Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 24, 2019

Breaking News – ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ သံဃာေတာ္ ၂ ပါး ေတြ႕ရွိ

Breaking News ေတာင္ႀကီးၿမိဳ႕၊ ေရႊမုေ႒ာဘုရားအတက္လမ္းတြင္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ သံဃာေတာ္ ၂ ပါး ေတြ႕ရွိ ။ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊ တကၠသိုလ္မီးပြိဳင့္အနီး၊ ေရႊမုေ႒ာဘုရားအတက္ ေစာင္းတန္းတြင္ ယေန႔ ေဖေဖာ္ဝါရီလ ၂၅ ရက္၊ နံနက္ပိုင္းက ဦးေခါင္းေပါက္ၿပဲဒဏ္ရာ မ်ားျဖင့္ ေသဆံုးေနသည့္ သံဃာေတာ္ ၂ ပါးအား ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

.ေတာင္ႀကီးၿမိဳ႕၊ ေရႊမုေ႒ာေက်ာင္းတိုက္မွ ဆရာေတာ္ ဦးအင္ဂုရသည္ ဆြမ္းခံၾကြလာစဥ္ အဆိုပါ သံဃာေတာ္ ၂ ပါးအား ဒဏ္ရာမ်ားျဖင့္ လဲက်ေသဆံုးေနသည္ကို ေတြ႕ရွိရသျဖင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ရာ ေတာင္ႀကီး ခ႐ိုင္ရဲတပ္ဖြဲ႕မွဴး၊

ဒုတိယရဲမွဴးႀကီး ခင္ေမာင္ဦး၊ ေတာင္ႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးေမာင္ေမာင္ႏုိင္၊ မႈခင္းရဲတပ္ဖြဲ႕မွ ရဲမွဴး လွခ်ိဳ၊ သတင္းရဲတပ္ဖြဲ႕မွ ရဲအုပ္ေမာင္ေမာင္စိုးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သက္ဆုိင္ရာ တာဝန္ရွိသူမ်ားမွ အခင္းျဖစ္ရပ္ အား စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးေနသည့္ သံဃာေတာ္ ၂ ပါးသည္ ေရႊမုေ႒ာေက်ာင္းတိုကု္မွ သံဃာမ်ား မဟုတ္ဘဲ အခင္းျဖစ္ရာ ေနရာအနီးသို႔ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလဆန္းတြင္ ေရာက္ရွိလာၿပီး ယာယီရြက္ဖ်င္တဲထိုးကာ ေနထုိင္လ်က္ ရွိသည့္ အာဂႏၱဳသံဃာမ်ား ျဖစ္ႏုိင္ေၾကာင္း ကနဦး သိရွိရသည္။

Breaking News တောင်ကြီးမြို့၊ ရွှေမုဋ္ဌောဘုရားအတက်လမ်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် သံဃာတော် ၂ ပါး တွေ့ရှိ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်အနီး၊ ရွှေမုဋ္ဌောဘုရားအတက် စောင်းတန်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းက ဦးခေါင်းပေါက်ပြဲဒဏ်ရာ များဖြင့် သေဆုံးနေသည့် သံဃာတော် ၂ ပါးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

.တောင်ကြီးမြို့၊ ရွှေမုဋ္ဌောကျောင်းတိုက်မှ ဆရာတော် ဦးအင်ဂုရသည် ဆွမ်းခံကြွလာစဉ် အဆိုပါ သံဃာတော် ၂ ပါးအား ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊

ဒုတိယရဲမှူးကြီး ခင်မောင်ဦး၊ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူး လှချို၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်မောင်မောင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အခင်းဖြစ်ရပ် အား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသည့် သံဃာတော် ၂ ပါးသည် ရွှေမုဋ္ဌောကျောင်းတိုက်ုမှ သံဃာများ မဟုတ်ဘဲ အခင်းဖြစ်ရာ နေရာအနီးသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ရောက်ရှိလာပြီး ယာယီရွက်ဖျင်တဲထိုးကာ နေထိုင်လျက် ရှိသည့် အာဂန္တုသံဃာများ ဖြစ်နိုင်ကြောင်း ကနဦး သိရှိရသည်။

No comments:

Post a Comment