Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 14, 2019

ဗိုလ္ေအာင္ဒင္ သီးခ်င္းေခြ ရွာမရသျဖင့္ (၇)လႊာ ေခါင္မိုးေပၚမွ ခုန္ခ်မႈျဖစ္ပြား


ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တစ္ေထာင္ျမိဳ႕နယ္၊ ကမ္းနားလမ္းတြင္ေနထိုင္သူ အသက္၃၅ နွစ္အရြယ္ အမ်ိဳးသားတစ္ဦး ေနအိမ္၌ ဗိုလ္ေအာင္ဒင္သီခ်င္းေခြ ရွာမေတြ႕သျဖင့္ ခုန္ခ်သတ္ေသမႈ႕ျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။

“ကို••••တြင္ ယေန႔ ေန႕လည္ ၁၂နာရီခန္႔၌ သီခ်င္းဆိုရန္ အေခြရွာမေတြ႕သျဖင့္ မိဘမ်ားအားေမးျမန္ရာ မိဘမ်ားမွ ဆယ္တန္းစာေမးပြဲရွိသျဖင့္ ဆို၍မရဘူး။ ဆယ္တန္း စာေမးပြဲျပီးမွ ဆိုရန္ဟုေျပာၾကား၍

သီခ်င္းေခြအား ဘယ္ေခ်ာင္ေရာက္ေနမွန္း သူတို႕လည္း မသိဘူးဟု ေျပာေနခ်ိန္ ေသဆံုးသူ ကို•••••မွ ေခြမထုတ္ေပးလည္း ရတယ္ဟု ႀကိမ္းေမာင္းေျပာျပီး ေနာက္ေဖးေလွကားမွ အေပၚအမိုးေပၚသို႕တက္သြားျပီး ခုန္ခ်သတ္ေသခဲ့တယ္ဟု စုံစမ္းသိရွိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ ဗိုလ္တစ္ေထာင္နယ္ေျမမွ ေသမႈ​ေသခင္း ရာဇသတ္ႀကီးပုဒ္မ ၈/၂၀၁၉ ျဖင့္ အမႈဖြင့္ကာ စစ္ေဆးလ်ွက္ရွိေႀကာင္း သိရွိရသည္။

သာခိုင္(မုနိၿမီ)

Unicode version
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ကမ်းနားလမ်းတွင်နေထိုင်သူ အသက်၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်၌ ဗိုလ်အောင်ဒင်သီချင်းခွေ ရှာမတွေ့သဖြင့် ခုန်ချသတ်သေမှု့ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ကို••••တွင် ယနေ့ နေ့လည် ၁၂နာရီခန့်၌ သီချင်းဆိုရန် အခွေရှာမတွေ့သဖြင့် မိဘများအားမေးမြန်ရာ မိဘများမှ ဆယ်တန်းစာမေးပွဲရှိသဖြင့် ဆို၍မရဘူး။ ဆယ်တန်း စာမေးပွဲပြီးမှ ဆိုရန်ဟုပြောကြား၍

သီချင်းခွေအား ဘယ်ချောင်ရောက်နေမှန်း သူတို့လည်း မသိဘူးဟု ပြောနေချိန် သေဆုံးသူ ကို•••••မှ ခွေမထုတ်ပေးလည်း ရတယ်ဟု ကြိမ်းမောင်းပြောပြီး နောက်ဖေးလှေကားမှ အပေါ်အမိုးပေါ်သို့တက်သွားပြီး ခုန်ချသတ်သေခဲ့တယ်ဟု စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ဗိုလ်တစ်ထောင်နယ်မြေမှ သေမှုသေခင်း ရာဇသတ်ကြီးပုဒ်မ ၈/၂၀၁၉ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

သာခိုင်(မုနိမြီ)

No comments:

Post a Comment