Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 10, 2019

ဘာမှန်း မသိတဲ့ လက်နက်ဆန်းတခုနဲ့ လက်ကို ခြစ်ပြီး လုခဲ့တဲ့ စော်ဘွားကြီးကုန်းက လုယက်မှု







Yan Nyein Moe

Unicode version
ဘာမှန်း မသိတဲ့ လက်နက်ဆန်းတခုနဲ့ လက်ကို ခြစ်ပြီး ပိုက်ဆံအိတ်ကို လုခဲ့တဲ့ စော်ဘွားကြီးကုန်းက လုယက်မှု

ဒီနေ့ညနေ ၃နာရီခွဲလောက်က ကျနော်ပစ္စည်းအလုခံရပါတယ်..ကျနော်ကစော်ဘွားကြီးကုန်းကားဂိတ်ကိုသွားဖို့အတွက် Busကားပေါ်မှာပေါ့. စော်ဘွားကြီးကုန်းမရောက်ခင် မီးပွိုင့် အာလိန်ငါးဆင့်မီးပွိုင့်မှာ ကားတွေကအရမ်းပိတ်နေလို့ကားပေါ်ကဆင်းပြီး စော်ဘွားကြီးကုန်းပန်းခြံဘက်ကိုလမ်းကူးလာခဲ့ပါတယ်.ကျနော်ကလည်း အရေးကြီးကိစ္စကြောင့်သွားတာအလျင်လိုနေတာဖြစ်ပြီး လက်ထဲမှာ ဖုန်းနဲ့ပိုက်ဆံအိတ်ကိုအတူတူဘယ်ဘက်လက်ထဲမှာကိုင်ထားခဲ့ပါတယ်။

အဲ့တာနဲ့စော်ဘွားကြီးကုန်း ကမ္ဘာဇဘဏ်ရှေ့ကနေ ဟိုဘက်ခြမ်း စော်ဘွားကြီးကုန်းပန်းခြံဘက်ကို လမ်းကူးခဲ့ပါတယ်..လမ်းကူးပြီးမကြာပါဘူး.ပလက်ဖောင်းပေါ်လဲရောက်ရော ပန်းခြံအပေါက်ဝ ဂိတ်တံခါးမရောက်ခင်နားလေးမှာ ပလက်ဖောင်းဘေးမှာ လူတစ်ယောက်မတ်တပ်ရပ်နေခဲ့ပါတယ်..အဲ့လူပုံစံက (အရပ်ကနည်းနည်းမြင့်တယ် အသားနည်းနည်းမဲတယ် ဦးထုပ်အမဲစောင်းထားတယ် ဘောင်းဘီရှည်နဲ့)ပြီးတော့ အဲ့ပလတ်ဖောင်း အဲ့နားက မီးပွိုင့်နဲ့နီးတော့လူလည်းတော်တော်ရှင်းတယ် ဈေးသည်တွေဘာတွေလည်း ဘာမှမရှိပါဘူး.အဲ့ပန်းခြံဂိတ်ပေါက်ဝနားကနေ ဒီဘက်မီးပွိုင့်နားထိအကုန်ရှင်းပါတယ်

အဲ့တာနဲ့ကျနော်လည်း လမ်းကူးပြီးအဲ့ဘက်ကိုရောက် ပလက်ဖောင်းပေါ်ကနေလမ်းလဲလျှောက်လာပြီး အဲ့လူအရှေ့နားလဲရောက်ရော သူကကျနော့်ကို စကားလာစပြောတယ်..ညီညီ ညီလေးတဲ့ ဘယ်နနာရီရှိပဲလဲအခု..ကျနော်ကလည်း အော် ဟုတ်ကဲ့အကိုလို့ကြည့်ပေးမယ်နော်လို့ပြန်ပြောပီး ဖုန်းကို တစ်ချက်လေးဖွင့်နေရုံပဲရှိသေးတယ်..ကျနော့်ရဲ့ ဘယ်ဘက်လက်ကို ပိုက်ဆံအိတ်နဲ့ဖုန်းကိုင်ထားတဲ့လက်ကို သူလက်ထဲ အရာရာတစ်ခုခုနဲ့ ခြစ်သွားတယ်..အဲ့မှာတင်ကျနော်လက်ကလဲ ချက်ချင်းဆိုသလို ဖုနိးတွေရော ပိုက်ဆံအိတ်တွေရော အကုန်ပြုတ်ကျကုန်ရော.ကျနော်ကလက်ကအရမ်းနာလို့လက်ကိုပြန်ကြည့်နေချိန်သူကလည်း ချက်ချင်းပဲပိုက်ဆံအိတ်ကိုကောက်ပြီး မီးပွိုင့်ဘက်ကို ထွက်ပြေးပါလေရော ကျနော်လည်း ကျနော်ဖုန်းကို မြန်မြန်ပြန်ကောက်ပြီးတော့ သူနောက်ကို ချက်ချင်းပြေးလိုက်ပါတယ်.but သူကို မီးပွိုင့်ထိပ်ကိုလမ်းဆုံကိုရောက်ရော မျက်ခြေလုံးဝကို ပြတ်သွားခဲ့တယ် လုံးဝဆက်မတွေ့တော့ဘူး။

ကျနော်ဖစ်တဲ့နေရာနဲ့ အဲ့ပလက်ဖောင်းတျောက်လျောက်ကလည်း ဘယ်သူမှမရှိဘူး အဲ့ချိန်လူသွားလူလာလဲမရှိဘူး.လမ်းမက ကားတွေပဲ သွားလာနေကြတာ…ကျနော် အရမ်းဒေါသလည်း ထွက်ပါတယ်.ပိုက်ဆံအိတ် ပစ္စည်းပါသွားတာကို ကျနော်အဲ့လောက် မဖစ်ပါဘူး…ဒါပေမဲ့ ဒီလောက်လင်းထိန် ညကြီးမိုးချုပ်လည်းမဟုတ် သူတို့အခုလိုလုပ်ရဲတာကိုပဲ တွေးတွေးကြည့်ပြီး ဒေါသထွက်နေရတာပါ။

ကံကောင်းတာတစ်ချက်ကတော့ ကျနော့်ကို ဓားနဲ့မထိုးသွားတာတစ်ခုပါပဲ.တကယ်ကို ဓားနဲ့မထိုးသွားတာပါပဲ…. အဲ့လူရဲ့ လက်ထဲမှာတော့ သေချာတယ် လက်နက်တစ်ခုခုတော့ ဥပမာ ချွန်ထက်တဲ့အရာတွေဖြစ်ပါတယ်.ကျနော့်ရဲ့ကို လက်ကိုဆွဲခြစ်သွားတာ အဆင်းကြောင်းတွေအကုန်ထင်ခဲ့ပါတယ်..ဒါကတကယ်ကို အန္တရာယ်ရှိပါတယ်..တစ်ယောက်တည်းသွားလာနေသူများတကယ်ကိုသတိထားသင့်ပါတယ်..ဘယ်လိုနေရာမဆို ဘယ်အချိန်မဆိုသတိထားသင့်ပါတယ်။

လူတွေကအရမ်းယုတ်မာလာကြပါပြီ.ကိုယ့်အတွက်ပဲကိုယ်ကြည့်ကြတဲ့လူတွေများလာကြပါတယ်…အားလုံးကိုသတိထားစေချင်ပါတယ်.ယောင်္ကျားမိန်းမအားလုံးကို သတိထားစေချငိပါတယ်..ဒါကျနော့်အတွက်သင်ခန်းစာတစ်ခုပါ…Postတင်ချင်းသည် ဘာသဘောနဲ့မှမဟုတ်ပဲ လူအများကို ဒီလိုတွေဖြစ်တက်ကြောင်းဖြစ်နိုင်ကြောင်း သတိထားစေချင်ယုံသက်သက်ပါ..အဲ့နေရာမှမဟုတ်ပါ နေရာပေါင်းစုံနေရာတိုင်းကို သတိထားစေချင်ပါတယ်.အဲ့လိုလူတွေ နေရာမရွေးမှာ ရှိနေနိုင်ပါတယ်…
ကျနော်တို့ကမ္ဘာကြီးက ဘယ်နေရာမှ မလုံခြုံတော့ပါ အရေးကြီးဆုံးမှတ်ပုံတင်တွေပါသွားပါတယ်။ အလုပ်ကိစ္စပိုက်ဆံအချို့ရယ်တခြားဟာတွေရယ်
Yan Nyein Moe

No comments:

Post a Comment