Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 16, 2019

ရန္ကုန္တၿမဳိ႕လံုးပတ္ၿပီး လိမ္စားေနတဲ့ ဂ်င္းဒိန္ခ်ဥ္သည္ပါ.. (အားလံုးသတိထားႏုိင္ဖုိ႔ပါ)


စမ္းေခ်ာင္းမွာ အလိမ္ခံလုိက္ရတဲ့ သူတေယာက္ တင္ထားတဲ့ ပုိ႔စ္ပါ။ ပုိ႔စ္ေအာက္မွာ ေရးထားတဲ့ပံုအရ ဒီလုိ လိမ္စားေနတာ ၁၅ ႏွစ္ေလာက္ရွိေနၿပီး ၿမဳိ႕နယ္အစံုမွာ လုိက္လိမ္ေနတယ္လုိ႔ သိရပါတယ္။

အားလံုး သတိထားႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။ သူလိမ္တဲ့ ပမာဏက ရဲစခန္းတုိင္ေလာက္ေအာင္လည္း မဟုတ္ေတာ့ ဥပေဒကုိ လက္တလံုးျခား လုပ္ေနတာပါ။ မူရင္းပုိ႔စ္ကုိ ေအာက္မွာ ေဖာ္ျပေပးလုိက္ပါတယ္

ဒီေန႔ဒိန္ခ်ဥ္ေအာ္သံၾကားလို႔အိမ္ကေကာင္မေလးကို၄ခြက္ဆင္းဝယ္ခိုင္းပါတယ္ မလိုင္ထည့္မလားေမးခိုင္းလို႔ ဒိန္ခ်ဥ္ပါဆိုမွမလိုင္ထည့္မွာေပါ့ လို႔ျပန္ေျပာလိုက္တယ္ အဲမွာဂ်င္းမိတာပါ မလိုင္တခြက္၃ေထာင္ဒိန္ခ်ဥ္ ၇၀၀ စုစုေပါင္းေလးခြက္၁၄၈၀၀ တဲ့

ေစ်းလံုးဝမေျပာဘဲရွင္းခါနီးမွေတာင္းတာပါ။
ၾကံဳသလိုအၿမဲေသာက္ေနက် တစ္ခါမွအဲလိုမၾကားဖူးပါဘူး။ အဲေတာ့ ကိုယ္တိုင္ဆင္းသြားၿပီး ေကာင္းေကာင္းေျပာေပး လိုက္တယ္

သူတို႔လိမ္စားတာခံလိုက္ရတယ္ထင္မွာစိုးလို႔ေသေသခ်ာခ်ာေျပာျပစ္တာ ပထမေတာ့ဗ်ဴးၿဗဲလုပ္ေသးတာ

ကိုယ္ကခ်က္နဲ႔လက္နဲ႔ေမးေတာ့မွၿငိမ္သြားျပီးဓါတ္ပံုမ႐ိုက္ပါနဲ႔တဲ့ ႐ိုက္မယ္ နင္ဂ်င္းထည့္တာ အကုန္သိေအာင္ေျပာမွ ေနာင္သတိထားလို႔ရမွာလို႔ေျပာလိုက္တယ္။

ၿပီးေတာ့ သူ႔မလိုင္ဆိုတာ ဘာအရသာမွမရွိ မလိုင္ဖတ္လဲမပါ အနံ့လဲမေကာင္းတာမို႔ အကုန္သြန္ပစ္လိုက္ရတယ္။ တစ္ဇြန္းႏွစ္ဇြန္း ေသာက္မိတာ ရင္ထဲမွာအီလည္လည္ႀကီးေတြျဖစ္လို႔

ေစ်းမတရားေတာင္းၿပီး ႐ိုး႐ိုးဒိန္ခ်ဥ္အရသာေတာင္ မရွိပါဘူး။ သက္သက္ၾကံစည္ၿပီးလိမ္ေနတာအသိသာႀကီးပါ။ အားလံုးပံုပါ မိန္းမကို သတိထားႏိုင္ေအာင္ တင္ေပးလိုက္ တာပါ။

ေတာ္ရံုဆိုေရွာ္ေပးလိုက္ပါတယ္။ ခုဟာကလူလိမ္သက္သက္ျဖစ္ေနလို႔တင္လိုက္တာပါ ကိုယ္ေတြခုမွထိတာ သူလုပ္စားေနတာၾကာၿပီတဲ့ အဲေတာ့မသိေသးတဲ့သူေတြသတိထားၾကပါလို႔
Tin Tin Thaw
#Unicode Version#
စမ်းချောင်းမှာ အလိမ်ခံလိုက်ရတဲ့ သူတယောက် တင်ထားတဲ့ ပို့စ်ပါ။ ပို့စ်အောက်မှာ ရေးထားတဲ့ပုံအရ ဒီလို လိမ်စားနေတာ ၁၅ နှစ်လောက်ရှိနေပြီး မြို့နယ်အစုံမှာ လိုက်လိမ်နေတယ်လို့ သိရပါတယ်။

အားလုံး သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ သူလိမ်တဲ့ ပမာဏက ရဲစခန်းတိုင်လောက်အောင်လည်း မဟုတ်တော့ ဥပဒေကို လက်တလုံးခြား လုပ်နေတာပါ။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်

ဒီနေ့ဒိန်ချဉ်အော်သံကြားလို့အိမ်ကကောင်မလေးကို၄ခွက်ဆင်းဝယ်ခိုင်းပါတယ် မလိုင်ထည့်မလားမေးခိုင်းလို့ ဒိန်ချဉ်ပါဆိုမှမလိုင်ထည့်မှာပေါ့ လို့ပြန်ပြောလိုက်တယ် အဲမှာဂျင်းမိတာပါ မလိုင်တခွက်၃ထောင်ဒိန်ချဉ် ၇၀၀ စုစုပေါင်းလေးခွက်၁၄၈၀၀ တဲ့

ဈေးလုံးဝမပြောဘဲရှင်းခါနီးမှတောင်းတာပါ။
ကြုံသလိုအမြဲသောက်နေကျ တစ်ခါမှအဲလိုမကြားဖူးပါဘူး။ အဲတော့ ကိုယ်တိုင်ဆင်းသွားပြီး ကောင်းကောင်းပြောပေး လိုက်တယ်

သူတို့လိမ်စားတာခံလိုက်ရတယ်ထင်မှာစိုးလို့သေသေချာချာပြောပြစ်တာ ပထမတော့ဗျူးဗြဲလုပ်သေးတာ

ကိုယ်ကချက်နဲ့လက်နဲ့မေးတော့မှငြိမ်သွားပြီးဓါတ်ပုံမရိုက်ပါနဲ့တဲ့ ရိုက်မယ် နင်ဂျင်းထည့်တာ အကုန်သိအောင်ပြောမှ နောင်သတိထားလို့ရမှာလို့ပြောလိုက်တယ်။

ပြီးတော့ သူ့မလိုင်ဆိုတာ ဘာအရသာမှမရှိ မလိုင်ဖတ်လဲမပါ အနံ့လဲမကောင်းတာမို့ အကုန်သွန်ပစ်လိုက်ရတယ်။ တစ်ဇွန်းနှစ်ဇွန်း သောက်မိတာ ရင်ထဲမှာအီလည်လည်ကြီးတွေဖြစ်လို့

ဈေးမတရားတောင်းပြီး ရိုးရိုးဒိန်ချဉ်အရသာတောင် မရှိပါဘူး။ သက်သက်ကြံစည်ပြီးလိမ်နေတာအသိသာကြီးပါ။ အားလုံးပုံပါ မိန်းမကို သတိထားနိုင်အောင် တင်ပေးလိုက် တာပါ။

တော်ရုံဆိုရှော်ပေးလိုက်ပါတယ်။ ခုဟာကလူလိမ်သက်သက်ဖြစ်နေလို့တင်လိုက်တာပါ ကိုယ်တွေခုမှထိတာ သူလုပ်စားနေတာကြာပြီတဲ့ အဲတော့မသိသေးတဲ့သူတွေသတိထားကြပါလို့
Tin Tin Thaw

No comments:

Post a Comment