Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 25, 2019

အေလာင္းေတာ္ကႆပ ဘုရားဖူးယာဥ္ ေမွာက္တာ ကားသမားေၾကာင့္၊ ေနာက္က လိုက္တဲ့သူေတြ ပါးစပ္သရမ္းလို႔ အမွားလုပ္လို႔တဲ့

အေလာင္းေတာ္ကႆ ပ ဘုရားဖူးယာဥ္ ေမွာက္တာ ငါးဦးေသၿပီး ဒဏ္ရာ ရတဲ့သူေတြ အမ်ားႀကီး။ မနက္က ေမွာက္တာ။ ေမွာက္ေတာ့ ဘာတဲ့ ကားသမားေၾကာင့္၊ ေနာက္က လိုက္တဲ့သူေတြ ပါးစပ္သရမ္းလို႔ အမွားလုပ္လို႔ သူ႔ဘာသူ ေနတဲ့ နတ္ေတြ သြားသြား အျပစ္တင္ေနတာ။ တကယ္တမ္း အျပစ္႐ွိတာ ေဂါပကေတြ ေစာက္သံုးမက် ဒီေလာက္ ႏွစ္တိုင္း လူအမ်ားႀကီးလာတယ္ လႉၾကတန္းၾကတယ္။

ႏွစ္တိုင္းလည္း ကားေတြ ေမွာက္ၾက လူေတြ ေသၾက ျဖစ္ေနတာကို လမ္းကို မျပင္ၾကဘူး။ လမ္းက ဖုန္တေထာင္းေထာင္းနဲ႔ ေ႐ွ႕ကားကို ေနာက္ကားမျမင္ရ။ မွန္အလံုေတြ မဟုတ္တဲ့ ကားတိုင္းေနာက္က ဖုန္ေတြ အလိမ္းလိမ္းနဲ႔ ဘုရားသြားဖူးရတာလား စစ္ထြက္ရတာလားကို မသဲကြဲဘူး။

အလႉခံၾက မန္းေလးလုိဆို တျပတိုင္း တျပတိုင္းမွာ မ႑ပ္ ေတြထိုး ရာသီစာေတြ အခ်ိဳရည္ အေပါစားေတြ ေကြၽး တိုက္ ဖလားႀကီးနဲ႔ အတင္းအလႉခံ။ ၾကံတိုေလး ေလးငါးေခ်ာင္း စီး ဆင္စာ ဝယ္ၾကပါဦးဆိုၿပီး ဇြတ္ေရာင္း။ ဘယ္သူေတြက ခြင့္ျပဳလို႔ ဘာတြက္ အလႉခံၾကမွန္းမသိ ကားတိုင္း ကားတိုင္းကို တားၿပီး လမ္းမွာ ႐ွိတဲ့ ရြာတိုင္းလိုလိုက မ႑ပ္ႀကီးေတြနဲ အလႉခံၾကတယ္။ လမ္းၾက မျပင္ၾက ဖုန္တေထာင္းေထာင္းနဲ႔ လမ္းအေကြ႔ေတြမွာ ကားႏွစ္စီး ေ႐ွာင္မရ စိတ္ပ်က္ဖို႔ေကာင္း။

နတ္ႀကီးလို႔ နတ္ႀကီးလို႔နဲ႔ ျဖစ္ရင္ နတ္ပဲ လႊဲခ်ၾက။ ကိုယ္ေတြ သြားတုန္းက ဟင္းေတြခ်က္ၿပီး ယူသြားတာ ဝက္သားမယူရဘူး ၾကက္ဥမယူေကာင္းဘူး ဆိုလို႔ လမ္းတင္ အကုန္စားပစ္ မကုန္တာေတြ ရြာထဲက အိမ္ေတြ ေပးပစ္ခဲ့ရတယ္။ ဘုရားေပၚေရာက္ေတာ့ ၾကက္ဥျပဳတ္ ၾကက္ဥျပဳတ္ နဲ႔ အေငြ႔တေထာင္းေထာင္းနဲ႔ ေအာ္ေရာင္းေနတဲ့ ေစ်းသည္ေတြမွ အမ်ားႀကီး ထမင္းေျကာ္ကို ဝက္သားနဲ႔ စားမလား ၾကက္သားနဲ႔ စားမလား ဆိုတဲ့ ဆိုင္ေတြလည္း ႐ွိရဲ႕။

စားေသာက္ဆိုင္ေတြ ဘီယာရလားဆိုေတာ့ ဘာမွ မရဘူးအစ္ကို ဒီမွာ အရက္ဘီယာ မေရာင္းရဘူး တဲ့ ဟာ ဒါဆို ဘာမွ မ႐ွိဘူးေပါ့ဆိုေတာ့ မဟုတ္ဘူး အရက္ျဖဴေတာ့ ႐ွိတယ္ အကို ဆိုင္မွာေတာ့ ေသာက္မရဘူး ပုလင္းကို ဖြက္သြားမယ္ ဆိုရင္ ေရာင္းမယ္တဲ့ မတတ္ႏိုင္ဘူးေလ ဘာမွ ဝယ္မသြားတဲ့ ကိုယ္ေတြေတာ့ အရက္ျဖဴ နဲ႔ ေဂ်ာ္နီျမင္းစီး ခဲ့ရတယ္ေပါ့။

တည္းခိုခန္းခေတြက ေစ်းႀကီး ေရခ်ိဳးခန္း အိမ္သာ စုတ္ျပတ္လို႔ ေပးရတာနဲ႔ ဘာမွ မတန္ ။ ေစာက္ဂ်င္းေတြႀကီး။ ရင္ျပင္ေတာ္ေပၚလည္း အိပ္စရာေနရာမ႐ွိ ဘယ္ေလာက္ခ်မ္းသာ ခ်မ္းသာ ငွါးစရာ အိမ္မ႐ွိေတာ့ရင္ ဇရပ္ေပၚ ေစာင္ငွါးၿပီး အိပ္ရတာပဲ။ ဒီေလာက္လူစည္တဲ့ေနရာမ်ိဳးမွာ လံုေလာက္ေအာင္ ေဆာက္မေပးႏိုင္ၾကဘူး။

တႏွစ္ တႏွစ္ ဘုရားဖူးေတြနဲ႔ အလႉေငြက ျမန္မာႏိုင္ငံက အေႂကြးေတြေတာင္ ေၾကႏိုင္ေလာက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ဝင္ေငြ အေကာင္းဆံုးနဲ အခ်မ္းသာဆံုးက ဘုရားေတြပဲ။ ဒါေတာင္ ခုခ်ိန္ထိ ဘယ္တန္ခိုးႀကီး ဘုရားကိုမွ စိတ္ခ်မ္းခ်မ္းသာသာ နဲ႔ ေအးေအးေဆးေဆး ဖူးခြင့္မ႐ွိဘူး။

ျမန္မာႏိုင္ငံက လူေတြက တႏွစ္ပတ္လံုး ကြၽန္ခံ ပိုက္ဆံ႐ွာၿပီး တႏွစ္တခါ ဘုရားေဂါပကေတြရဲ႕ မိသားစုေတြကို လုပ္ေကြၽးေနၾကတာ။သိပ္သနားဖို႔ေကာင္းတာ အိမ္က ဘုရားစင္ေတြပဲ အိမ္ပိုင္႐ွင္ေတြ ဘုရားဖူးထြက္တဲ့အခါ အိမ္မွာကပ္ေနရတဲ့ ဘုရားေလးခမ်ာ ဖုန္အလူးလူးနဲ႔ ႂကြက္ေတြ အူးဒဟို ေျပးတဲ့ၾကား ေသာက္ေတာ္ေရကပ္မယ့္သူနဲ႔ ဘုရားစာေအာ္ဆိုမယ့္ အိမ္ပိုင္႐ွင္ကို ထိုင္ေစာင့္ေနရ႐ွာတယ္…
Arkar Kyaw Kyaw
#Unicode Verison#
အလောင်းတော်ကဿ ပ ဘုရားဖူးယာဉ် မှောက်တာ ငါးဦးသေပြီး ဒဏ်ရာ ရတဲ့သူတွေ အများကြီး။ မနက်က မှောက်တာ။ မှောက်တော့ ဘာတဲ့ ကားသမားကြောင့်၊ နောက်က လိုက်တဲ့သူတွေ ပါးစပ်သရမ်းလို့ အမှားလုပ်လို့ သူ့ဘာသူ နေတဲ့ နတ်တွေ သွားသွား အပြစ်တင်နေတာ။ တကယ်တမ်း အပြစ်ရှိတာ ဂေါပကတွေ စောက်သုံးမကျ ဒီလောက် နှစ်တိုင်း လူအများကြီးလာတယ် လှူကြတန်းကြတယ်။

နှစ်တိုင်းလည်း ကားတွေ မှောက်ကြ လူတွေ သေကြ ဖြစ်နေတာကို လမ်းကို မပြင်ကြဘူး။ လမ်းက ဖုန်တထောင်းထောင်းနဲ့ ရှေ့ကားကို နောက်ကားမမြင်ရ။ မှန်အလုံတွေ မဟုတ်တဲ့ ကားတိုင်းနောက်က ဖုန်တွေ အလိမ်းလိမ်းနဲ့ ဘုရားသွားဖူးရတာလား စစ်ထွက်ရတာလားကို မသဲကွဲဘူး။

အလှူခံကြ မန်းလေးလိုဆို တပြတိုင်း တပြတိုင်းမှာ မဏ္ဍပ် တွေထိုး ရာသီစာတွေ အချိုရည် အပေါစားတွေ ကျွေး တိုက် ဖလားကြီးနဲ့ အတင်းအလှူခံ။ ကြံတိုလေး လေးငါးချောင်း စီး ဆင်စာ ဝယ်ကြပါဦးဆိုပြီး ဇွတ်ရောင်း။ ဘယ်သူတွေက ခွင့်ပြုလို့ ဘာတွက် အလှူခံကြမှန်းမသိ ကားတိုင်း ကားတိုင်းကို တားပြီး လမ်းမှာ ရှိတဲ့ ရွာတိုင်းလိုလိုက မဏ္ဍပ်ကြီးတွေနဲ အလှူခံကြတယ်။ လမ်းကြ မပြင်ကြ ဖုန်တထောင်းထောင်းနဲ့ လမ်းအကွေ့တွေမှာ ကားနှစ်စီး ရှောင်မရ စိတ်ပျက်ဖို့ကောင်း။

နတ်ကြီးလို့ နတ်ကြီးလို့နဲ့ ဖြစ်ရင် နတ်ပဲ လွှဲချကြ။ ကိုယ်တွေ သွားတုန်းက ဟင်းတွေချက်ပြီး ယူသွားတာ ဝက်သားမယူရဘူး ကြက်ဥမယူကောင်းဘူး ဆိုလို့ လမ်းတင် အကုန်စားပစ် မကုန်တာတွေ ရွာထဲက အိမ်တွေ ပေးပစ်ခဲ့ရတယ်။ ဘုရားပေါ်ရောက်တော့ ကြက်ဥပြုတ် ကြက်ဥပြုတ် နဲ့ အငွေ့တထောင်းထောင်းနဲ့ အော်ရောင်းနေတဲ့ ဈေးသည်တွေမှ အများကြီး ထမင်းကြော်ကို ဝက်သားနဲ့ စားမလား ကြက်သားနဲ့ စားမလား ဆိုတဲ့ ဆိုင်တွေလည်း ရှိရဲ့။

စားသောက်ဆိုင်တွေ ဘီယာရလားဆိုတော့ ဘာမှ မရဘူးအစ်ကို ဒီမှာ အရက်ဘီယာ မရောင်းရဘူး တဲ့ ဟာ ဒါဆို ဘာမှ မရှိဘူးပေါ့ဆိုတော့ မဟုတ်ဘူး အရက်ဖြူတော့ ရှိတယ် အကို ဆိုင်မှာတော့ သောက်မရဘူး ပုလင်းကို ဖွက်သွားမယ် ဆိုရင် ရောင်းမယ်တဲ့ မတတ်နိုင်ဘူးလေ ဘာမှ ဝယ်မသွားတဲ့ ကိုယ်တွေတော့ အရက်ဖြူ နဲ့ ဂျော်နီမြင်းစီး ခဲ့ရတယ်ပေါ့။

တည်းခိုခန်းခတွေက ဈေးကြီး ရေချိုးခန်း အိမ်သာ စုတ်ပြတ်လို့ ပေးရတာနဲ့ ဘာမှ မတန် ။ စောက်ဂျင်းတွေကြီး။ ရင်ပြင်တော်ပေါ်လည်း အိပ်စရာနေရာမရှိ ဘယ်လောက်ချမ်းသာ ချမ်းသာ ငှါးစရာ အိမ်မရှိတော့ရင် ဇရပ်ပေါ် စောင်ငှါးပြီး အိပ်ရတာပဲ။ ဒီလောက်လူစည်တဲ့နေရာမျိုးမှာ လုံလောက်အောင် ဆောက်မပေးနိုင်ကြဘူး။

တနှစ် တနှစ် ဘုရားဖူးတွေနဲ့ အလှူငွေက မြန်မာနိုင်ငံက အကြွေးတွေတောင် ကြေနိုင်လောက်ပါတယ်။ မြန်မာနိုင်ငံမှာ ဝင်ငွေ အကောင်းဆုံးနဲ အချမ်းသာဆုံးက ဘုရားတွေပဲ။ ဒါတောင် ခုချိန်ထိ ဘယ်တန်ခိုးကြီး ဘုရားကိုမှ စိတ်ချမ်းချမ်းသာသာ နဲ့ အေးအေးဆေးဆေး ဖူးခွင့်မရှိဘူး။

မြန်မာနိုင်ငံက လူတွေက တနှစ်ပတ်လုံး ကျွန်ခံ ပိုက်ဆံရှာပြီး တနှစ်တခါ ဘုရားဂေါပကတွေရဲ့ မိသားစုတွေကို လုပ်ကျွေးနေကြတာ။သိပ်သနားဖို့ကောင်းတာ အိမ်က ဘုရားစင်တွေပဲ အိမ်ပိုင်ရှင်တွေ ဘုရားဖူးထွက်တဲ့အခါ အိမ်မှာကပ်နေရတဲ့ ဘုရားလေးခမျာ ဖုန်အလူးလူးနဲ့ ကြွက်တွေ အူးဒဟို ပြေးတဲ့ကြား သောက်တော်ရေကပ်မယ့်သူနဲ့ ဘုရားစာအော်ဆိုမယ့် အိမ်ပိုင်ရှင်ကို ထိုင်စောင့်နေရရှာတယ်…

Arkar Kyaw Kyaw

No comments:

Post a Comment