Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 7, 2019

ပါခ်ဳပ္ဆရာေတာ္ၾကီး မိန့္ၾကားတဲ့ “အလွဴဒါန ဆိုတာ ”


"လူတစ္ခ်ိဳ႕လုပ္ေနတာေျပာျပမယ္" လို႔ ပါခ်ဴပ္​ဆရာ​ေတာ္​ႀကီး မွ မိန္​႔ပါတယ္။

တခ်ိဳ႕ ေနရာေတြမွာဆို လမ္းက္ို ပိတ္ျပီးေတာ့ေတာင္ အလွဴခံတာေတြ႔ရတယ္၊ သဒၶါရွိတဲ႔သူက လာလွဴတာမ်ိဳးမဟုတ္ဘဲ ၾကိဳေနေစာင့္ေနေျပာဆို အလွဴခံေနရင္ ဒါေတာင္းေနတာနဲ႔အတူတူပဲ။

ဒါကို လက္ခံရင္ ဘုန္းၾကီးတို႔ သူေတာင္းစားျဖစ္သြားမယ္။ ဘုန္းၾကီး တေလာက စကၤာပူက အဘိဓမၼာသင္တန္းပို႔ခ်ဖို႔ပင့္လို႔ သြားတယ္။ ဒါကို အလွဴခံၾကတယ္။

"ဘုန္းၾကီး က်န္းမာေရးမေကာင္းလို႔ ေဆးကုဖို႔" လို႔ ေျပာၿပီးအလွဴခံၾကတာ သိပ္ဝမ္းနည္းစရာေကာင္းတယ္။

တစ္ခါ ဒကာတစ္ေယာက္ကလည္းေလ်ွာက္ျပန္တယ္ "ဘုန္းၾကီးေက်ာင္းေဆာက္ဖို႔လိုရင္"
"အလွဴခံျဖတ္ပိုင္းရိုက္ေပးပါ" "အလွဴခံေပးပါ့မယ္"တဲ့ဒါေတြက ေတာ္ေတာ္မေကာင္းတဲ့ကိစၥေတြပဲ၊ ဘုန္းၾကီးငယ္ငယ္တုန္းက ရဟန္းဒါယကာေတြက "လိုတာေျပာပါ " ဆိုျပီးေျပာလြန္းလို႔ ၂ခါေလာက္ပဲ ေတာင္းဖူးတယ္။

ေနာက္တစ္ခု တရားပြဲေတြမွာ အလွဴခံဖလားေတြ ခ်ထားတယ္..တရားလာနာတဲ့လူတစ္ေယာက္ဟာ
ဒါကိုျမင္ျပီး သူမလွဴႏိုင္တဲ့အခါ သူ့႔စိတ္ထဲ စႏိုးစေနာင့္ျဖစ္သြားတယ္ဆိုရင္ဒါဟာမေကာင္းေတာ့ဘူး။

ပိုက္ဆံေပးျပီးမွ တရားနာရတယ္ဆိုရင္ ဘုန္းၾကီးတို႔က တရားကို ေရာင္းေနသလိုျဖစ္ေနမယ္၊ ေရာင္းရေအာင္ကလည္း ကိုယ့္တရားမဟုတ္ဘူး..ဘုရားတရားေတာ္ေတြ။

တခ်ိဳ႕ေနရာေတြမွာဆို လမ္းက္ို ပိတ္ျပီးေတာ့ေတာင္ အလွဴခံတာေတြ႔ရတယ္ သဒၶါရွိတဲ႔သူက လာလွဴတာမ်ိဳးမဟုတ္ဘဲ ၾကိဳေနေစာင့္ေနေျပာဆို အလွဴခံေနရင္ ဒါေတာင္းေနတာနဲ႔အတူတူပဲ.. ဒါကို လက္ခံရင္ ဘုန္းၾကီးတို႕သူေတာင္းစားျဖစ္သြားမယ္ ဒါေၾကာင့္ ဘုန္းၾကီးတို႔တရားပြဲေတြမွာ စာအုပ္တို႔ အေခြတို႔ အေရာင္းမခံဘူး ဘုန္းၾကီးကေရာင္းတယ္ ေရာင္းခိုင္းတယ္ထင္မွာကို သိပ္စိုးရိမ္တယ္။

ဘုန္းၾကီးတို႔ဆရာသမားမေထရ္ၾကီးတစ္ပါးဆို သူ႔ဒါယကာေတြက "ဘာလိုလဲဘုရား"လို႔ေမးေတာ့
"သဒၶါရွိသေလာက္ၾကည့္လွဴ""ဘာလိုလဲ ေနာက္မေမးနဲ႔"လို႔ေျပာတာေတြ႔ဖူးတယ္။

တမင္ၾကီး အလွဴေပးခ်င္ေအာင္ ေျပာေနစရာမလိုဘူး..သဒၶါရွိတဲ႔သူက လိုက္ရွာျပီးေတာင္လွဴတယ္။
တရားကိုေဟာတဲ့ေနရာမွာလည္းဘုန္းၾကီးတို႔ဘုရားညႊန္ၾကားခ်က္အတိုင္းေဒသနာစဥ္အတိုင္းေဟာတယ္။ အေၾကာင္းျပခ်က္ခိုင္လံုတဲ့တရားပဲ ေဟာတယ္..တရားနာသူေတြအေပၚ ေမတၱာနဲ႕ေဟာတယ္၊ မသ္ိၾကေသးတာ သိၾကပါေစ ဆိုတဲ့ေစတနာနဲ႔ ေဟာတယ္၊ ကိုယ္႔ဂုဏ္ကိုေျမွာက္ သူမ်ားကိုႏွိမ္တဲ့တရားမ်ိဳး မေဟာဘူး..လုိ့ ပါခ်ဳပ္ဆရာေတာ္ ဘုရားက ေဟာၾကားထားပါတယ္။

ျမတ္စြာဘုရားက တပည့္သံဃာေတြကိုလည္း ဒီလိုတရားေတြေဟာဖို႔ တိုက္တြန္းခဲ့တာပါ ဒါကို လိုက္နာဖို႔အေရးႀကီးပါတယ္။
ပါခ်ဳပ္ဆရာေတာ္ႀကီး
#Unicode Version#
 "လူတစ်ချို့လုပ်နေတာပြောပြမယ်" လို့ ပါချူပ်ဆရာတော်ကြီး မှ မိန့်ပါတယ်။

တချို့ နေရာတွေမှာဆို လမ်းကို ပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်၊ သဒ္ဓါရှိတဲ့သူက လာလှူတာမျိုးမဟုတ်ဘဲ ကြိုနေစောင့်နေပြောဆို အလှူခံနေရင် ဒါတောင်းနေတာနဲ့အတူတူပဲ။

ဒါကို လက်ခံရင် ဘုန်းကြီးတို့ သူတောင်းစားဖြစ်သွားမယ်။ ဘုန်းကြီး တလောက စင်္ကာပူက အဘိဓမ္မာသင်တန်းပို့ချဖို့ပင့်လို့ သွားတယ်။ ဒါကို အလှူခံကြတယ်။

"ဘုန်းကြီး ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့" လို့ ပြောပြီးအလှူခံကြတာ သိပ်ဝမ်းနည်းစရာကောင်းတယ်။

တစ်ခါ ဒကာတစ်ယောက်ကလည်းလျှောက်ပြန်တယ် "ဘုန်းကြီးကျောင်းဆောက်ဖို့လိုရင်"
"အလှူခံဖြတ်ပိုင်းရိုက်ပေးပါ" "အလှူခံပေးပါ့မယ်"တဲ့ဒါတွေက တော်တော်မကောင်းတဲ့ကိစ္စတွေပဲ၊ ဘုန်းကြီးငယ်ငယ်တုန်းက ရဟန်းဒါယကာတွေက "လိုတာပြောပါ " ဆိုပြီးပြောလွန်းလို့ ၂ခါလောက်ပဲ တောင်းဖူးတယ်။

နောက်တစ်ခု တရားပွဲတွေမှာ အလှူခံဖလားတွေ ချထားတယ်..တရားလာနာတဲ့လူတစ်ယောက်ဟာ
ဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါ သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်သွားတယ်ဆိုရင်ဒါဟာမကောင်းတော့ဘူး။

ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင် ဘုန်းကြီးတို့က တရားကို ရောင်းနေသလိုဖြစ်နေမယ်၊ ရောင်းရအောင်ကလည်း ကိုယ့်တရားမဟုတ်ဘူး..ဘုရားတရားတော်တွေ။

တချို့နေရာတွေမှာဆို လမ်းကို ပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ် သဒ္ဓါရှိတဲ့သူက လာလှူတာမျိုးမဟုတ်ဘဲ ကြိုနေစောင့်နေပြောဆို အလှူခံနေရင် ဒါတောင်းနေတာနဲ့အတူတူပဲ.. ဒါကို လက်ခံရင် ဘုန်းကြီးတို့သူတောင်းစားဖြစ်သွားမယ် ဒါကြောင့် ဘုန်းကြီးတို့တရားပွဲတွေမှာ စာအုပ်တို့ အခွေတို့ အရောင်းမခံဘူး ဘုန်းကြီးကရောင်းတယ် ရောင်းခိုင်းတယ်ထင်မှာကို သိပ်စိုးရိမ်တယ်။

ဘုန်းကြီးတို့ဆရာသမားမထေရ်ကြီးတစ်ပါးဆို သူ့ဒါယကာတွေက "ဘာလိုလဲဘုရား"လို့မေးတော့
"သဒ္ဓါရှိသလောက်ကြည့်လှူ""ဘာလိုလဲ နောက်မမေးနဲ့"လို့ပြောတာတွေ့ဖူးတယ်။

တမင်ကြီး အလှူပေးချင်အောင် ပြောနေစရာမလိုဘူး..သဒ္ဓါရှိတဲ့သူက လိုက်ရှာပြီးတောင်လှူတယ်။
တရားကိုဟောတဲ့နေရာမှာလည်းဘုန်းကြီးတို့ဘုရားညွှန်ကြားချက်အတိုင်းဒေသနာစဉ်အတိုင်းဟောတယ်။ အကြောင်းပြချက်ခိုင်လုံတဲ့တရားပဲ ဟောတယ်..တရားနာသူတွေအပေါ် မေတ္တာနဲ့ဟောတယ်၊ မသိကြသေးတာ သိကြပါစေ ဆိုတဲ့စေတနာနဲ့ ဟောတယ်၊ ကိုယ့်ဂုဏ်ကိုမြှောက် သူများကိုနှိမ်တဲ့တရားမျိုး မဟောဘူး..လို့ ပါချုပ်ဆရာတော် ဘုရားက ဟောကြားထားပါတယ်။

မြတ်စွာဘုရားက တပည့်သံဃာတွေကိုလည်း ဒီလိုတရားတွေဟောဖို့ တိုက်တွန်းခဲ့တာပါ ဒါကို လိုက်နာဖို့အရေးကြီးပါတယ်။
ပါချုပ်ဆရာတော်ကြီး

No comments:

Post a Comment