Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 14, 2019

တစ္ရက္ကို …..သိန္းခ်ီျပီး ေရာင္းေကာင္းေနတဲ့ ကြမ္းယာဆိုင္ရဲ႕…. ေရာင္းအားဘာေၾကာင့္ေကာင္းလည္း၊ …….ဘာေၾကာင့္လူၾကိဳက္မ်ားရလည္း ဆိုတဲ့ လွ်ိဳ႕၀ွက္ခ်က္ ကိုမွ်ေ၀ေပးလိုက္ပါတယ္ “


ကြမ္းဝယ္ရာတြင္ စီးပြားေရးအျမင္အရ ကြမ္းရြက္ေသးေသးကိုသာ ဝယ္ရမည္။ အရြက္ေသးပါက ပိႆာလိုက္ ဝယ္ယူရာတြင္ ရြက္ေရမ်ားမ်ားပိုရသျဖင့္ ကြမ္းယာအတြက္ပိုျခင္းေၾကာင့္ျဖစ္သည္။
ကြမ္းရြက္ကို အရင္း(အ႐ိုး)ဘက္ႏွင့္ အဖ်ားဘက္ကို ညႇပ္ထားရသည္။

ကြမ္းရြက္ကို ေရေဆးၿပီး ဒိန္ခ်ဥ္ႏွင့္စိမ္ကာ ကြမ္းဘန္းထဲတြင္ ညီညီညာညာမ်ွတ လွပေအာင္ စိမ္ထား ႏွပ္ထားပါက မိမိဆိုင္မွ ကြမ္းယာကို စားလိုက္သည္ႏွင့္ ႏုႏုညံ့ညံ့အရသာကို ရ႐ွိေစၿပီး စားသုံးသူမ်ား အႀကိဳက္ေတြ႕ေစမည္ ျဖစ္ပါသည္။

ထုံးစပ္နည္း
ထုံး ၃ပိႆာ၊ဆား ၅၀-သား၊ ေက်ာက္ခ်ဥ္ ၁၀-သားပထမအဆင့္ထုံးကို အင္တုံႀကီးထဲတြင္ ေရအနည္းငယ္ထည့္၍ ေျခပါ။

ေက်ာက္ခ်ဥ္ ၁၀-သားကို အမႈန္႔ျပဳၿပီးထည့္ပါ။ ႏွံ႔ေအာင္ေမႊပါ အထက္ေအာက္ ႏွံ႔ပါက ဆား၅၀-သားကို ထည့့္လိုက္ပါ ႏွံ႔ေအာင္ေမႊပါ။

ဒုတိယအဆင့္ေရေႏြးဆူၿပီးသားကို ထုံ ေက်ာက္ခ်ဥ္ ဆား ထည့္ၿပီးသားထဲကို ေလာင္းထည့္ၿပီးေမႊပါ။ ေရထည့္ၿပီး ဖုံးအုပ္ပါ။ ၅-ရက္ခန္႔ၾကာေသာ္

ထုံးအိုးထဲမွ အရည္ၾကည္မ်ားကို သြန္ပါ။ ေရအသစ္ကိုထည့္ၿပီး တစ္ညအိပ္ စိမ္ပါ၊ မနက္လင္းရင္ အေပၚေရၾကည္ကိုသြန္။ ေျမအိုးမွာထည့္ၿပီး ပြက္ေအာင္က်ိဳပါ၊

မီးအေနေတာ္ေလာက္ ဆူပြက္လာရင္ အေအးခံထား၊အေရၾကည္ကိုသြန္၊ေရျပန္ထည့္၊ ညသိပ္ၿပီး မနက္တိုင္း ေရၾကည္လဲေပးပါ၊ေန႔စဥ္ေရလဲေပးရမည္။

တစ္ေန႔စာထုံးကို ေရေဖ်ာ္ၿပီး ပိတ္ပါးပါးနဲ႔စစ္ခ်ပါ။ ခဲ သလဲေတြစင္ၿပီး ႏုညံ႔တဲ့ထုံးကိုရမယ္။ ထုံးကို အခ်ိဳမႈန္႔နည္းနည္း ဆားနည္းနည္းခ်ိန္ဆထည့္ပါ။ ထုံးကို ေရေဖ်ာ္ရာမွာ ေရေႏြးသုံးရမယ္။ ဒါက နည္းတစ္မ်ိဳးျဖစ္သည္။

ေနာက္တစ္နည္းကထုံးကို အခ်ိန္တစိဆယ္ ႏွစ္ဆယ္ စသည္ျဖင့္ ဝယ္ထားပါ၊ ထုံးကို စဥ့္အိုးမ်ားတြင္ထည့္၍ ေရအျပည့္ထည့္ၿပီး စိမ္ထားပါ၊

ထုံးေရၾကည္မ်ားကို မၾကာခဏ သြန္ၿပီး ေရအသစ္ထည့္ကာ လဲလွယ္ေပးရမည္။တစ္ခ်ိဳ႕ေသာ ထုံးအိုးမ်ားမွာ ႏွစ္ႏွင့္ခ်ီၾကာေအာင္ပင္ ေရစိမ္ထားၾကရသည္။

ထို႔ေၾကာင့္ ထုံးစပ္ျခင္း၊ ထုံးေပါက္ျခင္း အာနိသင္မ်ား ေလ်ာ့သြားျခင္းျဖစ္သည္။

ထုံးအိုးမ်ားမွ ထုံးကို တစ္ေန႔စာ ေရာင္ကုန္မည့္အခ်ိဳးအစားကိုၾကည့္၍အသုံးျပဳရန္ ယူရမည္။ ေၾကးအိုး(သို႔မဟုတ္)ေျမအိုး စသည္တို႔တြင္ ထည့္ၿပီး တစ္ညလုံးေရစိမ္ထားရမည္။

နံနက္ဘက္တြင္ ေရၾကည္မ်ားကို သြန္ၿပီး ေရအသစ္ထည့္၍ ႏြားႏို႔ႏွင့္သမေအာင္ ေရာေမႊကာ အသုံးျပဳရမည္ ျဖစ္ပါသည္။

ထုံးမွာ ဆြဲတိုင္း လိုက္ၿပီး စားသုံးသူမ်ားမွာ အာေပါက္ျခင္း မ႐ွိေတာ့ေခ်။

သို႔ေသာ္ ႏိုးေရာစပ္ထားေသာ ထုံးမွာ တစ္ေန႔သုံးျဖစ္သျဖင့္ မကုန္လွ်င္ သြန္ပစ္ၿပီး အိုးကို သန္႔႐ွင္းေအာင္ စင္ၾကယ္စြာ ေဆးေၾကာထားရမည္။

ကြမ္းသီေစ်းထဲမွ ညႇပ္ၿပီးေရာင္းေသာ ကြမ္းသီးစိပ္မ်ားကို အသုံးမျပဳပါႏွင့္။

ကြမ္းသီးဝယ္ကာ ကြမ္းသီးျခမ္းကို ေရဝေအာင္ စိမ္ၿပီး ညႇပ္ကာေနပူပူတြင္ ႂကြပ္ေအာင္ လွန္းထားရသည္။
ယင္းေနာက္ မျပင္းလြန္း မပူလြန္းေသာ မီး႐ွိန္႐ွိန္တြင္ ကြမ္းသီးကို မတူးေအာင္ မခ်စ္ေအာင္ေလွာ္ေပးရသည္။

ဤကဲ့သို႔ ေလွာ္ထားေသာ ကြမ္းသီးစိပ္မွာ စားရာတြင္ ပ်င္းတြဲျခင္းမ႐ွိဘဲ ႂကြပ္ႂကြပ္ရြရြျဖစ္ၿပီး စားသူ၏ သြားကို ဝါးခ်င္ၿပီးရင္း ဝါးခ်င္လာေအာင္စြဲေဆာင္မႈတစ္မ်ိဳးပင္ျဖစ္သည္။

႐ွားေစး
႐ွားေစးမွာ ထုံးႏွင့္မိတ္ဘက္ျဖစ္သည္။ ထုံးမ်ားလွ်င္လည္း စားမေကာင္း၊ ႐ွားေစးမ်ားလွ်င္လည္းစားမေကာင္း ျဖစ္တတ္သည္။ ႐ွားေစးမွာ ထုံးကို ႏိုင္ေပသည္။

သို႔ရာတြင္ ႐ွားေစးမမ်ားဖို႔ လက္အခ်ိန္အဆ ကြၽမ္းက်င္မႈလိုသည္။ ႐ွားေစးမွာ ထုံးကဲ့သို႔ပင္ အိုးထဲတြင္ အရည္ေဖ်ာ္ကာ စိမ္ထားၿပီး နံနက္ဘက္တြင္ အဖန္ရည္မ်ား သြန္ပစ္ကာ အာေမႊးဆီထည့္ၿပီး သမေပးရမည္။

႐ွားေစးအနံ႔မွာ သင္းပ်ံ႕ပ်ံ႕ႏွင့္ စားသုံးသူမ်ား အႀကိဳက္ေတြ႕ေစမည္ျဖစ္သည္။

ဗမာေဆး
ေဆးကို တစ္ေန႔စာအတြက္သာ ကြမ္းတယာသုံး အရြယ္မ်ား ညႇပ္ထားၿပီး ေလးလံေအာင္ထားရမည္။
က်န္ေဆးမ်ားကို မၾကာခဏ ေနပူလွန္းေပးရမည္။

အစိုျပန္ျခင္မွ ကာကြယ္ရေလသည္။ ေလသလပ္ကာ အစိုျပန္ပါက ေဆူအရသာမွာ ပူစပ္ခါးျဖစ္ၿပီး အရသာမေကာင္းေခ်။ယင္းအတြက္ေၾကာင့္ ေဆးကို စကၠဴျဖင့္ပတ္ၿပီး စကၠဴေပၚမွ အဝတ္ (သို႔မဟုတ္)အိတ္ျဖင့္ ပတ္ထားရမည္။

ကြမ္းယာ အဓိကပစၥည္းမ်ား

၁။ကြမ္း
၂။ထုံး
၃။ကြမ္းသီး
၄။႐ွားေစး
၅။ဗမာေဆး
၆။ဗူးေဆး
၇။ပုလင္းေဆး

အရန္ပစၥည္းမ်ား
၁။အာေမႊး အလုံး
၂။အာေမႊး(အရည္)ေခၚပ႐ုတ္အာေမႊး
၃မုံစပါး
၄။နံနံေစ့
၅။ႏြယ္ခ်ိဳ အမႈန္႔ႀကိတ္ၿပီး
၆။ႏြယ္ခ်ိဳ အျမစ္
၇။ကြမ္းစားဂမုန္း
၈။ဘိတ္ေစ့
၉။ႏွပ္ေဆး
၁၀။ပ႐ုပ္
၁၁။ေလညႇင္း
၁၂။ကြန္းသီးအမႈန္႕
၁၃။ဖာလာေစ့
၁၄။အာေမႊးဆီ(႐ွားေစးေဖ်ာ္ရာတြင္အသုံးျပဳရန္)
၁၅။ဒိန္ခ်ဥ္(ကြမ္းအတြက္အသုံးျပဳရန္)
၁၆။ႏြားႏို႔(ထုံးေဖ်ာ္ရာတြင္အသုံးျပဳရန္)

အထက္ပါ ပစၥည္မ်ား စုံစုံလင္လင္႐ွိၿပီး ေျပာျပထားသည့္ လွ်ိဳ႕ဝွက္ခ်က္နည္းပညာအတိုင္း ကြမ္းယာဆိုင္ေထာင္ကာ အသုံးျပဳၾကမည္ဆိုပါက မိတ္ေဆြ၏ ဆိုင္သည္

အဆင္ေျပ ၿပီး လူႀကိဳက္မ်ားေသာ စားသုံးသူတို႔ အသဲစြဲေသာ ကြမ္းယာဆိုင္ေကာင္း တစ္ဆိုင္ျဖစ္မည္ဆိုတဲ့အေၾကာင္းစာခ်စ္သူ မိတ္ေဆြမ်ားႏွင့္ ရင္းႏွီးေသာမိတ္ေဆြမ်ားအတြက္ ဘဝတြင္ လက္ေတြ႕အသုံးက်ေစမည့္ကြမ္းယာ၏ လွ်ိဳ႕ဝွက္ခ်က္နည္းလမ္းအား စာေရးသူ သိ႐ွိ မွတ္သားမိသမ်ွ ေစတနာ ဆနၵအရင္းခံ၍ အသိအျမင္ ဗဟုသု�တမ်ား မွ် ေဝေပးလိုက္ျခင္းျဖစ္ပါသည္။

credit

Unicode

ကွမ်းဝယ်ရာတွင် စီးပွားရေးအမြင်အရ ကွမ်းရွက်သေးသေးကိုသာ ဝယ်ရမည်။ အရွက်သေးပါက ပိဿာလိုက် ဝယ်ယူရာတွင် ရွက်ရေများများပိုရသဖြင့် ကွမ်းယာအတွက်ပိုခြင်းကြောင့်ဖြစ်သည်။

ကွမ်းရွက်ကို အရင်း(အရိုး)ဘက်နှင့် အဖျားဘက်ကို ညှပ်ထားရသည်။

ကွမ်းရွက်ကို ရေဆေးပြီး ဒိန်ချဉ်နှင့်စိမ်ကာ ကွမ်းဘန်းထဲတွင် ညီညီညာညာမျှတ လှပအောင် စိမ်ထား နှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကို စားလိုက်သည်နှင့် နုနုညံ့ညံ့အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။

ထုံးစပ်နည်း

ထုံး ၃ပိဿာ၊ဆား ၅၀-သား၊ ကျောက်ချဉ် ၁၀-သားပထမအဆင့်ထုံးကို အင်တုံကြီးထဲတွင် ရေအနည်းငယ်ထည့်၍ ခြေပါ။

ကျောက်ချဉ် ၁၀-သားကို အမှုန့်ပြုပြီးထည့်ပါ။ နှံ့အောင်မွှေပါ အထက်အောက် နှံ့ပါက ဆား၅၀-သားကို ထည့်လိုက်ပါ နှံ့အောင်မွှေပါ။

ဒုတိယအဆင့်ရေနွေးဆူပြီးသားကို ထုံ ကျောက်ချဉ် ဆား ထည့်ပြီးသားထဲကို လောင်းထည့်ပြီးမွှေပါ။ ရေထည့်ပြီး ဖုံးအုပ်ပါ။ ၅-ရက်ခန့်ကြာသော်

ထုံးအိုးထဲမှ အရည်ကြည်များကို သွန်ပါ။ ရေအသစ်ကိုထည့်ပြီး တစ်ညအိပ် စိမ်ပါ၊ မနက်လင်းရင် အပေါ်ရေကြည်ကိုသွန်။ မြေအိုးမှာထည့်ပြီး ပွက်အောင်ကျိုပါ၊

မီးအနေတော်လောက် ဆူပွက်လာရင် အအေးခံထား၊အရေကြည်ကိုသွန်၊ရေပြန်ထည့်၊ ညသိပ်ပြီး မနက်တိုင်း ရေကြည်လဲပေးပါ၊နေ့စဉ်ရေလဲပေးရမည်။

တစ်နေ့စာထုံးကို ရေဖျော်ပြီး ပိတ်ပါးပါးနဲ့စစ်ချပါ။ ခဲ သလဲတွေစင်ပြီး နုညံ့တဲ့ထုံးကိုရမယ်။ ထုံးကို အချိုမှုန့်နည်းနည်း ဆားနည်းနည်းချိန်ဆထည့်ပါ။ ထုံးကို ရေဖျော်ရာမှာ ရေနွေးသုံးရမယ်။ ဒါက နည်းတစ်မျိုးဖြစ်သည်။

နောက်တစ်နည်းကထုံးကို အချိန်တစိဆယ် နှစ်ဆယ် စသည်ဖြင့် ဝယ်ထားပါ၊ ထုံးကို စဉ့်အိုးများတွင်ထည့်၍ ရေအပြည့်ထည့်ပြီး စိမ်ထားပါ၊



ထုံးရေကြည်များကို မကြာခဏ သွန်ပြီး ရေအသစ်ထည့်ကာ လဲလှယ်ပေးရမည်။တစ်ချို့သော ထုံးအိုးများမှာ နှစ်နှင့်ချီကြာအောင်ပင် ရေစိမ်ထားကြရသည်။

ထို့ကြောင့် ထုံးစပ်ခြင်း၊ ထုံးပေါက်ခြင်း အာနိသင်များ လျော့သွားခြင်းဖြစ်သည်။

ထုံးအိုးများမှ ထုံးကို တစ်နေ့စာ ရောင်ကုန်မည့်အချိုးအစားကိုကြည့်၍အသုံးပြုရန် ယူရမည်။ ကြေးအိုး(သို့မဟုတ်)မြေအိုး စသည်တို့တွင် ထည့်ပြီး တစ်ညလုံးရေစိမ်ထားရမည်။

နံနက်ဘက်တွင် ရေကြည်များကို သွန်ပြီး ရေအသစ်ထည့်၍ နွားနို့နှင့်သမအောင် ရောမွှေကာ အသုံးပြုရမည် ဖြစ်ပါသည်။

ထုံးမှာ ဆွဲတိုင်း လိုက်ပြီး စားသုံးသူများမှာ အာပေါက်ခြင်း မရှိတော့ချေ။

သို့သော် နိုးရောစပ်ထားသော ထုံးမှာ တစ်နေ့သုံးဖြစ်သဖြင့် မကုန်လျှင် သွန်ပစ်ပြီး အိုးကို သန့်ရှင်းအောင် စင်ကြယ်စွာ ဆေးကြောထားရမည်။

ကွမ်းသီဈေးထဲမှ ညှပ်ပြီးရောင်းသော ကွမ်းသီးစိပ်များကို အသုံးမပြုပါနှင့်။

ကွမ်းသီးဝယ်ကာ ကွမ်းသီးခြမ်းကို ရေဝအောင် စိမ်ပြီး ညှပ်ကာနေပူပူတွင် ကြွပ်အောင် လှန်းထားရသည်။

ယင်းနောက် မပြင်းလွန်း မပူလွန်းသော မီးရှိန်ရှိန်တွင် ကွမ်းသီးကို မတူးအောင် မချစ်အောင်လှော်ပေးရသည်။

ဤကဲ့သို့ လှော်ထားသော ကွမ်းသီးစိပ်မှာ စားရာတွင် ပျင်းတွဲခြင်းမရှိဘဲ ကြွပ်ကြွပ်ရွရွဖြစ်ပြီး စားသူ၏ သွားကို ဝါးချင်ပြီးရင်း ဝါးချင်လာအောင်စွဲဆောင်မှုတစ်မျိုးပင်ဖြစ်သည်။

ရှားစေး

ရှားစေးမှာ ထုံးနှင့်မိတ်ဘက်ဖြစ်သည်။ ထုံးများလျှင်လည်း စားမကောင်း၊ ရှားစေးများလျှင်လည်းစားမကောင်း ဖြစ်တတ်သည်။ ရှားစေးမှာ ထုံးကို နိုင်ပေသည်။

သို့ရာတွင် ရှားစေးမများဖို့ လက်အချိန်အဆ ကျွမ်းကျင်မှုလိုသည်။ ရှားစေးမှာ ထုံးကဲ့သို့ပင် အိုးထဲတွင် အရည်ဖျော်ကာ စိမ်ထားပြီး နံနက်ဘက်တွင် အဖန်ရည်များ သွန်ပစ်ကာ အာမွှေးဆီထည့်ပြီး သမပေးရမည်။

ရှားစေးအနံ့မှာ သင်းပျံ့ပျံ့နှင့် စားသုံးသူများ အကြိုက်တွေ့စေမည်ဖြစ်သည်။

ဗမာဆေး

ဆေးကို တစ်နေ့စာအတွက်သာ ကွမ်းတယာသုံး အရွယ်များ ညှပ်ထားပြီး လေးလံအောင်ထားရမည်။

ကျန်ဆေးများကို မကြာခဏ နေပူလှန်းပေးရမည်။

အစိုပြန်ခြင်မှ ကာကွယ်ရလေသည်။ လေသလပ်ကာ အစိုပြန်ပါက ဆေူအရသာမှာ ပူစပ်ခါးဖြစ်ပြီး အရသာမကောင်းချေ။ယင်းအတွက်ကြောင့် ဆေးကို စက္ကူဖြင့်ပတ်ပြီး စက္ကူပေါ်မှ အဝတ် (သို့မဟုတ်)အိတ်ဖြင့် ပတ်ထားရမည်။

ကွမ်းယာ အဓိကပစ္စည်းများ

၁။ကွမ်း

၂။ထုံး

၃။ကွမ်းသီး

၄။ရှားစေး

၅။ဗမာဆေး

၆။ဗူးဆေး

၇။ပုလင်းဆေး

အရန်ပစ္စည်းများ

၁။အာမွှေး အလုံး

၂။အာမွှေး(အရည်)ခေါ်ပရုတ်အာမွှေး

၃မုံစပါး

၄။နံနံစေ့

၅။နွယ်ချို အမှုန့်ကြိတ်ပြီး

၆။နွယ်ချို အမြစ်

၇။ကွမ်းစားဂမုန်း

၈။ဘိတ်စေ့

၉။နှပ်ဆေး

၁၀။ပရုပ်

၁၁။လေညှင်း

၁၂။ကွန်းသီးအမှုန့်

၁၃။ဖာလာစေ့

၁၄။အာမွှေးဆီ(ရှားစေးဖျော်ရာတွင်အသုံးပြုရန်)

၁၅။ဒိန်ချဉ်(ကွမ်းအတွက်အသုံးပြုရန်)

၁၆။နွားနို့(ထုံးဖျော်ရာတွင်အသုံးပြုရန်)

အထက်ပါ ပစ္စည်များ စုံစုံလင်လင်ရှိပြီး ပြောပြထားသည့် လျှို့ဝှက်ချက်နည်းပညာအတိုင်း ကွမ်းယာဆိုင်ထောင်ကာ အသုံးပြုကြမည်ဆိုပါက မိတ်ဆွေ၏ ဆိုင်သည်

အဆင်ပြေ ပြီး လူကြိုက်များသော စားသုံးသူတို့ အသဲစွဲသော ကွမ်းယာဆိုင်ကောင်း တစ်ဆိုင်ဖြစ်မည်ဆိုတဲ့အကြောင်းစာချစ်သူ မိတ်ဆွေများနှင့် ရင်းနှီးသောမိတ်ဆွေများအတွက် ဘဝတွင် လက်တွေ့အသုံးကျစေမည့်ကွမ်းယာ၏ လျှို့ဝှက်ချက်နည်းလမ်းအား စာရေးသူ သိရှိ မှတ်သားမိသမျှ စေတနာ ဆန္ဒအရင်းခံ၍ အသိအမြင် ဗဟုသု�တများ မျှ ဝေပေးလိုက်ခြင်းဖြစ်ပါသည်။
credit

No comments:

Post a Comment