Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 14, 2019

လူပြောများနေတဲ့ တောင်ဥက္ကလာက အရိုးအကြောဆရာဝန်ကြီးအကြောင်း





စေတနာရှိသလောက်ပဲ ဆေးရုံအတွက်လှုခဲ့တဲ့ဆေးစာရေးပေးတယ် ပီးတာနဲ့ ချက်ချင်းအိမ်ပြန်လာခဲ့တယ်



ကျမ လန့်သွားတယ် အသားနာမှာ ကြောက်တာကိုးခါးကို ထုံဆေးပေးပီး ခွဲမှာ၎ သိန်းခွဲလောက် ကျမယ်နေ့တိုင်းလည်း ပိုးသတ်ဆေးလာထိုးရမယ်ကျောက်ပတ်တီးစီးရမယ် ထပ်ကုန်ဦးမယ် လှေကားတက်လို့မရဘူး လေ့ကျင့်ခန်းလုပ်ရမယ်တဲ့ အစုံပလုံပါပဲ ကိုယ်ကလည်း ကြောက်တတ်တော့ ဘယ်လောက်ကုန်ကုန် ခွဲမယ်ပေါ့ဖြစ်ချင်တော့ မနက် ၄ နာရီဆေးရုံလာ




















Su Wati

Unicode version
“ဖတ်သူ အကျိုးရှိပါမည် ချစ်မိတ်ဆွေတို့ 😍😘”

ကျမ ၂၄ မနက်က ဆိုင်ကယ်မှောက်တယ်ပေါ့ပေါင်ကွဲသွားတယ် ဒူးဂုံညင်းနေရာကချက်ချင်းပျော့ပျော့ ကြီးနဲ့ ဖောင်းလာတယ် ဘာဖြစ်မှန်းတော့ မသိဖေ့ဘုတ်တွေမှာ အစိုးရဆေးရုံ မကောင်းတာတွေ ကြားနေရတော့ကြောက်ကြောက်နဲ့ ပုဂ္ဂလိကဆေးရုံကိုပဲ ပို့ပေးဖို့ အခါခါပြောပေမယ့်ကားလိုက်မောင်းပေးတဲ့အကိုက အနီးဆုံးလှိုင်သာယာ အစိုးရဆေးရုံကိုပဲ ပို့ပေးပါတယ်

အပ်ကြောက် အသားနာ မှာကြောက်လို့ လိုတာထက် ခယ တောင်းပန်ကာထုံဆေးဖြင့် ချုပ်ပေးပါ့ပြောလို့ ချုပ်ပေးပါတယ် ဒါတောင် ဒေါက်တာမဟုတ်ပဲ ချုပ်ပေးတဲ့သူက နည်းနည်းလေး ဟောက်တာ ခံရသေး😅 မဆိုးပါဘူး ဒေါက်တာနဲ့ Nurse မ လေးတွေ သဘောကောင်းပါတယ်

မေးခိုင် ကာကွယ်ဆေး ထိုးပေးတယ် ဓါတ်မှန်ရိုက်ပေးတယ် ဘာအရိုးမှ မကျိုးလို့ ဆေးရုံတက်စရာမလိုတဲ့နောက် ၁၀ ရက်အကြာ ချုပ်ရိုးလာဖြေဖို့ပြောတယ် ဘာအခကြေးငွေမှ မယူ
စေတနာရှိသလောက်ပဲ ဆေးရုံအတွက်လှုုခဲ့တဲ့ဆေးစာရေးပေးတယ် ပီးတာနဲ့ ချက်ချင်းအိမ်ပြန်လာခဲ့တယ်

ကိုယ်ကလည်း ဆေးရုံမတက်တာ ၁၅ နှစ်လောက်ရှိပီဘားမှမသိ နားမလည်လို့အပြင်ဆေး ခန်းပြ ဆေးထည့်ဖို့မိတ်ဆွေအများက အကြံပေးလို့ ၂ ရက်အကြာမှာ

အပြင် ပုဂ္ဂလိကဆေးခန်းကြီးကို သွားခဲ့တယ်ါတ်မှန်ပြလိုက်တော့ဟာ အမ ဂုံညုင်းအပ်သွားတယ် ပီးတော့ ဖေါရောင်နေတယ် ပြည်တည်လာလို့ ခြစ်ထုတ်ဖို့ ပြန်ခွဲရမယ်တဲ့

ကျမ လန့်သွားတယ် အသားနာမှာ ကြောက်တာကိုးခါးကို ထုံဆေးပေးပီး ခွဲမှာ၄ သိန်းခွဲလောက် ကျမယ်နေ့တိုင်းလည်း ပိုးသတ်ဆေးလာထိုးရမယ်ကျောက်ပတ်တီးစီးရမယ် ထပ်ကုန်ဦးမယ် လှေကားတက်လို့မရဘူး လေ့ကျင့်ခန်းလုပ်ရမယ်တဲ့ အစုံပလုံပါပဲ ကိုယ်ကလည်း ကြောက်တတ်တော့ ဘယ်လောက်ကုန်ကုန် ခွဲမယ်ပေါ့ဖြစ်ချင်တော့ မနက် ၄ နာရီဆေးရုံလာ
၆ နာရီခွဲမယ်တဲ့စပေါ် ၃ သိန်း အရင်တင်ပေါ့ ကြိုလည်း မသိ ဆေးခန်းပြရုံသက်သက်ပဲဆိုတော့ပိုက်ဆံက လက်ထဲမပြည့် မထုတ်ထားမိဘူး

ဒီကြားထဲ မနက်ခွဲရမှာကိုကျောက်ပတ်တီး အောက်ဘက်ကို စည်းပေးတယ်ဟိုဟာဖိုး ဒီဟာဖိုးနဲ့ ၆ သောင်းခွဲကျသွားတယ် မနက် ၄ နာရီလည်း ပိုက်ဆံထုတ်ဖို့ မလွယ်လို့ခွဲဖို့ အဆင်သင့် မဖစ်တာနဲ့ ပြန်လာခဲ့တယ်

လူကလည်း ထပ်ခွဲရမှာကြီးကို အလုပ်ရှုပ်လက်ခံထားရတဲ့ ပွဲတွေလည်း ဖျက်ခြေထောက်ကလည်း ဘယ်တော့ကောင်းမလဲမသိ ပိုက်ဆံလည်းနှမြော သက်သာအောင် အစိုးရဆေးရုံ လည်းမပြချင်စိတ်ညစ်ပီး တစ်ညလုံးအိပ်မရဘူး

အဲ့ဒါနဲ့ ဖေ့ဘုတ်က ဆေးခန်းတွေအကြောင်းသတင်းအစုံကိုလှန်တာကောင်းတာတွေအကုန် SSအကုန်ရိုက်ထားတယ် အဲ့မှာ မထင်မှတ်ပဲ တောင်ဥက္ကလာက အရိုးအကြောအထူးကု ကျော်ဆေးခန်းကို အရမ်းကောင်းကြောင်းညွှန်းထားတဲ့ Post ကို ဖတ်မိသွားတယ်

ကျမလည်း လိုလိုမယ်မယ် SS ရိုက်ပီး မှတ်ထားလိုက်တယ်မနက် ၇ နာရီလောက်မှ အိပ်ပျော်ပီးခွဲစိပ်ဖို့အတွက် ၁၀ နာရီပြန်ထတယ်

မောင်လေး တေးသံရှင်လွှမ်းမိုးနိုင်မှာ ကားရှိလို့ဖုန်းဆက်ပီး အိမ်လာဖို့ပြောပီးရောက်တာနဲ့ ဖစ်ကြောင်းကုန်စင်အကုန်ပြောပြတော့ သူ့အမနဲ့ခင်တဲ့ သင်္ကန်းကျွန်းက ဒေါက်တာဆရာမနဲ့ ကုဖို့ကူညီပေးတယ်

လမ်းမလျှောက်နိုင်လို့ကျမ ကို အိမ်ကထွက်တာနဲ့ မ ချီကုန်းပိုး ဆေးခန်းဝင် ကားပေါ်ကအတက်အဆင်းရွှေပြည်သာပြန်ရင်ဝေးလို့ ဆေးခန်းအမြဲပြရင်နီးအောင်သင်္ကန်းကျွန်းက သူ့အိမ် ၅ လွှာအထိ မ ချီကုန်းပိုးပီးလျှာထွက်မတတ် နေ့လည် ၁၂ ကနေ ည ၁၂ အထိ တစ်နေကုန်ကူညီပေးတဲ့ ကျေးဇူးရှင်လေးပါ

ပြောချင်တာသူချိတ်ပေးတဲ့ ဆရာမက သားဖွားမီးယပ်ဆရာမကြီးပါအနာကိုမြင်ပီးခွဲစရာမလိုဘူး လိုအပ်ရင် အပ်ကလေးနဲ့ပြည်စုပ်ထုတ်ပေးမယ်တဲ့မနက်ဖန် ပြန်လာခဲ့တဲ့ ကျမနာမှာကြောက်ပေမယ့် စိုးရိမ်မှု့တော့ နည်းနည်းလျော့သွားတယ်လိုအပ်တာလုပ်ပေးပီး ဆေးခန်းက ထွက်လာခဲ့တယ်ဆေးဖိုး ပိုးသတ်ဆေးပုလင်းချိတ်တာကုသခ ၁ သောင်းခွဲပဲ ကျပါတယ်

ဒါပေမယ့် အားမရသေးလို့စိတ်ထဲက စွဲနေတာထပ်ပြချင်တာတောင်ဥက္ကလာက အရိုးအကြောဆိုင်ရာကျော် ဆေးခန်းကို

ဒီတော့ ကိုယ်ကလည်းလိုက်ပို့သူ မောင်လေးလွှမ်းမိုးနိုင်ကိုမျက်နှာငယ်လေးနဲ့မောင်လေးရယ် အမ အားတော့နာပါတယ် တောင်ဥက္ကလာက စိတ်သန်နေတဲ့အရိုးအကြောဆိုင်ရာကျော်ဆေးခန်းကို ထပ်ပြချင်သေးတယ်

အိမ်လည်း မပြန်ချင်သေးရွေးချယ်လို့ရအောင် အဲ့ ကျော်ဆေးခန်းကိုပို့ပေးပါဆိုတော့ မငြီးမငြူပို့ပေးရှာပါတယ် ဆေးခန်းလေးက ခမ်းခမ်းနားနားမဟုတ်ပဲ ပုံမှန်သာမာန်လေးပါလူနာအရမ်းများလို့ ကိုယ်လည်း ဇွဲကောင်းကောင်းနဲ့လွှမ်းမိုးနိုင်ကိုအားနာလို့ ခဏပြန်လွှတ်ပီး အိမ်ကအဒေါ်အမျိုးတွေနဲ့ ဆေးခန်းပြဖို့ ၄ နာရီလောက်စောင့်ခဲ့လိုက်တယ်

လူလတ်တန်းစားမရွေး သူဌေးတွေကအစသာမာန်အခြေခံလူတန်းစားတွေပါ အကုန်လာပြတာပါဖုန်းနဲ့လည်း တုံကင်တင်လို့ရပါတယ်တဲ့ ကိုယ့်အလှည့်ရောက်တော့ ည ၁၁ လောက်ရှိပီဒါလည်း လူနာတွေ မပြတ် လာကုကြတုန်း

ဆရာဝန်ကြီးက အသက် ၅၀ ကျော်ပါပီကျမထင်တာပေါ့ကျမဓါတ်မှန်ကိုကြည့်ပီး

ဂုံညုင်းအပ်သွားတာသေးလို့မနည်းရှာယူရပါတယ်ခွဲစရာမလိုပါဘူး ဆေးထိုး ဆေးသောက် ရုံနဲ့ပျောက်ပါတယ်ဒူးမှာ ချက်ချင်းဖေါရောင်လာတာက အသားမပေါက်ပဲ ဂုံညုင်းထဲက သွေးထွက်လာလို့ပါတဲ့အနာကိုလည်း ပတ်တီးမဖြေကြည့်ဘူးချုပ်ရိုးက ၁၀ ရက်ကြာမှ ဖြေရမယ်ပီးရင် ကျောက်ပတ်တီးစီးရမယ်တဲ့ ဆေးနှစ်လုံးထိုးပေး တယ်သောက်ဆေးပေး တယ်နောက်ရက်တွေလည်း ပကတိကောင်းသွားတဲ့အထိသွားပြနေရဦးမှာပါ

ကျမမေးသမျှကိုစိတ်ရှည်စွာ ဖြေပေးပီးချိုသာတယ် သိမ်မွေ့တယ်လူနာရှင်ကို အရမ်းဂရုစိုက်ပြီးအသေးစိတ်ကအစ ရှင်းပြတဲ့ ဆရာကြီးပါ

ပီးတော့အိမ်မှာ ထိုင်လျက် တရွတ်တိုက်သွားနေရတဲ့ကျမလမ်းလျှောက်ပုံကို သင်ပြလို့ချက်ချင်းပဲ ဘယ်လိုမှမနာပဲလမ်းပြန်လျှောက်လို့ ရသွားတယ် ကျမမှာ ပျော်လွန်းလို့ ထိုင်ရှီခိုးမတတ်ပါ

ဆေးဖိုးဘယ်လောက်ကျလဲမေးတော့ခုနှစ်ထောင် တဲ့ 😱ကျမစိတ်ထဲကကော ပါးစပ်ကကောအကြိမ်ကြိမ်ဆုတောင်းမိပါတယ်

အရိုး အကြော ထိခိုက် ရှနာ ပွန်းပဲ့ အထွေထွေအကုန်ကုပါတယ်လေဖြန်းသွားလို့ ပါးရွဲ့သွားတဲ့အဒေါ်ကြီးတောင်ဆေးတစ်လုံးထိုးလိုက်တာနဲ့ ပြန်တည့်သွားပါတယ်

ဆရာကြီးက အင်းစိန်၊ မ/ဥ၊ တောင်ဥက္ကလာမှာဆေးခန်းခွဲတွေ ရှိပါတယ်ကျမလည်း ၁၅ နှစ်ကြာမှ ဆေးရုံဆေးခန်းပြရလို့ဒီဆရာဝန်ကြီးနဲ့ပဲ ဆုံဖူးလို့
ကျေးဇူးတင်သည့်အနေဖြင့် တင်ခြင်းပါကျမ မမြင် မသိနိုင်သောခုလိုကောင်းတဲ့ဆရာဝန်တွေ မြန်မာနိုင်ငံမှာအများကြီးရှိနေမှာပါ
ဘယ်သူ့ကိုမှ ထိခိုက်စေခြင်း ဆော်ကားအပြစ်တင်ခြင်းစေတနာဆိုးမရှိပါ

ဝေဒနာကိုခံစားနေရသောလူနာရှင်တွေအတွက် စာလွှာပါးကုသိုလ်ယူခြင်း သက်သက်ပါ

ကျမအခုကြုံတွေ့လိုက်ရတဲ့လူနာတွေအပေါ် အရမ်းဂရုစိုက်စေတနာကောင်းတဲ့ ဆရာဝန်ကြီးဦးကျော်ကျော်မြင့်မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့ လူနာရှင်တွေအတွက် အသက်နှစ်ပေါင်း များစွာရှည်ပါစေစတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ အကြိမ်ကြိမ်ဆုတောင်းမိပါ၏  🙏🏻🙏🏻🙏🏻
 Su Wati

No comments:

Post a Comment