Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 29, 2019

ဓာတ်ခဲများစားမိ၍ ကလေးငယ် ၂ ဦး သေဆုံးမှု ပဲခူးမြို့တွင်ဖြစ်ပွား


ပဲခူး၊ မတ် ၂၈

ပါဝါတံဆိပ်ပါ ဓာတ်ခဲအတွင်းမှ အနက်ရောင်ကာဗွန်မှုန့်များ စားမိ၍ ကလေးငယ်(၂)ဦးသေဆုံးမှု ပဲခူးမြို့နယ်တွင် ဖြစ်ပွါးခဲ့ကြောင်း
သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ်လ ၂၈ ရက်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး ကမာနတ်ကျေးရွာနေ ဟိန်းမင်းထက် ၃ နှစ်၊ ဟိန်းကိုကို ၆ နှစ်တို့သည် စိုက်ပျိုးရေးဦးစီးဌာနပိုင် ခြံအတွင်းရှိ သရက်ပင်မှ သရက်သီးများကိုခူးယူပြီး ပါဝါတံဆိပ်ပါ ဓာတ်ခဲအတွင်းမှ အနက်ရောင် ကာဗွန်မှုန့်များဖြင့်တို့၍စားပြီး အိမ်သို့ပြန်လာခဲ့ကာ အိမ်အရောက်၌ ရင် ပူသည်ဟုဆိုကာ ရေချိုးသည့် ရေဇလုံအတွင်းမှရေများကိုခပ်၍သောက် စဉ် မူးပြီးလဲကျသွားကြောင်း သေဆုံးသူများနှင့် ညီအစ်ကိုဝမ်းကွဲတော် စပ်သူ ဟိန်းဇော်လတ်မှ ပြောကြားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သေဆုံးသူ ဟိန်းမင်းထက်နှင့် ဟိန်းကိုကိုတို့ ၂ ဦးအား ပဲခူးမြို့နယ်
ပြည်သူ့ဆေးရုံကြီးသို့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ပို့ခဲ့ပြီး နေ့ လည် ၂နာရီအချိန်တွင် သေဆုံးသူ ကလေးငယ် ၂ဦး၏ အလောင်းအား မှုခင်းဆေးဆရာဝန်ကြီး ဒေါက်တာ ဥာဏ်မင်းဦးမှ ရင်ခွဲစစ်ဆေးခဲ့
ကြောင်း သတင်းရရှိသည်။

သတင်း- ရန်ငြိမ်း
ဓာတ်ပုံ- ကလျာဏမိတ္တအသင်း

No comments:

Post a Comment