Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 6, 2019

ပ႒ာန္းရြတ္ရင္ ခိုက္တတ္တယ္ ဆိုတာ တကယ္ဟုတ္ရဲ႕လား(ဗုဒၶဘာသာ၀င္တိုင္း ဖတ္သင့္ပါသည္)

ပ႒ာန္းမရြတ္ေကာင္းဘူးဆိုတာ ဟုတ္ရဲ့လား

တစ္ေလာက တရားပဲြတစ္ခုုမွာ တရားပဲြၿပီးေတာ့ ဒကာေလးတစ္ေယာက္က အေမးတစ္ခုု ေမးေလွ်ာက္လာပါတယ္။ သူက “အရွင္ဘုုရား တပည့္ေတာ္ သိတဲ့သူ တစ္ခ်ိဳ႕က တပည့္ေတာ္ ပ႒ာန္းရြတ္တာနဲ႔ ပတ္သက္ၿပီး လူေတြအေနနဲ႔ ကိုုယ့္အိမ္ေတြဆုုိင္ေတြမွာပ႒ာန္းမရြတ္ေကာင္းေၾကာင္း၊ ပ႒ာန္းရြတ္ရင္ အေစာင့္နတ္ေတြက မေနႏုုိင္ၾကဘဲ ျဖစ္တဲ့အျပင္ ကုုိယ့္ကုုိလည္း သူတုုိ႔က မေစာင့္ေရွာက္ႏုုိင္ေၾကာင္း၊ ပ႒ာန္း က အရမ္းျမင့္တဲ့အတြက္ ပ႒ာန္းေဒသနာေတာ္ေၾကာင့္ နိမ့္က်တဲ့သတၱဝါေတြမွာ ဒုုကၡျဖစ္တတ္ေၾကာင္း ေျပာဆုုိၾကပါတယ္ဘုုရား၊ တပည့္ေတာ္ကေတာ့ အဲဒီအယူအဆအေပၚမွာ ယုုံၾကည္မႈမရွိတဲ့အတြက္ ရြတ္ၿမဲအတုုိင္း ရြတ္ပါတယ္၊ ဒါေပမယ့္ တစ္ခ်ိဳ႕မသိတဲ့သူေတြက ဟုုတ္မ်ားဟုုတ္ေလမလားဆုုိတဲ့ သံသယေတြ ဝင္သြားတတ္ၾကပါတယ္ဘုုရား၊

အဲဒါ သူတုုိ႔ေျပာသလုုိ ပ႒ာန္းေဒသနာေတာ္ဟာ တကယ္ပဲ အိမ္ေတြဆုုိင္ေတြမွာ မရြတ္သင့္ဘူးလားဘုုရား၊ ရြတ္ရင္ တကယ္ပဲ နတ္ေတြက မေနႏုုိင္ျဖစ္ၾကပါသလားဘုုရား” စသျဖင့္ ေလွ်ာက္ထားလာပါတယ္။ “အဲဒီအယူအဆဟာ မဟုုတ္ပါဘူး၊ ဘာမွလည္း အေျခအျမစ္ မရွိတဲ့အျပင္ ဗုုဒၶဘာသာ ႐ႈေထာင့္ကၾကည့္ရင္ ဒါဟာ အေတာ့္ကုုိလဲြေနတဲ့ ကိစၥပဲ”လုုိ႔ သူ႔အေမးကုုိ အေျဖေပးရင္း လဲြေနတတ္တဲ့ အလဲြတစ္ခုုအျဖစ္ စာတစ္ပုုဒ္ ေရးထုုတ္ျဖစ္ခဲ့ပါတယ္။

ဟုုတ္တယ္။ ဒီပ႒ာန္းေဒသနာ ရြတ္ဖတ္တာနဲ႔ ပတ္သက္ၿပီး တစ္ခ်ိဳ႕လူေတြမွာ အဲလုုိ အယူအဆေတြ ရွိေနတာကုုိ ဘုုန္းဘုုန္းကုုိယ္တုုိင္လည္း ႀကဳံဖူး၊ ေဟာဖူးပါတယ္။ သူတုုိ႔က ပ႒ာန္းေဒသနာေတာ္ဟာ အလြန္ျမင့္ျမတ္တဲ့အတြက္ ရဟန္းသံဃာေတာ္မ်ား၊ ျမင့္ျမတ္တဲ့ ပုုဂၢိဳလ္မ်ားနဲ႔ပဲ သက္ဆုုိင္တယ္၊ အပ္စပ္တယ္လုုိ႔ ထင္ျမင္ေနၿပီး သာမာန္လူေတြအတြက္ ပ႒ာန္းေဒသနာေတာ္ဟာ အရမ္းျမင့္ၿပီး မတန္မရာ ဆုုိရင္ အႏၲရာယ္ေတာင္ ျဖစ္ေစႏုုိင္တယ္လုုိ႔ ထင္ျမင္ယူဆေနတဲ့ သေဘာရွိပါတယ္။ ပ႒ာန္းေဒသနာေတာ္ေၾကာင့္ အႏၲရာယ္ မကင္းတဲ့အျပင္ နတ္ေတြေတာင္ မေနႏုုိင္တဲ့အတြက္ အခန္႔မသင့္ရင္ ကုုိယ့္ကုုိခုုိက္ေတာင္ ခုုိက္ေစႏုုိင္တယ္လုုိ႔ ထင္ေနတတ္တဲ့ သေဘာရွိပါတယ္။

မွားေလစြလုုိ႔ေတာင္ ေျပာရမလုုိ ျဖစ္ေနပါၿပီ။ သူတုုိ႔ထင္လုုိက္မွပဲ ဘုုရားရွင္ရဲ႕ ဓမၼေဒသနာေတာ္ဟာ သတၱဝါေတြ အတြက္ ထိခုုိက္ေစတဲ့အဆင့္ေတာင္ ျဖစ္ကုုန္ေတာ့တာပဲ ျဖစ္ပါတယ္။ သူတုုိ႔ထင္လုုိက္မွပဲ သတၱဝါေတြ အက်ိဳးအတြက္ မေနမနား ေဟာၾကားေတာ္မူခဲ့တဲ့ ဗုုဒၶရဲ႕ ေဒသနာေတာ္ေတြဟာ အက်ိဳးမျပဳတဲ့သေဘာ သက္ေရာက္သြားသလုုိ ျဖစ္ေနပါတယ္။ ဘုုရားရွင္ ကုုိယ္ေတာ္ျမတ္ႀကီး ကုုိယ္ေတာ္တုုိင္ ဒီပ႒ာန္း ေဒသနာေတာ္ကုုိ ဆင္ျခင္ေတာ္မူတဲ့ အခါမွာ ကုုိယ္ေတာ္ျမတ္ရဲ႕ ခႏၶာကုုိယ္မွာ ေရာင္ျခည္ေတာ္ေတြ ကြန္႔ျမဴးလာတာ၊ ဝါေတာ္ (၇)ဝါေျမာက္မွာ တာဝတႎသာ နတ္ျပည္ကုုိ ၾကြေရာက္ေတာ္မူၿပီး နတ္ျပည္ေလာကသားေတြ နာၾကားႏုုိင္ဖုုိ႔ ေဟာၾကားေတာ္မူခဲ့တာေတြဟာ အခုုလုုိ ဘာမွမသိတဲ့သူေတြရဲ႕ အထင္အျမင္ အယူအဆေတြေၾကာင့္ နတ္ေတြပဲ မေနႏုုိင္သလုုိလုုိ၊ လူကုိပဲ ထိခုုိက္ေစသလုုိ လဲြကုုန္ေတာ့တာ ျဖစ္ပါတယ္။

အမွန္ေတာ့ ပ႒ာန္းရြတ္ျခင္းအားျဖင့္ ဘယ္သူ႔ကုုိမွ မထိခုုိက္တဲ့အျပင္ ရြတ္သူကုုိေရာ၊ နာသူေတြကုုိပါ အေကာင္းဆုုံး အက်ိဳးတရားေတြကုုိ ျဖစ္ေစတာ အေသအခ်ာပဲ ျဖစ္ပါတယ္။ ပ႒ာန္းေဒသနာေတာ္ဟာ ရြတ္ဖတ္သူေတြကုုိ လက္ေတြ႕ဘဝမွာ ႐ုုပ္အဆင္းအဂၤါ ၾကည္လင္ေစလာသလုုိ၊ နတ္ေကာင္းနတ္ျမတ္ေတြရဲ႕ ခ်စ္ခင္မႈ၊ ေစာင့္ေရွာက္မႈ၊ အမ်ားတကာရဲ႕ ျမတ္ႏုုိးမႈေတြကုုိ ျဖစ္ေစတတ္တဲ့အျပင္ ပ႒ာန္းေၾကာင့္ နတ္ေတြ မေနႏုုိင္ ျဖစ္ရတယ္ဆုုိရင္လည္း အဲဒီ နတ္ေတြဟာ မေကာင္းတဲ့၊ ကုုိယ့္ကုုိ ဒုုကၡေပးမယ့္ နတ္ေတြပဲ ျဖစ္ေနမွာ အမွန္ပဲ ျဖစ္ပါတယ္။

သူေတာ္ေကာင္းတရားကုုိ သူေတာ္ေကာင္းနတ္ေတြကပဲ ခ်စ္ျမတ္ႏုုိးတတ္တာ ျဖစ္တဲ့အတြက္ နတ္သူေတာ္ေတြခ်စ္ခင္ၿပီး မေကာင္းတဲ့ နတ္ေတြ လြင့္စင္ေစတာဟာ ပ႒ာန္းေဒသနာေတာ္ရဲ႕ အစြမ္းအာနိသင္ပဲ ျဖစ္ပါတယ္။ ဒီလုုိ ပ႒ာန္းရြတ္လုုိ႔ မေကာင္းတဲ့ နတ္ေတြေပ်ာက္သြားတာဟာ လက္ေတြ႕က်တဲ့ သေဘာပဲ ျဖစ္တဲ့အတြက္ ပ႒ာန္းေၾကာင့္ ဘာျဖစ္တယ္၊ ဘာေပ်ာက္တယ္၊ ဘာထိခုုိက္တယ္ဆုုိတာ မလုုိခ်င္သူေတြ၊ မေကာင္းတဲ့ နတ္ေတြရွိေနတာကုုိပဲ အလုုိရွိေနသူေတြဆုုိရင္ေတာ့ပ႒ာန္းေဒသနာေတာ္ကုုိ မရြတ္ခ်င္လည္း ေနလုုိ႔ရတာ ျဖစ္ပါတယ္။ ဗုုဒၶဘာသာေတြရဲ႕ ဘဝတည္ေဆာက္မႈဟာ ယုုံၾကည္မႈ သဒၶါတရားကုုိ ပညာနဲ႔ယွဥ္ၿပီး တည္ေဆာက္ၾကရတာ ျဖစ္တဲ့အတြက္ ကုုိယ့္ရဲ႕လုုပ္ေဆာင္မႈေတြကုုိ ကုုိယ္ကုုိယ္တုုိင္ပဲ ျဖစ္သင့္သလား၊ မျဖစ္သင့္ဘူးလား စဥ္းစားဆင္ျခင္ၾကရမွာ ျဖစ္ပါတယ္။

ၿပီးေတာ့ ျမတ္စြာဘုုရားရွင္ရဲ႕ ပ႒ာန္းေဒသနာေတာ္ဟာ ဘယ္သူ႔အတြက္ပဲ ရည္ရြယ္ၿပီးေဟာထားတာ၊ ဘယ္သူမွပဲ ရြတ္ဆုုိပူေဇာ္ႏုုိင္တာဆုုိတဲ့ သတ္မွတ္ခ်က္နဲ႔ ေဟာၾကားထားတာ မဟုုတ္ပါဘူး။ ေဝေနယ်အမ်ားအတြက္၊ ကၽြတ္ထုုိက္တဲ့သူေတြအတြက္ ေဟာၾကားထားတာ ျဖစ္တဲ့အတြက္ ဘယ္သူပဲရြတ္ရြတ္၊ ဘယ္သူပဲနာနာ၊ ဘယ္လုုိေနရာမွာပဲရြတ္ရြတ္၊ ဘယ္လုုိအခ်ိန္မ်ိဳးပဲ ရြတ္ရြတ္ အခ်ိန္မေရြး၊ ေနရာမေရြး၊ ပုုဂၢိဳလ္မေရြး ရြတ္ဆုုိပူေဇာ္ႏုုိင္တာ ျဖစ္ပါတယ္။ အဓိကေတာ့ ရြတ္ဖတ္သူရဲ႕ စိတ္ေစတနာနဲ႔ နားၾကားသူရဲ႕ သဒၶါတရား အေပၚမွာပဲ မူတည္ေနတာ ျဖစ္ပါတယ္။ ဘယ္သူမဆုုိ စစ္မွန္တဲ့သဒၶါတရားနဲ႔ ရြတ္ဆုုိႏုုိင္မယ္ဆုုိရင္ ရြတ္ႏုုိင္တာနဲ႔အမွ် အက်ိဳးတရားေကာင္းေတြ ရရွိေနမွာ ျဖစ္ပါတယ္။

ဘာျဖစ္ခ်င္လုုိ႔ ဘာရခ်င္လုုိ႔ စတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ရြတ္ဆုုိတဲ့ ပုုံစံမ်ိဳးမဟုုတ္ဘဲ ဘုုရားရွင္ကုုိ ပူေဇာ္တဲ့အေနနဲ႔ တရားေတာ္ကုုိ ပူေဇာ္တဲ့အေနနဲ႔ ကုုိယ့္ကုုိယ္ကုုိ အကုုသုုိလ္အျဖစ္ နည္းေစဖုုိ႔နဲ႔ ကုုသုုိလ္တရား တုုိးပြားေစဖုုိ႔ စတဲ့ သဒၶါတရား အေျခခံထားၿပီး ရြတ္ဆုုိႏုုိင္မယ္ဆုုိရင္ ကံတရားဟာ သူ႔အလုုပ္သူလုုပ္သြားမွာပဲ ျဖစ္ပါတယ္။ အက်ိဳးေပးမွာက ကံရဲ႕အလုုပ္ျဖစ္ၿပီး လက္ေတြ႕က်င့္ႀကံ အားထုုတ္ရမွာက ကုုိယ့္ရဲ႕အလုုပ္ပဲ ျဖစ္တဲ့အတြက္ ကုုိယ့္အလုုပ္ကုုိကုုိယ္ အေကာင္းဆုုံးျဖစ္ေအာင္ လုုပ္ၾကဖုုိ႔ပဲ ျဖစ္ပါတယ္။

ဆုုိလုုိတာက လူေတြအေနနဲ႔ ကုုိယ့္ေနရာ၊ ကုုိယ့္ဝန္းက်င္မွာ ပ႒ာန္းေဒသနာေတာ္ကုုိ ရြတ္ဆုုိပူေဇာ္တဲ့အခါမွာ မရြတ္ေကာင္းဘူး၊ ဘာျဖစ္တတ္တယ္၊ ညာျဖစ္တတ္တဲ့ဆုုိတဲ့ အယူအဆေတြဟာ ဘုုရားေဟာထားတဲ့ အယူအဆေတြ မဟုုတ္သလုုိ လက္ေတြ႕မွာလည္းပဲ အဓိပၺါယ္မရွိတဲ့ လဲြမွားေနတဲ့ အယူအဆေတြ ျဖစ္တဲ့အတြက္ ဒီလုုိ အယူအဆေတြေၾကာင့္ ပ႒ာန္းေဒသနာေတာ္ ရြတ္ဖတ္ပူေဇာ္မႈနဲ႔ ပတ္သက္ၿပီး သံသယျဖစ္ေနသူေတြ အေနနဲ႔ ဘာသံသယမွ မရွိဘဲ ကုုိယ့္ယုုံၾကည္မႈ သဒၶါတရားနဲ႔အညီ ကုုိယ္ရြတ္ဆုုိပူေဇာ္ေနက် အတုုိင္းပဲ ပ႒ာန္းေဒသနာေတာ္ ရြတ္ဖတ္ပူေဇာ္မႈကုုိ ျပဳလုုပ္ဖုုိ႔နဲ႔ ရြတ္ဖတ္တဲ့အခါမွာလည္း ေစတနာ၊ သဒၶါတရားကုုိ အေျခခံကာ ေဝေနယ်အမ်ား က်န္းမာေစေၾကာင္း ေမတၱာေလာင္းၿပီး ရြတ္ပူေဇာ္သမွ် ကုုသုုိလ္အဖုုိ႔ကုုိပါ အမွ်အတမ္း ေပေဝးၾကဖုုိ႔ ဆုုိလုုိတာ ျဖစ္ပါတယ္။ ပ႒ာန္းရြတ္ျခင္းအားျဖင့္ ဘယ္သူ႔ကုုိမွလည္း ထိခုုိက္မႈ မျဖစ္ႏုုိင္သလုုိ ကုုိယ့္သႏၲာန္မွာလည္း ကုုသုုိလ္တရား တုုိးေစႏုုိင္တာ ျဖစ္တဲ့အတြက္ ဘယ္သူေတြဘာေျပာေျပာ ကုုိယ့္ေစတနာအတုုိင္းသာ ရြတ္ၿမဲရြတ္ၾကဖုုိ႔ အသိေပး တုုိက္တြန္းလုုိတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ပ႒ာန္းေဒသနာေတာ္ ရြတ္ဖတ္ပူေဇာ္မႈနဲ႔ ပတ္သက္ၿပီး ဟုုိစကားဒီစကားေၾကာင့္ သုုိ႔ေလာသုုိ႔ေလာ သံသယပြားေနသူမ်ား အေနနဲ႔ ဘာမွသံသယ ပြားေနစရာမလုုိဘဲ ကုုိယ္လုုိသလုုိ ရြတ္ဆုုိပူေဇာ္ႏုုိင္တာ ျဖစ္တဲ့အတြက္ ကုုိယ့္အတုုိင္းအတာနဲ႔ကုုိယ္ သဒၶါ၊ ေစတနာအျပည့္နဲ႔ ႀကိဳးစားရြတ္ဆုုိၾကဖုုိ႔နဲ႔ ဒီပ႒ာန္းကုုိ အိမ္မွာလူပုုဂၢိဳလ္ေတြ အေနနဲ႔ မရြတ္ေကာင္းဘူးလုုိ႔ ထင္ေနၾကသူေတြ အေနနဲ႔လည္း ဒီအယူအဆဟာ ဘုုရားေဟာ မဟုုတ္သလုုိ အဓိပၺါယ္မရွိတဲ့ အယူအဆပဲ ျဖစ္တဲ့အတြက္ ဒီလုုိအယူအဆလဲြကုုိ အျမန္ဆုုံး ျပင္ဆင္လုုိက္ၾကဖုုိ႔ အသိေပးရင္း လဲြေနတတ္တဲ့ အလဲြတစ္ခုုအျဖစ္ ႐ုုိးသားစြာ တင္ျပလုုိက္ရပါတယ္။
မနာပဒါယီ အရွင္၀ိစိတၱ

#Unicode Version#
 ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား

တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊

အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။

ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။

မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။

အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့ မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။

သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။

ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့ ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။
မနာပဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment