Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 12, 2019

အရင္က ကုိးကြယ္တဲ့ဘုရားက အထီလား အမလားေတာင္မသိေပမဲ့ အခု မေကာင္းတာအကုန္လုံး ဘုရားက ျဖတ္ေပးတယ္ဆုိတဲ့ေနာေနာ္


တစ္ခ်ိန္တုန္းက ေတးသီခ်င္းေကာင္းမ်ားစြာနဲ႔ လူႀကီးလူငယ္မေရြး အားလုံးရဲ႕ ႏွလုံးသားထဲကုိ ေရာက္ေအာင္သီဆုိေရးသား ေဖ်ာ္ေျဖႏုိင္တဲ့ ႏုိင္ငံေက်ာ္ ေတးသံ႐ွင္ ေနာေနာ္ကေတာ့ သူရဲ႕ ယုံၾကည့္ရာ ဘုရားအေၾကာင္းကုိ မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိသြားခဲ့ပါတယ္။ ေနာေနာ္ဟာ ခရစ္ယာန္ဘာသာဝင္တစ္ေယာက္ျဖစ္ၿပီး အစပုိင္းကာလေတြမွာေတာ့ ဘုရားဆုိတာကုိ အယုံအၾကည္မ႐ွိဘဲ ေယ႐ႈဆုိတာ ေယာက္်ားလားမိန္းမလားလဲ မသိဘူးလုိ႔ ေျပာခဲ့ပါတယ္။

အိမ္ေထာင္ျပဳလုိက္တာက ကုိယ့္အတြက္အခ်ိန္ေကာင္းလုိ႔ ေျပာလုိ႔ရလားလုိ႔ ေမးျမန္းရာ ေနာေနာ္က “ေျပာလုိ႔ရပါတယ္ ကြၽန္ေတာ့္အတြက္ကေတာ့ မိန္းမေပါပါတယ္။ ေစာ္လည္းေပါပါတယ္ ဒါေပမဲ့ ဇနီးအရမ္း႐ွားပါတယ္။ ဘုရားေပးမွရတယ္ ၿပီးရင္ ဘယ္သူမဆုိ ဘုရားဆီမွာ ေတာင္းလုိ႔ရတယ္။ ဘာလုိ႔ဆုိေတာ့ လူေတြထက္သာတယ္ေလ အဲ့တာေၾကာင့္ေနာက္ပုိင္းကြၽန္ေတာ္က ဘုရားကုိ နည္းနည္းအားကုိးျဖစ္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဟုတ္မဟုတ္ေလ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကြၽန္ေတာ္ ဘုရားကုိ မယုံဘူး အရင္က ကြၽန္ေတာ္က ခရစ္ယာန္ပါ ဒါေပမဲ့ မယုံပါဘူး ဘုရားေက်ာင္းသြားလဲအရက္ေသာက္တယ္ေလ ဘုရားေက်ာင္းဆင္းလည္း မဟုတ္တာ အကုန္လုပ္တယ္။ ကြၽန္ေတာ္အဆုိးဆုံးပဲ ဒါေပမဲ့ ကြၽန္ေတာ္ ေနာက္ပုိင္းကေတာ့ ဘုရားက လူတုိင္းမွာ ထားတယ္ဆုိေတာ့ ငါကုိးကြယ္တဲ့ဘုရားက အထီးလားအမလားေပါ့။ ကြၽန္ေတာ္ၾကည့္ရေတာ့မယ္ေလ ဘယ္ေလာက္အထိ တတ္ႏုိင္လဲေပါ့။

ပြင့္ပြင့္လင္းလင္းေျပာမယ္ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ကုိ ကယ္ႏုိင္တဲ့ဘုရားကုိ ကြၽန္ေတာ္ကုိးကြယ္မယ္ ကြၽန္ေတာ္ဒါပြင့္ပြင့္လင္းလင္းပဲ အက်ိဳးလုိလုိ႔ဘာလုိ႔ မေျပာဘူးေနာ္။ ကြၽန္ေတာ္ကုိးကြယ္တဲ့ ဘုရားက ကြၽန္ေတာ့္ကုိ လုပ္ေပးႏုိင္ရမယ္ အဲ့တာကြၽန္ေတာ္စမ္းက်ိတယ္ အခုလုိသြားရင္းနဲ႔ သြားလာတတ္လာတယ္ တတ္လာတယ္ဆုိတာ ကြၽန္ေတာ္ေကာင္းလုိ႔ေတာ့ မဟုတ္ဘူးေပါ့ အဲ့ဒီေယ႐ႈေပါ့ ဒါဘာသာေရးနဲ႔ေတာ့ မဆုိင္ပါဘူး ကြၽန္ေတာ့္အျဖစ္ကုိ ေျပာျပတာပါ။

ေယ႐ႈခရဇ္ေတာ္ဆုိတဲ့ ပုဂၢိဳလ္ ကေတာ့ကြၽန္ေတာ့္ကုိ အရက္ျဖတ္ေပးတယ္ မူးယစ္ေဆးဝါးျဖတ္ေပးတယ္ အျပာကားၾကည့္တာ ျဖတ္ေပးတယ္ ဖာခ်တာေတြျဖတ္ေပးတယ္ အရက္ေသာက္တာျဖတ္ေပးတယ္ေနာက္ သစၥာမဲ့တာေတြ ျဖတ္ေပးတယ္။ မဆုိးဘူး အဲ့တာေၾကာင့္ အခုလုိကြၽန္ေတာ္ စမ္းၿပီးေတာ့ ရပ္တည္ႏုိင္တာေပါ့။”လုိ႔ ေျပာခဲ့ပါတယ္။

ဘဝကုိ ဘုရားက ကယ္တင္လုိက္တယ္လုိ႔ ေျပာလုိ႔ရမလားလုိ႔ ေမးျမန္းရာ “အဲ့တာအမွန္ပဲ ကြၽန္ေတာ္ ဒုကၡအႀကီးအက်ယ္ေရာက္ဖူးတယ္ေလ။ ဘယ္သူမွမကယ္ပါဘူး မွန္ပါတယ္ သူတုိ႔ကုိ စိတ္မဆုိးပါဘူး။ ေကာင္းတယ္ေလ ကြၽန္ေတာ့္ကုိ ေျပာတယ္ မင္းျဖစ္ရင္မင္းခံ နည္းေတာင္နည္းေသးတယ္တဲ့။ ဟုတ္ပါတယ္ သူတုိ႔ေျပာတာလည္း မွန္ပါတယ္ ကြၽန္ေတာ္စိတ္ဆုိးလုိ႔မရဘူး မွန္တယ္။ ကြၽန္ေတာ္မသိလုိ႔ေလ ဒီလုိျဖစ္မယ္မွန္းသိရင္ ဘယ္သူက လုပ္မွာတုန္း။ အရက္ေသာက္ရင္ မေကာင္းဘူးသိလား သိတယ္။ ေဆးမခ်ရဘူး မေကာင္းဘူးသိလား သိတယ္။ ဒါေပမဲ့လည္း ကြၽန္ေတာ္လုပ္တယ္ေလ ဘာျဖစ္လဲ အျပစ္သားေလ လုပ္ခ်င္တယ္။ ပြင့္ပြင့္လင္းလင္းေျပာမယ္ အခုလည္း လုပ္ခ်င္တုန္းပဲ ဒါေပမဲ့ အက်ိဳးဆက္သိသြားၿပီ။ အဲ့အတုိင္းပဲ ကြၽန္ေတာ္ေသသြားရင္ က်ိန္းေသတယ္ ကြၽန္ေတာ္ငရဲေရာက္မွာေလ။ ဘယ္သူမွေျပာစရာမလုိဘူး ကုိယ့္ကုိကုိယ္သိတယ္။

ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္းေျပာမယ္ ကြၽန္ေတာ္ ငရဲလည္းမသြားခ်င္ဘူးဗ်ာ။ ဒါေပမဲ့ ေျပာလုိက္မယ္ ကြၽန္ေတာ္ ငရဲကေန လြတ္ေျမာက္ေအာင္ ကြၽန္ေတာ္ မက်င့္ေစာင္ႏုိင္ဘူး။ အဲ့အတြက္ ကြၽန္ေတာ္ကယ္တင္႐ွင္လုိတယ္ ဘယ္သူမွမလုိဘူး ငါ့ကုိကိုယ္ႏုိင္ရင္ကယ္ ဒါပဲ။ ကြၽန္ေတာ့္ကုိကြၽန္ေတာ္လည္း မကယ္ႏုိင္ဘူးေလ အဲ့တာေၾကာင့္ အခုလုိ ကြၽန္ေတာ္က ဒီဘုရားကုိ အားကုိးရျခင္း ျဖစ္ပါတယ္။”လုိ႔ ေနာေနာ္က ေျဖသြားခဲ့ပါတယ္။
burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်ချိန်တုန်းက တေးသီချင်းကောင်းများစွာနဲ့ လူကြီးလူငယ်မရွေး အားလုံးရဲ့ နှလုံးသားထဲကို ရောက်အောင်သီဆိုရေးသား ဖျော်ဖြေနိုင်တဲ့ နိုင်ငံကျော် တေးသံရှင် နောနော်ကတော့ သူရဲ့ ယုံကြည့်ရာ ဘုရားအကြောင်းကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ နောနော်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အစပိုင်းကာလတွေမှာတော့ ဘုရားဆိုတာကို အယုံအကြည်မရှိဘဲ ယေရှုဆိုတာ ယောက်ျားလားမိန်းမလားလဲ မသိဘူးလို့ ပြောခဲ့ပါတယ်။

အိမ်ထောင်ပြုလိုက်တာက ကိုယ့်အတွက်အချိန်ကောင်းလို့ ပြောလို့ရလားလို့ မေးမြန်းရာ နောနော်က “ပြောလို့ရပါတယ် ကျွန်တော့်အတွက်ကတော့ မိန်းမပေါပါတယ်။ စော်လည်းပေါပါတယ် ဒါပေမဲ့ ဇနီးအရမ်းရှားပါတယ်။ ဘုရားပေးမှရတယ် ပြီးရင် ဘယ်သူမဆို ဘုရားဆီမှာ တောင်းလို့ရတယ်။ ဘာလို့ဆိုတော့ လူတွေထက်သာတယ်လေ အဲ့တာကြောင့်နောက်ပိုင်းကျွန်တော်က ဘုရားကို နည်းနည်းအားကိုးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဟုတ်မဟုတ်လေ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် ဘုရားကို မယုံဘူး အရင်က ကျွန်တော်က ခရစ်ယာန်ပါ ဒါပေမဲ့ မယုံပါဘူး ဘုရားကျောင်းသွားလဲအရက်သောက်တယ်လေ ဘုရားကျောင်းဆင်းလည်း မဟုတ်တာ အကုန်လုပ်တယ်။ ကျွန်တော်အဆိုးဆုံးပဲ ဒါပေမဲ့ ကျွန်တော် နောက်ပိုင်းကတော့ ဘုရားက လူတိုင်းမှာ ထားတယ်ဆိုတော့ ငါကိုးကွယ်တဲ့ဘုရားက အထီးလားအမလားပေါ့။ ကျွန်တော်ကြည့်ရတော့မယ်လေ ဘယ်လောက်အထိ တတ်နိုင်လဲပေါ့။

ပွင့်ပွင့်လင်းလင်းပြောမယ် ကျွန်တော်ကတော့ ကျွန်တော့်ကို ကယ်နိုင်တဲ့ဘုရားကို ကျွန်တော်ကိုးကွယ်မယ် ကျွန်တော်ဒါပွင့်ပွင့်လင်းလင်းပဲ အကျိုးလိုလို့ဘာလို့ မပြောဘူးနော်။ ကျွန်တော်ကိုးကွယ်တဲ့ ဘုရားက ကျွန်တော့်ကို လုပ်ပေးနိုင်ရမယ် အဲ့တာကျွန်တော်စမ်းကျိတယ် အခုလိုသွားရင်းနဲ့ သွားလာတတ်လာတယ် တတ်လာတယ်ဆိုတာ ကျွန်တော်ကောင်းလို့တော့ မဟုတ်ဘူးပေါ့ အဲ့ဒီယေရှုပေါ့ ဒါဘာသာရေးနဲ့တော့ မဆိုင်ပါဘူး ကျွန်တော့်အဖြစ်ကို ပြောပြတာပါ။

ယေရှုခရဇ်တော်ဆိုတဲ့ ပုဂ္ဂိုလ် ကတော့ကျွန်တော့်ကို အရက်ဖြတ်ပေးတယ် မူးယစ်ဆေးဝါးဖြတ်ပေးတယ် အပြာကားကြည့်တာ ဖြတ်ပေးတယ် ဖာချတာတွေဖြတ်ပေးတယ် အရက်သောက်တာဖြတ်ပေးတယ်နောက် သစ္စာမဲ့တာတွေ ဖြတ်ပေးတယ်။ မဆိုးဘူး အဲ့တာကြောင့် အခုလိုကျွန်တော် စမ်းပြီးတော့ ရပ်တည်နိုင်တာပေါ့။”လို့ ပြောခဲ့ပါတယ်။

ဘဝကို ဘုရားက ကယ်တင်လိုက်တယ်လို့ ပြောလို့ရမလားလို့ မေးမြန်းရာ “အဲ့တာအမှန်ပဲ ကျွန်တော် ဒုက္ခအကြီးအကျယ်ရောက်ဖူးတယ်လေ။ ဘယ်သူမှမကယ်ပါဘူး မှန်ပါတယ် သူတို့ကို စိတ်မဆိုးပါဘူး။ ကောင်းတယ်လေ ကျွန်တော့်ကို ပြောတယ် မင်းဖြစ်ရင်မင်းခံ နည်းတောင်နည်းသေးတယ်တဲ့။ ဟုတ်ပါတယ် သူတို့ပြောတာလည်း မှန်ပါတယ် ကျွန်တော်စိတ်ဆိုးလို့မရဘူး မှန်တယ်။ ကျွန်တော်မသိလို့လေ ဒီလိုဖြစ်မယ်မှန်းသိရင် ဘယ်သူက လုပ်မှာတုန်း။ အရက်သောက်ရင် မကောင်းဘူးသိလား သိတယ်။ ဆေးမချရဘူး မကောင်းဘူးသိလား သိတယ်။ ဒါပေမဲ့လည်း ကျွန်တော်လုပ်တယ်လေ ဘာဖြစ်လဲ အပြစ်သားလေ လုပ်ချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောမယ် အခုလည်း လုပ်ချင်တုန်းပဲ ဒါပေမဲ့ အကျိုးဆက်သိသွားပြီ။ အဲ့အတိုင်းပဲ ကျွန်တော်သေသွားရင် ကျိန်းသေတယ် ကျွန်တော်ငရဲရောက်မှာလေ။ ဘယ်သူမှပြောစရာမလိုဘူး ကိုယ့်ကိုကိုယ်သိတယ်။

ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ် ကျွန်တော် ငရဲလည်းမသွားချင်ဘူးဗျာ။ ဒါပေမဲ့ ပြောလိုက်မယ် ကျွန်တော် ငရဲကနေ လွတ်မြောက်အောင် ကျွန်တော် မကျင့်စောင်နိုင်ဘူး။ အဲ့အတွက် ကျွန်တော်ကယ်တင်ရှင်လိုတယ် ဘယ်သူမှမလိုဘူး ငါ့ကိုကိုယ်နိုင်ရင်ကယ် ဒါပဲ။ ကျွန်တော့်ကိုကျွန်တော်လည်း မကယ်နိုင်ဘူးလေ အဲ့တာကြောင့် အခုလို ကျွန်တော်က ဒီဘုရားကို အားကိုးရခြင်း ဖြစ်ပါတယ်။”လို့ နောနော်က ဖြေသွားခဲ့ပါတယ်။
burmese.asia

No comments:

Post a Comment