔ သတ္ရလဲဆိုတာ ဇနီးျဖစ္သူထြက္ဆိုခ်က္

“ႏွစ္ (၂၀)နီးပါးေပါင္းသင္းလာသည့္ခင္ပြန္း၏ ႏွိပ္စက္မႈဒဏ္မခံႏုိင္၍ ေသနတ္သမားငွား၍ ပစ္သတ္ေၾကာင္း ဇနီးသည္ထြက္ဆို”

ထုိင္းႏုိင္ငံ၊ နခြန္လန္းခရိုင္အတြင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈမွာ ဇနီးျဖစ္သူက ႏွစ္ေပါင္း (၂၀)အတြင္း ညႇင္းပန္းႏွိပ္စက္မႈမ်ားကို သည္းမခံႏိုင္၍ ေသနတ္သမားအကူအညီျဖင့္သတ္ပစ္လုိက္ျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႕ထံ ထြက္ဆိုထားသည္ဟု ဘန္ေကာက္ပို႔စ္သတင္းအရသိရသည္။

အသက္ (၆၂)ႏွစ္အရြယ္အမ်ိဳးသမီးက အသက္ (၆၃)ႏွစ္အရြယ္ ခင္ပြန္းျဖစ္သူကို ေသနတ္သမားငွား၍ ပစ္သတ္ရန္ စီစဥ္ခဲ့ျခင္းျဖစ္ၿပီး အကူအညီေပးသည့္ သားမက္အပါအဝင္ ေသနတ္ပစ္ခတ္သူ၊ ဆုိင္ကယ္ေမာင္းေပးသူတို႔ကို ရဲတပ္ဖြဲ႕ကဖမ္းမိထားေၾကာင္းသိရသည္။

ေဆာက္လုပ္ေရးလုပ္ငန္းရွင္သည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၈)ရက္ေန႔က ဇနီးျဖစ္သူအား ေက်ာင္းသို႔လုိက္ပို႔ၿပီး ကားျပန္အထြက္တြင္ ဆုိင္ကယ္စီးလာသူႏွစ္ဦးက ေသနတ္ျဖင့္ ပစ္သတ္သြားခဲ့ျခင္းျဖစ္သည္။

ဇနီးျဖစ္သူက ရဲတပ္ဖြဲ႕ထံ ဖုန္းဆက္အေၾကာင္းၾကားခဲ့ေသာ္လည္း ရဲတပ္ဖြဲ႕ဝင္မ်ားေရာက္လာခ်ိန္တြင္ အဆိုပါ လုပ္ငန္းရွင္မွာ ေသဆံုးေနခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ရဲတပ္ဖြဲ႕က အမႈကိုေဖၚထုတ္ရာ အရက္ႏွင့္ ေလာင္းကစားစြဲေနသည့္ခင္ပြန္းျဖစ္သူက ေပါင္းသင္းေနထုိင္သည့္ ႏွစ္ေပါင္း (၂၀)ခန္႔အတြင္း ေသနတ္ျဖင့္ခ်ိန္ၿပီး သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ျခင္းအပါအဝင္ ညႇင္းပန္းႏွိပ္စက္မႈမ်ားကို မၾကာခဏႀကံဳေနရသျဖင့္ သည္းမခံႏိုင္ေတာ့၍ သတ္ပစ္ျခင္းျဖစ္သည္ဟု ေသဆံုးသူ၏ဇနီးကထြက္ဆိုေၾကာင္းသိရသည္။





အဆိုပါ အမ်ိဳးသမီးမွာ အိမ္တြင္းအၾကမ္းဖက္မႈျဖင့္ မၾကာခဏႀကံဳေနရသည့္အတြက္ ခင္ပြန္းျဖစ္သူအား သတ္ပစ္ရန္ သားမက္အား ပထမအႀကိမ္ တုိင္ပင္ခဲ့စဥ္က သားမက္ျဖစ္သူက တားျမစ္ခဲ့ၿပီးေနာက္ ေဖေဖၚဝါရီလ (၈)ရက္ေန႔တြင္ ေသနတ္သမားကို ရွာေဖြႏုိင္ခဲ့ကာ သတ္ပစ္ခဲ့ျခင္းျဖစ္သည္ဟုသိရသည္။

အဆိုပါလူသတ္မႈႏွင့္ပတ္သက္၍ ဆက္စပ္ဖြယ္ရိွသည္ဟု သံသယရိွသူမ်ားကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးႏုိင္ရန္ ဝရမ္းထုတ္ထားေၾကာင္းသိရသည္။

တာခ်ီလိတ္သတင္းေအဂ်င္စီ

Unicode

နှစ်ပေါင်း (၂၀) ပေါင်းသင်းလာတဲ့ ခင်ပွန်းကို လူငှါးသတ်ပြီး ဘာကြောင့် သတ်ရလဲဆိုတာ ဇနီးဖြစ်သူထွက်ဆိုချက်

“နှစ် (၂၀)နီးပါးပေါင်းသင်းလာသည့်ခင်ပွန်း၏ နှိပ်စက်မှုဒဏ်မခံနိုင်၍ သေနတ်သမားငှား၍ ပစ်သတ်ကြောင်း ဇနီးသည်ထွက်ဆို”

ထိုင်းနိုင်ငံ၊ နခွန်လန်းခရိုင်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုမှာ ဇနီးဖြစ်သူက နှစ်ပေါင်း (၂၀)အတွင်း ညှင်းပန်းနှိပ်စက်မှုများကို သည်းမခံနိုင်၍ သေနတ်သမားအကူအညီဖြင့်သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်ဟု ဘန်ကောက်ပို့စ်သတင်းအရသိရသည်။

အသက် (၆၂)နှစ်အရွယ်အမျိုးသမီးက အသက် (၆၃)နှစ်အရွယ် ခင်ပွန်းဖြစ်သူကို သေနတ်သမားငှား၍ ပစ်သတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အကူအညီပေးသည့် သားမက်အပါအဝင် သေနတ်ပစ်ခတ်သူ၊ ဆိုင်ကယ်မောင်းပေးသူတို့ကို ရဲတပ်ဖွဲ့ကဖမ်းမိထားကြောင်းသိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်သည် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့က ဇနီးဖြစ်သူအား ကျောင်းသို့လိုက်ပို့ပြီး ကားပြန်အထွက်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များရောက်လာချိန်တွင် အဆိုပါ လုပ်ငန်းရှင်မှာ သေဆုံးနေခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရဲတပ်ဖွဲ့က အမှုကိုဖေါ်ထုတ်ရာ အရက်နှင့် လောင်းကစားစွဲနေသည့်ခင်ပွန်းဖြစ်သူက ပေါင်းသင်းနေထိုင်သည့် နှစ်ပေါင်း (၂၀)ခန့်အတွင်း သေနတ်ဖြင့်ချိန်ပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းအပါအဝင် ညှင်းပန်းနှိပ်စက်မှုများကို မကြာခဏကြုံနေရသဖြင့် သည်းမခံနိုင်တော့၍ သတ်ပစ်ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ဇနီးကထွက်ဆိုကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးမှာ အိမ်တွင်းအကြမ်းဖက်မှုဖြင့် မကြာခဏကြုံနေရသည့်အတွက် ခင်ပွန်းဖြစ်သူအား သတ်ပစ်ရန် သားမက်အား ပထမအကြိမ် တိုင်ပင်ခဲ့စဉ်က သားမက်ဖြစ်သူက တားမြစ်ခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ (၈)ရက်နေ့တွင် သေနတ်သမားကို ရှာဖွေနိုင်ခဲ့ကာ သတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ ဆက်စပ်ဖွယ်ရှိသည်ဟု သံသယရှိသူများကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ရန် ဝရမ်းထုတ်ထားကြောင်းသိရသည်။

တာချီလိတ်သတင်းအေဂျင်စီ

No comments:

Post a Comment