Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 12, 2019

ဇြြဲကပင္ေတာင္ေပၚက တည္ေဆာက္ေနတဲ့ မွန္ရင္ျပင္နဲ႔ပတ္သက္ျပီး ေဝဖန္လိုက္တဲ့ ပန္ဆယ္လို

ဘုရားဖူးရင္း နိဗၺာန္တန္းေရာက္မယ့္ အကြက္ေတြ….နည္းပညာမပါ ကြ်မ္းက်င္ပညာရွင္ မရွိဘဲ မွန္တံတားခင္းမတဲ့။ Soil Testအရ လုပ္လို႔မရဘူးလို႔ ပညာရွင္ေတြ ေျပာေနတာလည္း အဖက္မလုပ္ဘူး။ ဘုရားတန္ခိုးအရ ဘာမွအႏၲရာယ္ မရွိဘူးတဲ့။ ဘုရားနဲ႔ ကိုင္ေပါက္မွေတာ့ မေဝဖန္ရဲေတာ့ပါဘူး။

၆၀%ေလာက္ ၿပီးေနၿပီ။ တားၾကမယ့္လူေတြလည္း မရွိေတာ့ဘူးလားပဲ။ ၿပီးသြားရင္ အသက္လဲ ယြၾကမယ့္ ဆယ္လ္ဖီသမားေတြ ဒင္းၾကမ္း တက္ၾကမယ္။ ၿပိဳသာက်ရင္ အစုလိုက္အျပံဳလိုက္ပဲ။ ျမန္မာျပည္မွာ ဒါမ်ိဳး မွန္တံတားေတြ၊ ရႈခင္းၾကည့္လို႔ရမယ့္ ေနရာေတြ ေပၚေပါက္လာေစခ်င္ပါတယ္။

ဒါေပမယ့္ လက္သမားနဲ႔ ရမ္းေဆာက္ထားတဲ့ အာမမခံႏိုင္ပါဘူးဆိုတဲ့ အသက္နဲ႔လဲရမယ့္ အရာေတြေတာ့ မျဖစ္ေစခ်င္ပါဘူး။ ျဖစ္လာမွ ဘယ္သူ႔ေၾကာင့္ ဘယ္ဝါ့ေၾကာင့္ေတြ ထစစ္ေနတာထက္ အႏၲရာယ္ မျဖစ္ခင္ စစ္ၾကေဆးၾကပါ။ လိုအပ္တဲ့ နည္းပညာနဲ႔ အၾကံဉာဏ္ေတြ ယူၾကပါ။

ျဖစ္လာရင္ အဆဲခံရမွာ အစိုးရပါ။ ေသၾကမွာက ျပည္သူပါ။တစ္ခုခုေတာ့ လုပ္ၾကသင့္ပါၿပီ။ 😒😒
ပန္ဆယ္လို
#Unicode Version#
ဘုရားဖူးရင်း နိဗ္ဗာန်တန်းရောက်မယ့် အကွက်တွေ….နည်းပညာမပါ ကျွမ်းကျင်ပညာရှင် မရှိဘဲ မှန်တံတားခင်းမတဲ့။ Soil Testအရ လုပ်လို့မရဘူးလို့ ပညာရှင်တွေ ပြောနေတာလည်း အဖက်မလုပ်ဘူး။ ဘုရားတန်ခိုးအရ ဘာမှအန္တရာယ် မရှိဘူးတဲ့။ ဘုရားနဲ့ ကိုင်ပေါက်မှတော့ မဝေဖန်ရဲတော့ပါဘူး။

၆၀%လောက် ပြီးနေပြီ။ တားကြမယ့်လူတွေလည်း မရှိတော့ဘူးလားပဲ။ ပြီးသွားရင် အသက်လဲ ယွကြမယ့် ဆယ်လ်ဖီသမားတွေ ဒင်းကြမ်း တက်ကြမယ်။ ပြိုသာကျရင် အစုလိုက်အပြုံလိုက်ပဲ။ မြန်မာပြည်မှာ ဒါမျိုး မှန်တံတားတွေ၊ ရှုခင်းကြည့်လို့ရမယ့် နေရာတွေ ပေါ်ပေါက်လာစေချင်ပါတယ်။

ဒါပေမယ့် လက်သမားနဲ့ ရမ်းဆောက်ထားတဲ့ အာမမခံနိုင်ပါဘူးဆိုတဲ့ အသက်နဲ့လဲရမယ့် အရာတွေတော့ မဖြစ်စေချင်ပါဘူး။ ဖြစ်လာမှ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်တွေ ထစစ်နေတာထက် အန္တရာယ် မဖြစ်ခင် စစ်ကြဆေးကြပါ။ လိုအပ်တဲ့ နည်းပညာနဲ့ အကြံဉာဏ်တွေ ယူကြပါ။

ဖြစ်လာရင် အဆဲခံရမှာ အစိုးရပါ။ သေကြမှာက ပြည်သူပါ။တစ်ခုခုတော့ လုပ်ကြသင့်ပါပြီ။ 😒😒
ပန်ဆယ်လို

No comments:

Post a Comment