Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 16, 2019

ေန႔ညမျပတ္အရက္မူးေနသည္႔ ဖခင္ျဖစ္သူက အသက္(၉)ႏွစ္အရြယ္ သမီးအရင္းျဖစ္သူအား သားမယားအျဖစ္ အဓမၼျပဳ႕က်င္႔




သတင္း + ဓာတ္ပံု = ကိုတိုးၾကီး
မံုရြာ၊ မတ္ ၁၅

ေန႔ညမျပတ္ အရက္ေသစာ ေသာက္စားမူးယစ္ေနတဲ႔ ဖခင္ျဖစ္သူက အသက္ (၉)ႏွစ္အရြယ္ သမီးအရင္း ျဖစ္သူကို သားမယားအျဖစ္ ျပဳ႕က်င္႔ခဲ႔တဲ႔ ရာဇ၀တ္ျပစ္မႈတစ္ရပ္ စစ္ကိုင္းတိုင္းေဒသၾကီး မံုရြာျမိဳ႕နယ္ ရြာတံု( ေတာင္)ရြာမွာ ျဖစ္ပြားခဲ႔တယ္လို႔ မံုရြာနယ္ေျမရဲစခန္းမွဴး ရဲအုပ္ ဆန္းလင္းက ေျပာပါတယ္။

ကိုလွျမင္႔ဦး အသက္ (၃၀)ႏွစ္ဆိုသူက သူရဲ႕သမီး အသက္ (၉) ႏွစ္အရြယ္ျဖစ္သူ မ… ကို လြန္ခဲ႔တဲ႔ တစ္လခြဲခန္႔ က ေနအိမ္ ေနာက္ခန္းရွိ အိပ္စင္ေပၚမွာ တစ္ၾကိမ္ ၊ လြန္ခဲ႔တဲ႔ တစ္လခန္႔က ေနအိမ္ေရွ႔ခန္းရွိ တန္းလ်ားေပၚမွာ တစ္ၾကိမ္ ၊ ေနာက္ျပီး ေတာထဲမွာ ထင္ေခြသြားရင္း ေတာထဲ တစ္ၾကိမ္ သားမယားအျဖစ္ အဓမၼျပဳက်င္႔ ခဲ႔တယ္ လို႔ စစ္ေဆးေပၚေပါက္ခဲ႔ပါတယ္..။

အဲ႔ဒီလို ဖခင္ျဖစ္သူက အသက္ (၉)ႏွစ္အရြယ္ သမီးအၾကီးကို သားမယားအျဖစ္ ျပဳ႔က်င္႔ေနတဲ႔ အခ်ိန္မွာ အသက္ (၆)ႏွစ္အရြယ္ သမီးအငယ္ျဖစ္သူက ေခ်ာင္းေျမာင္းၾကည္႔ျပီး သူမရဲ႕ အေဒၚျဖစ္သူမ်ား ကို တဆင္႔ျပန္ လည္ေျပာျပရာက အဲ႔ဒီ ရာဇ၀တ္ျပစ္မႈ ေပၚေပါက္ခဲ႔ တာျဖစ္ပါတယ္..။

အဲ႔ဒါေၾကာင္႔ သားမယားအျဖစ္ ျပဳက်င္႔ျခင္းခံရတဲ႔ သူမရဲ႕ အေဒၚျဖစ္သူ မေအးဇင္ခိုင္က ယခုလ ၁၀ ရက္ေန႔ည ၉ နာရီအခ်ိန္မွာ မံုရြာနယ္ေျမရဲစခန္းကို သြားေရာက္တို္င္တန္းခဲ႔ပါတယ္။ အဲ႔ဒီတို္င္တန္းခ်က္ကို ရဲစခန္းက ျပစ္မႈၾကီးျဖစ္စဥ္အမွတ္ ၃ / ၂၀၁၉ ၊ (ပ) ၆၆ / ၂၀၁၉ ရာဇသတ္ၾကီး ပုဒ္မ ၃၇၆ အရ အမႈေရးဖြင္႔ခဲ႔ပါတယ္ …။

အဲ႔ဒီေနာက္ ရဲစခန္းမွဴး ရဲအုပ္ ဆန္းလင္းႏွင္႔အဖြဲ႔က ျပစ္မႈျဖစ္ပြားခဲ႔တဲ႔ ေက်းရြာကိုသြားေရာက္ျပီး ေနာက္ေနာင္ အလားတူ ျပစ္မႈမ်ား ထပ္မံ မျဖစ္ပြားေစေရးအတြက္ ေဒသခံျပည္သူမ်ားကို အသိပညာေပးေဟာ ေျပာျခင္းမ်ား ႏွင္႔အတူ မႈခင္းက်ဆင္းေရး အသိပညာေပး လက္ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ေပးခဲ႔တယ္လို႔ သိရပါတယ္ ..။

ကိုတိုးၾကီး (မံုရြာ)






နေ့ညမပြတ် အရက်သေစာ သောက်စားမူးယစ်နေတဲ့ ဖခင်ဖြစ်သူက အသက် (၉)နှစ်အရွယ် သမီးအရင်း ဖြစ်သူကို သားမယားအဖြစ် ပြု့ကျင့်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတစ်ရပ် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ရွာတုံ( တောင်)ရွာမှာ ဖြစ်ပွားခဲ့တယ်လို့ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ဆန်းလင်းက ပြောပါတယ်။

ကိုလှမြင့်ဦး အသက် (၃၀)နှစ်ဆိုသူက သူရဲ့သမီး အသက် (၉) နှစ်အရွယ်ဖြစ်သူ မ… ကို လွန်ခဲ့တဲ့ တစ်လခွဲခန့် က နေအိမ် နောက်ခန်းရှိ အိပ်စင်ပေါ်မှာ တစ်ကြိမ် ၊ လွန်ခဲ့တဲ့ တစ်လခန့်က နေအိမ်ရှေ့ခန်းရှိ တန်းလျားပေါ်မှာ တစ်ကြိမ် ၊ နောက်ပြီး တောထဲမှာ ထင်ခွေသွားရင်း တောထဲ တစ်ကြိမ် သားမယားအဖြစ် အဓမ္မပြုကျင့် ခဲ့တယ် လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်..။

အဲ့ဒီလို ဖခင်ဖြစ်သူက အသက် (၉)နှစ်အရွယ် သမီးအကြီးကို သားမယားအဖြစ် ပြု့ကျင့်နေတဲ့ အချိန်မှာ အသက် (၆)နှစ်အရွယ် သမီးအငယ်ဖြစ်သူက ချောင်းမြောင်းကြည့်ပြီး သူမရဲ့ အဒေါ်ဖြစ်သူများ ကို တဆင့်ပြန် လည်ပြောပြရာက အဲ့ဒီ ရာဇဝတ်ပြစ်မှု ပေါ်ပေါက်ခဲ့ တာဖြစ်ပါတယ်..။

အဲ့ဒါကြောင့် သားမယားအဖြစ် ပြုကျင့်ခြင်းခံရတဲ့ သူမရဲ့ အဒေါ်ဖြစ်သူ မအေးဇင်ခိုင်က ယခုလ ၁၀ ရက်နေ့ည ၉ နာရီအချိန်မှာ မုံရွာနယ်မြေရဲစခန်းကို သွားရောက်တိုင်တန်းခဲ့ပါတယ်။ အဲ့ဒီတိုင်တန်းချက်ကို ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၃ / ၂၀၁၉ ၊ (ပ) ၆၆ / ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ခဲ့ပါတယ် …။

အဲ့ဒီနောက် ရဲစခန်းမှူး ရဲအုပ် ဆန်းလင်းနှင့်အဖွဲ့က ပြစ်မှုဖြစ်ပွားခဲ့တဲ့ ကျေးရွာကိုသွားရောက်ပြီး နောက်နောင် အလားတူ ပြစ်မှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ဒေသခံပြည်သူများကို အသိပညာပေးဟော ပြောခြင်းများ နှင့်အတူ မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ် ..။
ကိုတိုးကြီး (မုံရွာ)

No comments:

Post a Comment