Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 10, 2019

AA ၀င်ရောက်တိုက်ခိုက်မှုကြောင့် ယိုးတရုပ်ရဲစခန်းတွင် ရဲ ၉ ဦး ကျဆုံးပြီး ၁ ဦးပျောက်သည့်အပြင် လက်နက် ၁၂ လက်ပါ သွား


ရန်ကုန်၊ မတ် ၁၀

ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပုဏ္ဏကျွန်းမြို့နယ်ရှိ ယိုးတရုပ်ရဲစခန်းကို ယမန်နေ့ညပိုင်းက ၀င်ရောက်တိုက်ခိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးကာ ၁ ဦးပျောက်ဆုံးနေသည့်အပြင် လက်နက် ၁၂ လက်ပါသွားကြောင်း ရဲတပ်ဖွဲ့၏ တိုက်ပွဲအစီရင်ခံစာအရ သိရှိရသည်။

AA အဖွဲ့က ရဲစခန်း၏ အရှေ့၊ အနောက်၊ ယာဘက် မျက်နှာစာ ၃ ခုမှ သာလွန်အင်အား အသုံးပြုပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင် အားလုံးကို လက်နက် ချခိုင်းကြောင်း၊ ရဲစခန်းဘက်က လက်နက်မချဘဲ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ကျဆုံး ရဲတပ်ဖွဲ့ဝင်များမှာ ရဲတပ်ကြပ်ကြီး ဦးသိန်းဟန်၊ ရဲတပ်ဖွဲ့ဝင် ဦးဇော်ထွန်းလင်း၊ ဦးကျော်မြင့်၊ ဦးအောင်သူ၊ ဦးထွန်းမြင့်စိုး၊ ဦးအောင်ကျော်မြ၊ ဦးသန်းရွှေ၊ ဦးဇော်ဇော်ဝင်း၊ ဦးဝင်းမောင် တို့ ကျဆုံးကြောင်း၊ ရဲတပ်သား ကောင်းထက်စံမှာ ပျောက်ဆုံးနေကြောင်း၊ ရဲအုပ် ဦးစောသိန်းထွန်းနှင့် ရဲဒုတိယတပ်ကြပ် ဦးဘဟန်တို့မှာ ဒဏ်ရာရရှိထားသော်လည်း မစိုးရိမ်ရကြောင်း တိုက်ပွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယိုးတရုပ်ရဲစခန်းမှ ၃၈ ဗို့ ခြောက်လုံးပြူး ၁ လက်၊ BA 72 မောင်းပြန် ၁ လက်၊ BA 63 မောင်းပြန် ၁၀ လက် စုစုပေါင်း လက်နက် ၁၂ လက်လည်း ပျောက်ဆုံးကြောင်း သိရှိရသည်။

www.khitthitnews.com

No comments:

Post a Comment