Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 28, 2019

"တစ်ဘဝ ပြီးပြီ "


•တံခါးဖွင့်လိုက်ပြီ
အသက်ဘယ်လောက်လဲ
မမေးပါ
ကျား မ မခွဲခြားပါ
ရုပ်ရည် ရုပကာမကြည့်ပါ

•ပညာတတ်ကြောင်း
ထောက်ခံချက်မလိုပါ
ဘာကောင် ကြီးလည်း
စိတ်မဝင်စားပါ

•စည်းစိမ်ဘယ်လောက်ရှိလဲ
ထားခဲ့ပါ
ချစ်သူများ မုန်းသူများ
အားလုံးနေခဲ့ပါ

•မီးသဂြိုလ် စက်အတွင်းသို့
သင်တစ်ယောက်တည်းသာ
ဝင်ခွင့်ပြုတယ်

•တံခါးပြန်ပိတ်လိုက်ပြီ
ခေါင်တိုင်မှ မီးခိုးဖြုလွှလွှလေးများ
ထွက်လာပါလိမ့်မည်

•မီးခိုးမထွက်မှီ
လိုက်ပို့သော ကားများ
ပြန်ထွက်သွားကြပါပြီ

"တစ်ဘဝ ပြီးပြီ "

No comments:

Post a Comment