Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 14, 2019

လှတာမက်လို့ ၂ နှစ်လုံးလုံးမိတ်ကပ်မဖျက်ပဲထားခဲ့မိန်းကလေးရဲ့ နောက်ဆုံးရလာဒ်


အလှမက်လွန်းလို့ မိတ်ကပ်ကို နှစ်နဲ့ချီပြီး မဖျက်ပဲထားခဲ့တဲ့တောင်ကိုးရီးယားက မိန်းက လေးရဲ့အဖြစ်အပျက်က စိတ်မကောင်းဖွယ်ပါ။အသက် ၂၀ အရွယ် တောင်ကိုးရီးယားမိန်းကလေး ဒဲလ်မိဘယ် ဟာ မိတ်ကပ်လိမ်းချယ်ရတာကို
အရမ်းနှစ်သက်ပြီး  ၂ နှစ်ခန့် နေ့ရောညပါ မဖျက်ပဲထားခဲ့ပါတယ်။
မိန်းကလေးဟာ မိတ်ကပ်ကို လုံးဝမဖျက်ပဲ တလွှာပြီး တလွှာ လိမ်းချယ်ခဲ့ပါတယ်။ သူက  ကျမက အမြဲတမ်းပြစ်မျိုးမှဲ့မထင်လှနေချင်တယ်လေ။ ဒါကြောင့် အိပ်နေတဲ့အချိန်တောင် မိတ်ကပ်လိမ်းပြီးအိပ်တယ်လို့ဆိုပါတယ်။
နောက်ဆုံးသူအမေရဲ့ တိုက်တွန်းချက်နဲ့  ၂ နှစ်ခန့် လိမ်းချယ်ခဲ့တဲ့ မိတ်ကပ်ကို သူမမျက်နှာပေါ်က မိတ်ကပ်ဖျက်တာကို ပြပွဲတစ်ခုမှာ ပြသဖို့ သဘောတူခဲ့ပါတယ်။ မိတ်ကပ်ဖျက်ပြီး တဲ့ ပေါ်လာတဲ့သူမမျက်နှာ အရေပြားကို  အရေပြားဆရာဝန်ကစစ်ဆေးကြည့်တဲ့အခါ သူမရဲ့ မျက်နှာ အသားအရေ ဟာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ အသားအရေလို  သူမ အသက်ထက် ၂ဆပိုရင့်ရော်နေတာတွေ့ကြရပါတယ်။
အလှမက်တဲ့ မိန်းကလေးတွေအတွက် သင်ခန်းစာပါပဲ။ မိတ်ကပ်ကြိုက်သူမိန်းကလေးများ နေ့စဉ် မအိပ်ခင် မိတ်ကပ်ကိုဖျက်ပြီးမှ အိပ်ပါလို့  အရေပြားဆရာဝန်က အကြံပြုပါတယ်။
သတင်းစုံပျော်ဝင်အိုးကြီး

No comments:

Post a Comment