Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 29, 2019

သေမင်း၏ဖိတ်ခေါ်သံ 💀💀💀



ပုံပြင် ၁ 👉 👉 👉
မနေ့ကပေါ့ ၊ ကိုဖြိုးနဲ့ စကားပြောခဲ့ကြတယ် ။ သူ့ပုံစံကြည့်ရတာ အားတော့မရှိဘူး ။ ဟာသ တွေ ပြောရင်းဆိုရင်း ရယ်မောနေကြသေးတယ် ။ သူ့ခမျာ ဘဝ က ကြမ်းတယ် ။ မိသားစု ထမင်းနပ်မှန်ဖို့ ရုန်းကန်ရတယ် လေ ။ မိန်းမက လေဖြတ်လို့ အိပ်ယာထဲလဲ ၊ သားသမီး ၅ယောက် ကျောင်းစရိတ် နဲ့ တယောက်တည်းရုန်းကန်နေရတာ ။ ဒီမိသားစု ကို ချစ်တဲ့စိတ်နဲ့ ရုန်းကန်နေရပေမယ့် ကြာလာတော့ အကြွေးတွေကြားထဲ နစ်နေပြီလေ ။
😱 ဒီမနက် အိပ်ယာကနိုးနိုးချင်း ဘော်ဒါကြီးတယောက်လာပြောတယ် ။ ကိုဖြိုး ဆုံးပြီတဲ့လေ 😥 ။ ကြိုးဆွဲချ သတ်သေတယ် ပြောတာပဲ ။ သတ္တဝါ တခု ကံတခုပေမယ့် ခုလိုမျိုး ရုတ်တရက် ထွက်သွားတာ တမျိုးကြီးဗျာ 😓

ပုံပြင် ၂ 👉 👉 👉
အောင်နိုင်က ကျနော်တို့ ဒုတိယနှစ် ဆေးကျောင်းသားတွေထဲမှာ တော်တဲ့ အထဲပါတယ် ။ ၁၀တန်းကို ၅ဘာသာ ဂုဏ်ထူးနဲ့ အောင်လာတာလေ ။ အားကစားမှာလဲ ထူးချွန်တယ် ။ သူ့မိဘတွေက အလယ်အလတ် အခြေအနေပါပဲ ။ အောင်နိုင်က ရည်မှန်းချက်ကြီးတယ် ။ တနေ့မှာ အထူးကု ဆရာဝန်ကြီး ဘဝ နဲ့ သူ့ပြည်နယ်မှာ ပြန်အကျိုးပြုချင်တာ ။
သူကစာကြိုးစားတယ် ၊ စိုးရိမ်တတ်တယ် ။ ဆေးကျောင်းဒုတိယနှစ်ဆိုတာ စိတ်ဖိစီးမှု အများဆုံး ။ လွန်ခဲ့တဲ့ တပတ်က ဖြေရတဲ့ စာမေးပွဲ Test တခုမှာ အောင်နိုင် ကျရှုံးခဲ့တယ် ။ ကျနော်တို့မထင်ထားသလို သူလဲမထင်ထားဘူး ။ သူ့အိမ်ကလဲ လှမ်းဆူတယ် ။ ဒီတပတ်အတွင်း သူ့မျက်နှာ မကောင်းဘူး လို့တော့ သတိထားမိတယ် ။
ညနေ အတန်း Lecture ပြီးလို့အဆောင်ပြန်ကြတယ် ။ အခန်းထဲ ခဏ နားကြတာပေါ့ ။ ညကျတော့ ညစာထွက်စားကြမလို့ အောင်နိုင်ကို သွားခေါ်တယ် ။ လည်ပင်းပေါ်မှာ ကြိုးတန်းလန်းနဲ့. တွဲလောင်းကျနေတဲ့ သူ့ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကြီးကို တွေ့လိုက်ရတယ် ။ ခုတင်ပေါ်မှာလဲ Death note နှုတ်ဆက်စာ တစ်ခုနဲ့ 😭😭😓

ပုံပြင် ၃ 👉 👉 👉
သူက ဆရာဝန်တယောက်ပေါ့ ၊ ward ထဲမှာ အရမ်းအလုပ်ကြိုးစားတယ် ။ ညလုံးပေါက်မအိပ်ပဲ အလုပ်ရှုပ်နေခဲ့ရင်တောင် နောက်တနေ့ ဆက်ပြီး အလုပ်လုပ်နေတတ်တာ ။ လူနာတွေကလဲ ချစ်ခင်အားကိုးကြတယ် ။ လုပ်ဖော်ကိုင်ဖက် တွေကလဲ ချစ်ကြတယ် ။ လွန်ခဲ့တဲ့ လ လောက်က ကျနော့်ကို သူ စိတ်ညစ်ကြောင်းပြောတယ် ၊ ဘာကြောင့်လဲတော့ မသိ ၊ မမေးမိ ။ သူ့လို အလုပ်ကြိုးစားပြီး ပျော်ပျော်နေတဲ့ သူတယောက်က ဘာများစိတ်ညစ်နေမှာလဲ ပေါ့ ။
မနေ့ည က ဆေးရုံက ဖုန်းဆက်တယ် ။ သူခွဲခန်းထဲ ရောက်နေတယ်တဲ့ ။ ဆရာဝန်ပဲ ခွဲခန်းထဲ ရောက်မှာပေါ့လို့ ရယ်ရယ်မောမော နောက်လိုက်သေးတယ် ။ မဟုတ်ဘူးတဲ့ သူက ရင်ခွဲခန်း ၊ ရင်ခွဲရုံထဲမှာတဲ့ ။ ''ဟမ်'' ဆိုပြီး ကိုယ်လဲ အံအားသင့်သွားတာပေါ့ ။ ညကြီးဆို ရင်ခွဲရုံက မဖွင့်တတ်ဘူးလေ ။ ဆေးရုံကို ပြေးပြီး ကြည့်တာပေါ့ ။ အရမ်းအလုပ်ရှုပ်နေကြတယ် ထင်တာလေ ။ ဆေးရုံရောက်တော့ ရင်ခွဲရုံနားလူအုပ်ကြီး နဲ့ အပြည့်ပေါ့ ။
ဘာ case လဲ ဆိုပြီး ရင်ခွဲရုံထဲဝင်ကြည့်တယ် ။ သူ့ရဲ လိပ်ပြာမဲ့ ခန္ဓာကိုယ်ကြီးဟာ ရင်ခွဲကုတင်ပေါ်မှာ အေးစက်နေလေရဲ့ 😔😔😔

😣😣😣 ပုံပြင် ( ၁, ၂ , ၃ ) မှာ တူညီတဲ့ အချက်တခုရှိတယ် ။ ကျနော်တို့တွေ ကျနော်တို့ချစ်တဲ့ သူငယ်ချင်းတွေရဲ့ ရင်ထဲက အပူကို မမြင်တတ် ၊ နားမထောင်တတ်ခဲ့ကြဘူး ။ သူတို့ရဲ့ ဆုံးဖြတ်ချက် ရဲ့နောက်ကွယ်မှာ သူတို့အသက်တွေ စတေးလိုက်ကြတယ် ။ သေခြင်းတရား ရဲ့ နောက်ကွယ်မှာ ထွက်ပေါက်ရှိမယ် ထင်ခဲ့ကြတယ်လေ ။

😔😞😖 မိတ်ဆွေ တို့ရေ အထက်က အဖြစ်အပျက်တွေဟာ ဖြစ်ရပ်မှန်မဟုတ်သော ဖြစ်ရပ်အမှန်များ ကို ရေးသားထားတာပါ ။ နောက်ခံအကြောင်းအရာတွေက အနှစ်သာရ အားဖြင့် အပြင်မှ တကယ် ရှိခဲ့ကြတယ် ။ မြန်မာနိုင်ငံ ဟာ သတ်သေမှုနှုန်း အများဆုံးနိုင်ငံထဲမှာပါပါတယ် ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO စစ်တမ်းအရ ကမ္ဘာမှာ လူ ၁၀၀၀၀၀ မှာ ၁၁ယောက် သတ်သေ တတ်ကြတယ် ။ မြန်မာနိုင်ငံ မှာတော့ လူ၁၀၀၀၀၀ မှာ ၁၃ ယောက်သတ်သေကြပါတယ်တဲ့ ။
https://www.mmtimes.com/…/suicide-myanmar-hanging-question.…

👍👍👍 ဆောင်ရန်

🙏🙏🙏 မိတ်ဆွေတို့ ကိုယ်တိုင် စိတ်ညစ်လာရင် ၊ မဟုတ်တဲ့ အတွေးတွေ ပေါ်လာရင် ယုံကြည်ရတဲ့ သူငယ်ချင်း ၊ မိတ်ဆွေတွေ ဆီ တိုင်ပင်ဖို့ မမေ့ပါနဲ့ ။

🙏🙏🙏 မိတ်ဆွေတို့ သူငယ်ချင်းတွေက ယုံကြည်စွာ နဲ့ ရင်ဖွင့်လာရင် အချိန်ပေးနားထောင်ပေးလိုက်ပါ ။

🙏🙏🙏 ရင်ထဲမှာ ဖြစ်လာတဲ့ အစိုင်အခဲ တစ်ခု ၊ စိတ်ညစ်စရာ တခုဟာ ယုံကြည်ရသူဆီမှာ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်ရတဲ့အခါ အတော်အတန်လျော့သွားတတ်ပါတယ် ။

🙏🙏🙏 အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ ။

Photo: Crd

No comments:

Post a Comment