Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 3, 2019

အီတလီလူမျိုးနဲ့ချစ်သူဖြစ်နေတဲ့ အဆိုတော်ချမ်းချမ်း


ချမ်းချမ်းကသူရဲ့ချစ်သူအသစ်နဲ့ပတ် သက်ပြီးပရိသတ်ကိုခုလိုရှင်းပြလိုက်ပါတယ်။
 ” ကဲ..တချို့​တွေလဲမ​ပြောမပြီးလို့​ပြောလိုက်​​တော့မယ်​​နော်​..ဘယ်​သူမှအိမ်​​ထောင်​မကွဲချင်​ဘူး..ပါးစပ်​ကပဲချစ်​တယ်​လို့​ပြော​ပြော​နေတာ ကျမ မဟုတ်​ဘူး..ကျမကမနုတတ်​ဘူး ..မချွဲတတ်​ဘူး…ကျမကိုပရိတ်​သတ်​​တွေက လူမုန်းများမယ်​ဆိုပြီးစိုးရိမ်​​နေကြတာ..မ​ကြောက်​ပါဘူး…ဘာတခုမှခိုး​ချောင်​ခိုးဝှက်​မလုပ်​ခဲ့ဘူး…မသိပဲ​ပြော​နေတဲ့..မန်းတ​လေးက အ​ကောင့်​တုနဲ့ christina မြတ်​​ရေ…ကျမကို လင်​ကွဲတာမကြာ​သေးပဲ ​နောက်​တ​ယောက်​တွဲတာ​တွေ့လို့ ရွံ့တယ်​ဆို​တော့ ကျမကိုချစ်​ဖို့ ​နောက်​၁၀နှစ်​မှ လာပါ…ကြိုက်​ပါဆုံမယ်​လို့ တားထားလို့ရလား…။

ကျမ​နောက်​ထပ်​ချစ်​တဲ့သူရှိလာတာနဲ့ အရင်​ကအိမ်​​ထောင်​​ယောကျားကိုချစ်​ပါတယ်​လို့​ပြောခဲ့တာနဲ့ဘာများဆိုင်​လို့လဲ..အလကား​နေရင်းအာ​ချောင်​တာ​တေကိုအားနာမယ်​မထင်​နဲ့…​ပေါ်တင်​တွဲတာ..ကိုယ့်​တုန်းကလုပ်​ရက်​ခဲ့တဲ့သူကိုကျ​တော့မမြင်​ပဲ…အတိအလင်းကွဲပီးမှ တွဲတာ ဘယ်​သူ့ကိုထိခိုက်​လဲ..လင်​​နောက်​တ​ယောက်​​ကောက်​ယူတာလဲမဟုတ်​ဘူး….ကိုယ်​ချင်းမစာမိပဲ ​ဘေးထိုင်​ဘု​ပြော​နေတဲ့​တေ​ရော….ကျမကိုက​လေးတ​ယောက်​လင်​ကွဲလို့ဆိုပြီး အ​ချောင်​ရနှိုက်​မြည်းကြမယ့်​လူ​တွေကြားထဲမှာ ကျမ အသက်​ ၃၀ ဝန်းကျင်​မှာအိမ်​​ထောင်​ကွဲတယ်​..တဘဝလုးံပုံပြီးချစ်​ခဲ့တယ်​…

ပါးစပ်​ကချစ်​ပါတယ်​လို့​ပြောယုံတင်​မကဘူး..​ယောင်္ကျားပြန်​လာရင်​ထမင်းခွံ့​ကျွေး ​ခြေသည်းလက်​သည်းညှပ်​..မနက်​မိုးလင်းအထိ အိမ်​ကိုလာလည်​တဲ့ သူ့ဧည့်​သည်​မှန်​သမျှကိုလဲမနားတမ်းထမင်းဟင်း​တွေချက်​ပြီးဧည့်​ခံပြုစု​ပေးတဲ့မိန်းမပါ..အိမ်​ထဲကအိမ်​ပြင်​အလုပ်​ကလွဲရင်​ ကလပ်​​ရော ဘား​ရော ထိုင်​ရ​ကောင်းမှန်းမသိတဲ့မိန်းမပါ..ကြိုက်​တဲ့လူ​မေးလို့ရတယ်​…
မိသားစုကလွဲရင်​ကျန်​တာစိတ်​မဝင်စားတဲ့မိန်းမ…
ကိုယ့်​ဘဝကို လက်​​တွေ့ပါချစ်​ပြခဲ့တဲ့မိန်းမ…

အခု ဘဝတ​ကွေ့မှာတ​ယောက်​နဲ့တ​ယောက်​ခွင့်​မလွှတ်​နိုင်​တဲ့ အိမ်​​ထောင်​​ရေးအ​ခြေအ​နေ​ကြောင့်​ ကွာရှင်းခဲ့တယ်​.. လွတ်​လပ်​ခွင့်​​ပေးလိုက်လို့စိတ်ဆင်းရဲရတာသက်သာလာတယ်​​​​…ဘဝကိုအသက်​ရှူခွင့်​​ပေးလိုက်​တယ်​..အိမ်​​ထောင်​တခုမှာလင်​ရှိရက်​​နောက်​​ယောကျားနဲ့ တွဲတယ်​ဆိုရင်​​တော့​ပြောကြပါ..ကျမကိုယ်​တိုင်​ အဆဲခံမယ်​…အခုဟာကကျမတို့ လင်​မယားကွဲတာ ဘာ​ကြောင့်​လဲလူတိုင်းသိတယ်​…က​လေးမျက်​နှာ​ကြောင့်​မချစ်​ပဲ​အောင့်​နမ်း​ပေါင်းမယ့်​ထဲမှာကျမမပါဘူး…”

“အကြိန်​ကြိမ်​ကြိုးစားကြည့်​တယ်​…မိဘ ​ယောက္ခမ…​ယောင်းမ ​ဆွေမျိုး..တ​ယောက်​မှ လက်​ခံဖို့ သူတို့လဲ မဖြစ်​နိုင်​သလို ကိုယ့်​မိဘလဲ လက်​မခံနိုင်​ရြဘူး

ကျမ​ပြောချင်​တာအိမ်​​ထောင်​တခုကိုဘာ​ကြောင့်​လွယ်​လွယ်ပြန်​တည်​​ဆောက်​ဖို့မဖြစ်​နိုင်​သလဲဆိုတာ ဒီလိုဘဝကိုဖြတ်​သန်းဖူးမှသိကြမယ်​…ကြိုက်​သလို​ဝေဖန်​နိုင်​တယ်​..ဆဲနိုင်​တယ်

…ကိုယ်​မ​ပျော်​ရွှင်​​တော့တဲ့ဘဝမှာ ကိုယ့်​ကိုအလိုမရှိ​တော့တဲ့ မိသားစုဘဝအ​ခြေအ​နေမှာဘာလို့​ခေါင်းငုံ့ခံပြီး သည်းခံဆက်​​ပေါင်းရမှာလဲ….

ဒုတိယအချက်​….အခု​ခေတ်​မှာအိမ်​​ထောင်​ကွဲဖူးတာနဲ့

ကိုယ့်​ကိုအနားကပ်​လာတဲ့လူတိုင်းကို လက်​ခံပြီးချစ်​လိမ့်​မယ်​မထင်​ပါနဲ့….ကျမ အိမ်​​ထောင်​ကွဲပီး ၃လ၄လ ​လောက်​မှာ အ​ချောင်​ဝင်​လို့ရမလားဆိုပြီးလာလုံးကြတဲ့လူ​တွေ အများကြီးပဲ..ကျမက ဒဲ့ဒိုးသမားပါ…အားမနာတတ်​ဘူး….အခု ကွဲပီး၈လ​လောက်​အကြာမှာကိုယ့်​ရဲ့ဘဝအ​ခြေအ​နေကိုလက်​ခံပြီးနားလည်း​ပေး…ချစ်​​ပေးနိုင်​တဲ့ လူတ​ယောက်​နဲ့​တွေ့တယ်​…အစပိုင်းမှာ ကိုယ်​​ရောသူ့အတွက်​​ရောလူ​တွေ​ပြောစရာဖြစ်​မှာသိပ်​​တွေး​ကြောက်​လို့..သမီး​လေးအတွက်​ စဉ်းစားပြီး..​ရှေ့ဆက်​မတိုးချင်​ခဲ့ဘူး..ဘဝမှာဘယ်​သူ့ကိုမှမယုံရဲခဲ့ဘူး

ကျမမိန်းမတ​ယောက်​ပါ…တ​ယောက်​တည်းက​လေးတဖက်​နဲ့ရုန်းကန်​​နေတယ်​…ဘဝမှာဒီလိုကံပါလာလို့အခုလိုအ​ခြေအ​နေ​ရောက်​​နေရတာ်​..လက်​ခံတာ်​.ဘုရားအလို​တော်​အတိုင်းပဲ…တခွန်းပဲ​မေးချင်​တာပါ..အိမ်​​ထောင်​ကွဲပီးသိပ်​မကြာခင်​မှာကိုယ့်​ကိုတကယ်​ချစ်​ တကယ်​နားလည်​​ပေးနိုင်​တဲ့လူကိုရှာ​တွေ့တာ..ကျမအပြစ်​လား…တသက်​လုးံ လင်​ကွဲမလို့လူ​တေအမြင်​မှာသမားတဲ့အကြည့်​ နှိမ်​တဲ့အကြည့်​ထက်​စာရင်​​တော့…ကျမကိုအခု အ​ကြောင်းအရာတစိုးတစိမှမသိပဲ နားမလည်​ပဲ ဝင်​ဆဲဝင်​​ပြော​နေကြတဲ့ အ​ကောင့်​အတု​တွေဖွင့်​ပြီးဝင်​ဆဲ​နေကြတဲ့ညမ​လေး​တေ ​မောင်​​လေး​တွေကို​လေ..တခုပဲ​ပြောချင်​တယ်​..အကုသိုလ်​မယူမိ​စေနဲ့လို့..ဘာလို့လဲဆို​တော့ အမကသာ ဆပွန်​ဆာယူပြီးလင်​ဆာ​နေတဲ့မိန်းမတ​ယောက်​ဆိုရင်​လူ​တွေအ​ရှေ့မှာပရိတ်​သတ်​အမုန်းခံပြီး​ပေါ်တင်​မတွဲပဘူး..သိလား…ခိုးစားတဲ့သာ​တွေက လူမသိ​အောင်​​နေကြတယ်​…လူမိ​တော့မှမဟုတ်​ဘူဒဆိုပြီးငြင်းကြတာ…”

”အမက ကိုယ့်​ကိုတကယ်​ချစ်​ပြီး…သူ့မိသားစု​နေကိုယ်​တိုင်​က ကိုယ်​ကက​လေးအ​မေတ​ယောက်​…မြန်​မာမိန်းက​လေး…ဒါ​ပေမဲ့ သူတို့သားလူပျိုက မသည်းအသန်​ချစ်​တယ်​..သူ့မိဘ​တွေကလဲ အရမ်းချစ်​ပြီးသမီးတ​ယောက်​လိုပဲ…သူ့အမကအစ..သူ့သူငယ်​ချင်း​တေကအစလက်​ခံတယ်​..အားမငယ်​ဖို့စိတ်​ဓာတ်​မကျဖို့ …လူဆိုတာ သင်​ခန်းစာယူတတ်​ရင်​ ​နောက်​အ​ခြေအ​နေတခုကြုံလာရင်​​ကောင်း​ကောင်းကိုင်​တွယ်​တတ်​လာမယ်​တဲ့…

ကျမတို့ဟာ လူမျိုးမတူကြဘူး…သူက အီတလီ..ကျမကမြန်​မာ…ဒါ​ပေမဲ့ အချိန်​တို​လေးအတွင်းကိုယ့်​ကိုနားလည်​​ပေးတယ်​..သူတကယ်​ချစ်​လို့သူ့မိဘ​​တွေနဲ့​တောင်​မိတ်​ဆက်​​ပေးတယ်​…..ဒီလိုလူတ​ယောက်​ကိုညမဘဝအတွက်​ ကျမကိုချစ်​ဖို့ အခွင့်​အ​ရေးမ​ပေးရ​တော့ဘူးလား…

ဘာလို့လဲ …ကျမက အိမ်​​ထောင်​ကွဲမို့လို့လား…အနုပညာသမားမို့…လူ​တွေအားကျ​အောင်​ဟန်​​ဆောင်​​နေပြရမှာလား…ကျမ drama မခင်းတတ်​ဘူး

ပရိတ်​သတ်​သနား​အောင်​လဲမ​ပြောတတ်​ဘူး…ပိုက်​ဆံလဲမမက်​ဘုး….သူကသာမန်​​ယောကျားတ​ယောက်​..မြနိမာနိုင်​ငံမှာအလုပ်​လာလုပ်​တယ်​…ကြိုးစား​နေတဲ့ လုပ်​ငန်းရှင်​တ​ယောက်​.အပြင်​ထွက်​ရင်​​တောင်​ သူက Taxi နဲ့သွားတဲ့သူ…ဒါ​ပေမဲ့ ကျမဘာ​ကြောင့်​သု့ကိုလက်​ခံလဲ…သူက အရှိကိုအရှိအတိုင်း​နေတယ်​…ဟန်​မ​ဆောင်​ဘူး…အလကား​နေချစ်​ပါတယ်​ဆိုပြီးအခွငိ့အ​ရေးယူတဲ့အထဲသူမပါဘူး..​သေချာတာ​တော့ အခုကျစိတ်​ချမ်းသာတယ်​..မချမ်ူးာ​ပေအဲ့သူကျမကိုချစ်​လို့…သူချစ်​ကိုရလို့ ကျမအရမ်းစိတ်​ချမ်းသာတယ်​…ကိုယ်​ချစ်​ခဲ့တုန်းက လိုပဲ အခု​တော့ပြန်​အချစ်​ခံရတယ်​..ကျမလဲချစ်​ခံရတယ်​ဆိုတ့်ဲ ခံစားချက်​ကို ဘဝမှာမ​​သခေင်​​လေးအချိန်​မှာ ခံစားဖူးပါရ​စေ…ကိုယ်​ပိုင်​လွတ်​လပ်​ခွင့်​​တောင်​မရှိ…

လူမြင်​ကွင်းမှာ မုန့်​ထွက်​စား​တော့လဲ ကိုယ့်​ကိုရွံ့တ့်ဲအကြည့်​​တေနဲ့ဝိုင်းကဲ့ရဲ့ကြတယ်​…သူကကျမကိုသနားလို့သူဘယ်​လိုလုပ်​​ပေးရမလဲ..သူဘာလုပ်​​ပေးရမလဲလို့အမြဲ​မေးတယ်​..ကျမတခုပဲပြန်​​ပြောလိုက်​တယ်​..ငါ့ကိုတကယ်​ချစ်​တယ်​ဆိုရင်​ နားမလည်​ပဲ ကိုယ်​ချင်းမစာပဲ မြင်​တဲ့အ​ပေါ်ယံကိုကဲ့ရံ့ယဲတတ်​တဲ့လူ​တွေဒဏ်​​တေည့နင်​ခံနိုင်​ရမယ်​လို့…ကျမ​နေမ​ကောင်းရင်​တဖွဖွအနားမှာဘယ်​သူရှိခဲ့ဖူးလဲ..ကိုယ်​နာကျင်​ခံစား​နေရနဲ့အချိန်​အနား​ဖေးမမနဲ့ အလုပ်​​တွေဖျက်​ အချိန်​​ပေးတာ​တွေ…ဘာလို့ရုပ်​​ချောပြီးချမ်းသာတဲ့သူကိုမ​ရွေးပဲ သားမန်​နိုင်​ငံခြားသားတ​ယောက်​ကို ​ရွေးလဲဆိုတာ..

ကျမအခုဂရုစိုက်​ခံရတာ​တွေ အချစ်​ခံရတာ.နားလည်​​ပေးတာခံရတာ..မိန်းမတ​ယောက်​ကိုမိန်းမတ​ယေညက်​လိုခံစားရ​စေတာ​တေ..က​လေးအ​မေတ​ယောက်​ဆိုပြီးနှိမ်​​နေတဲ့အသိုင်းအဝိုင်းမှာလူတ​ယောက်​လိုမြင်​​ပေးတဲ့အသိုင်းအဝိုင်းကို​တွေ့ရတာ…လူ​တွေက​တော့ အစွဲ​တွေ​ကြောင့်​ ကျမကိုမုန်းမှာပဲ…ကဲ့ရဲ့မှာပဲ…ဒါ​ပေမဲ့ ချမ်းချမ်းဆိုတဲ့ကျမက ကိုယ့်​ကိုတန်​ဖိုးမထားပဲ ​နောက်​တ​ယောက်​နဲ့လဲခဲ့တဲ့ လူ​တွေကို​တောင် နှစ်​နဲ့ချီပြီးဘဝတခုလုးံ​ပေးခဲ့မိ​သေးတာပဲ…

အခုလိုအချစ်​ခံရ တန်​ဖိုးထားခံရတာ..ကျမက​တော့တန်​တယ်​..ကျမတို့ ယူဖြစ်​မယူဖြစ်​ဆိုတာ​နောက်​မှစဉ်းစားလို့ရတယ်​..ကြိုက်​သလိုဆဲပါ…ကျမခံစားရတာ..နာကျင်​ရတာဘယ်​သူမှနားမလည်​ဘူး…ကျမ​ကြောင့်​ကျမကိုချစ်​တဲ့သူ​တွေကိုမထိခိုက်​မနာကျင်​​စေချင်​လို့ ရှင်းပြရခြင်းပါ…ကျမလင်​ငယ်​ထားတာလဲမဟုတ်​ဘူး..​ဖောက်​ပြန်​​နေတာလဲမဟုတ်​ဘူး..အိမ်​​ထောင်​ကွဲတာ တနှစ်​နဲ့ ၂လ ရှိပြီ…မ​ကျေနပ်​လို့အမြင်​ကပ်​လို့ ဆဲချင်​​ပြောချင်​လဲရတာ်​..လွတ်​လပ်​စွာပါပဲ…ကျမ သမီးအတွက်​ ကျမအချိန်​​ပေးသလို ကျမကိုချစ်​တဲ့သူ​တွေကိုလဲအချိန်​​ပေးတယ်​၊

ဒါ​ကြောင့်​ကျမကို ကျမရဲ့လက်​ရှိ ချစ်​သူနဲ့​တွေ့ရင်​ က​လေးပစ်​ပြီး​လျောပ်​သွာူ​နေတယ်​လို့မြင်​မယ့်​အစားကဲ့ရဲ့မယ့်​အစား..​အော်​ သူက ပရိတ်​သတ်ကို မလိမ်​မညာပဲချပြတယ်​…အသိ​ပေးတယ်​ဆိုတာကိုသိ​စေချင်​တယ်​…

သမီးကိုလဲ အ​ဖေတလှည့်​အဆင်​​ပြေ​အောင်​ထားနေဆိုတာနားလည်​​စေချင်​တယ်​..အိမ်​ထောင်​ပြုဖူးတဲ့
မိန်းတ​ယောက်​အတွက်​​ယောကျားဆိုတာမဆန်း​ပေမဲ့..အခုမှ အချစ်​ခံဖူးတဲ့ မိန်းမတ​ယောက်​အတွက်​​တော့ အခုထိ အသစ်​အဆန်းပဲ..အရင်​အိမ်​​ထောင်​တုန်းကလဲ​ပျော်​ခဲ့ကတာ​တွေ ချစ်​ခဲ့ကြတာ​တွေရှိခဲ့တယ်​..

အ​ကြောင်းမလှလို့ဇာတ်​သိမ်းခဲ့ရတဲ့အိမ်​​ထောင်​​ရေးမှာ ဘာကိုမှ အပြစ်​တင်​ပြီးပူ​ဆွေးမ​နေ​တော့တာ..မချစ်​ခဲ့လို့ မချစ်​​တော့လို့မဟုတ်​ဘူး..ဘယ်​သူမဆိုကိုယ်​ချစ်​တဲ့သူနဲ့ ​ပေါင်းချင်​ကြတာချည်းပဲ…အနိမ့်​အမြင့်​ကို ကြိုးစားခဲ့လို့ အခုချိန်​ထိသမီး​လေးအတွက်​အ​ဖေအ​မေ​ကောင်း​တွေဖြစ်​​နေကြတုန်းပဲ…

ပြန်​​ပေါင်းဖို့မကြိုးစားဘူးတဲ့သူဘယ်​သူရှိမလဲ…မဖြစ်နိုင်​​တော့လို့​ပါ့..ဘယ်​သူမှမမြင်​ရတဲ့ခံစားချက်​​တွေကိုယ်​စီရှိ​နေကြလို့​ပေါ့….လက်​ရှိကိုယ့်​ကိုချစ်​​နေတဲ့သူက ကိုယ့်​​အ​ပေါ် …နားလည်​တယ်​..အဲ့လိုခံစားချက်​​တွေကို..ကိုယ်​ကချစ်​သ​လောက်​ ဂရုစိုက်​သ​လောက်​တန်​ဖိုးမထားခံရတာ​တွေ…ကိုယ့်​လိုမကြုံ​စေချင်​ဘူး…

အဲ့​တော့ ကျမကို အားမ​ပေးချင်​​တော့ဘူးဆိုလဲရပါတယ်​..ဘယ်​သူ့ကိုမှ မ​စော်​ကားပါဘူး မုန်းလဲမမုန်းပါဘူး…ကဲ့ရဲ့ချင်​လဲကဲ့ရဲ့နိုင်​ကြပါတယ်​…ဒါ​ပေမဲ့ ကျမက​တော့ ကျမလိပ်​ပြာကျမလုံတယ်​..သူများလင်​မခိုးဘူး..ကိုယ့်​​ကြောင့်​သူများမျက်​ရည်​မကျဘူး…သူများအ​ကြောင်းလဲစိတ်​မဝင်​စားဘူး..ကျမကိုချစ်​ဆဲ့သူ​တေအ​ကြောင်းပဲအခုစိတ်​ဝင်​စားတယ်..ဘာပဲဖြစ်​ဖြစ်​အရင်​တုန်းကအတိုင်းပဲ ကျမ မညာတတ်​​သေးတာဘုရားကို​ကျေးဇူးတင်​တယ်”
Source;chan nyein’sf/b

No comments:

Post a Comment