Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 7, 2019

၅ ႏွစ္အရြယ္မိန္းကေလးသားမယားျပဳင္႔က်င္႔ခံရေသဆုံးမႈ တရားခံက၁၀တန္းေက်ာင္းသားမို႔ ရဲကျပန္လႊတ္

 ဗုဒၶဘာသာ ျမန္မာႏိုင္ငံမွာ ကိုယ္ခ်င္းစာတရားေတြေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ကို ေခါင္းပါးေနၾကၿပီဗ်ာ

က်ေတာ္ ဒီအမႈမ်ဳိးေတြ ေတာ္ယံုဝင္မပါပါဘူးကိုယ္တိုင္ရင္ထဲမေကာင္းလို႔ မခံစားႏိုင္တာေၾကာင့္သူမ်ားကိုလည္း မမွ်ေဝခ်င္လို႔ပါ ။ခုတစ္ႀကိမ္က မ်က္ႏွာလႊဲေနလို႔ မရေလာက္ေအာင္ရင္နာဖို႔ေကာင္းလြန္းလို႔ ဒီအမႈကို အမ်ားသိရေအာင္ကူညီေပးလိုက္တာပါ

ျဖစ္စဥ္ကေတာ့ …ေဖာင္းျပင္ၿမိဳ႕နယ္ ေမာက္စဖာေက်းရြာမွာ၁၀.၁.၂၀၁၉ ေန႔က အသက္ ၅ ႏွစ္အရြယ္ကေလးမေလး မအိျဖဴစင္ေအာင္ဟာအဖြားျဖစ္သူက ဝက္စာေကြ်းေနခ်ိန္ ေနအိမ္အျပင္ကိုထြက္သြားရင္း ေပ်ာက္ဆံုးသြားရာကအိမ္နီးခ်င္းျဖစ္သူ မမာမာဝင္းမွ ေပြ႕ခ်ီလာၿပီးသူ႔အိမ္အေနာက္ဘက္ ေခ်ာက္ထဲမွာေတြ႕ေၾကာင္း

၁၀ တန္းေက်ာင္းသားျဖစ္သူေက်ာ္ဝင္းေအာင္ (အသက္ ၂၀) မွ လာေျပာသျဖင့္သြားေရာက္သယ္လာရာ ကေလးမွာ စကားျပန္မရသျဖင့္ရြာမွာရွိတဲ့ ပေရာဂဆရာမ်ားႏွင့္ျပၿပီး လက္ေလွ်ာ့လိုက္တာေၾကာင့္ သားဖြားဆရာမႏွင့္ျပရာကေလးမွာ အသက္မရွိေတာ့ေၾကာင္း သိရပါတယ္။

သာမန္ ေခ်ာက္ထဲက်ၿပီး ေသဆံုးတယ္ ထင္ၿပီးကေလးကို သၿဂိဳလ္ဖို႔ ျပင္ခ်ိန္မွာ ကေလးဖိနပ္ကိုေခ်ာက္ထဲမွာ သြားရွာရင္း အျခားအမ်ဳိးသားဖိနပ္တစ္ရံႏွင့္အတြင္းခံေဘာင္းဘီတစ္ထည္ကို အခင္းျဖစ္တဲ့နားမွာေတြ႕ရတာေၾကာင့္ ကေလးကို စစ္ေဆးၾကည့္ရာအဓမၼျပဳက်င့္ခံထားရေၾကာင္း သိရတာေၾကာင့္ေဖာင္းျပင္ရဲစခန္းမွာ ၁၁.၁.၂၀၁၉ ေန႔ကအမႈဖြင့္ခဲ့ပါတယ္

ျပဳက်င့္ခံရတဲ႔ ကေလးမေလးကို ေခ်ာက္ထဲျပဳတ္က်ေနေၾကာင္း လာအေၾကာင္းၾကားတဲ့အိမ္ေရွ႕အိမ္ကညီအစ္ကိုႏွစ္ေယာက္ကို ရဲကဖမ္းပီး စစ္ေဆးရာမွာ အစ္ကိုျဖစ္သူက အတြင္းခံေဘာင္းဘီဟာသူ႔ညီေဘာင္းဘီျဖစ္ေျကာင္း ရဲစခန္းမွာထြက္ဆိုခဲ့ပါတယ္

ဒါေပမဲ့ ရဲက ဆက္လက္ဖမ္းဆီးထားျခင္း မရွိေတာ့ပဲသက္ေသမခိုင္လံုတာေၾကာင့္၊ဆယ္တန္းေက်ာင္းသားျဖစ္လို႔ဆိုတဲ့ ပညာေရးဌာနနဲ႔ ျပႆနာတက္မယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ျပန္လႊတ္ေပးခဲ့ပါတယ္။

ယေန႔ဆိုရင္ အမႈျဖစ္ခဲ့တာ တစ္လနီးပါးရွိေနေပမယ့္တရားခံကို ရဲက မေဖာ္ထုတ္ႏိုင္ေသးပါဘူးသက္ငယ္မုဒိန္းမႈ ျဖစ္ခဲ့တာ တစ္လနီးပါးၾကာခဲ့ေပမယ့္အမႈနဲ႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးမႈေတြ ထပ္မံမလုပ္ေတာ့ပဲအမႈကို ဒီအတိုင္းၿပီးသြားမွာ ကေလးမိဘေတြကစိုးရိမ္တာေၾကာင့္ အမႈကို ဆက္လက္ ေဖာ္ထုတ္ေပးႏိုင္ဖို႔ကေလးမိဘေတြနဲ႔ အကူအညီေပးေနသူေတြကစိုးရိမ္ေနၾကပါတယ္။

ေဖာင္းျပင္ရဲစခန္းက စခန္းမႈးသက္စိုးက အမႈကိုကာမလိမ္လည္ရယူမႈ ၄၁၇ နဲ႔ ဖြင့္လို႔ အကူအညီေပးသူေတြက ကန္႔ကြက္ေတာ့မွ ၃၇၆/၃၀၂ နဲ႔ေျပာင္းဖြင့္ေပးခဲ့တာ ျဖစ္ပါတယ္။ ယခုလည္းတရားခံဆီက ေငြယူၿပီး လႊတ္ေပးထားတယ္လို႔
ေဖာင္းျပင္ၿမိဳ႕ခံေတြကလေျပာေနၾကပါတယ္။

ဒီအမႈကို သက္ဆိုင္ရာ တာဝန္ရွိသူေတြ သိရွိၿပီးအမွန္အတိုင္း ျဖစ္ေစဖို႔ အကူအညီေတာင္းလာတာေၾကာင့္အမ်ားသိေအာင္ ေဖာ္ျပေပးလိုက္ရပါတယ္သားသမီးခ်င္း ကိုယ္ခ်င္းစာစိတ္နဲ႔ အမႈကို အျမန္ဆံုးေဖာ္ထုတ္ေပးၾကပါလို႔ ျပည္ထဲေရးမွတာဝန္ရွိသူမ်ားအားအသိေပးလိုက္ပါတယ္ ….
Zarni Tike
#Unicode Version#
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ကိုယ်ချင်းစာတရားတွေကြောက်ဖို့ကောင်းလောက်အောင်ကို ခေါင်းပါးနေကြပြီဗျာ

ကျတော် ဒီအမှုမျိုးတွေ တော်ယုံဝင်မပါပါဘူးကိုယ်တိုင်ရင်ထဲမကောင်းလို့ မခံစားနိုင်တာကြောင့်သူများကိုလည်း မမျှဝေချင်လို့ပါ ။ခုတစ်ကြိမ်က မျက်နှာလွှဲနေလို့ မရလောက်အောင်ရင်နာဖို့ကောင်းလွန်းလို့ ဒီအမှုကို အများသိရအောင်ကူညီပေးလိုက်တာပါ

ဖြစ်စဉ်ကတော့ …ဖောင်းပြင်မြို့နယ် မောက်စဖာကျေးရွာမှာ၁၀.၁.၂၀၁၉ နေ့က အသက် ၅ နှစ်အရွယ်ကလေးမလေး မအိဖြူစင်အောင်ဟာအဖွားဖြစ်သူက ဝက်စာကျွေးနေချိန် နေအိမ်အပြင်ကိုထွက်သွားရင်း ပျောက်ဆုံးသွားရာကအိမ်နီးချင်းဖြစ်သူ မမာမာဝင်းမှ ပွေ့ချီလာပြီးသူ့အိမ်အနောက်ဘက် ချောက်ထဲမှာတွေ့ကြောင်း

၁၀ တန်းကျောင်းသားဖြစ်သူကျော်ဝင်းအောင် (အသက် ၂၀) မှ လာပြောသဖြင့်သွားရောက်သယ်လာရာ ကလေးမှာ စကားပြန်မရသဖြင့်ရွာမှာရှိတဲ့ ပရောဂဆရာများနှင့်ပြပြီး လက်လျှော့လိုက်တာကြောင့် သားဖွားဆရာမနှင့်ပြရာကလေးမှာ အသက်မရှိတော့ကြောင်း သိရပါတယ်။

သာမန် ချောက်ထဲကျပြီး သေဆုံးတယ် ထင်ပြီးကလေးကို သဂြိုလ်ဖို့ ပြင်ချိန်မှာ ကလေးဖိနပ်ကိုချောက်ထဲမှာ သွားရှာရင်း အခြားအမျိုးသားဖိနပ်တစ်ရံနှင့်အတွင်းခံဘောင်းဘီတစ်ထည်ကို အခင်းဖြစ်တဲ့နားမှာတွေ့ရတာကြောင့် ကလေးကို စစ်ဆေးကြည့်ရာအဓမ္မပြုကျင့်ခံထားရကြောင်း သိရတာကြောင့်ဖောင်းပြင်ရဲစခန်းမှာ ၁၁.၁.၂၀၁၉ နေ့ကအမှုဖွင့်ခဲ့ပါတယ်

ပြုကျင့်ခံရတဲ့ ကလေးမလေးကို ချောက်ထဲပြုတ်ကျနေကြောင်း လာအကြောင်းကြားတဲ့အိမ်ရှေ့အိမ်ကညီအစ်ကိုနှစ်ယောက်ကို ရဲကဖမ်းပီး စစ်ဆေးရာမှာ အစ်ကိုဖြစ်သူက အတွင်းခံဘောင်းဘီဟာသူ့ညီဘောင်းဘီဖြစ်ကြောင်း ရဲစခန်းမှာထွက်ဆိုခဲ့ပါတယ်

ဒါပေမဲ့ ရဲက ဆက်လက်ဖမ်းဆီးထားခြင်း မရှိတော့ပဲသက်သေမခိုင်လုံတာကြောင့်၊ဆယ်တန်းကျောင်းသားဖြစ်လို့ဆိုတဲ့ ပညာရေးဌာနနဲ့ ပြဿနာတက်မယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ယနေ့ဆိုရင် အမှုဖြစ်ခဲ့တာ တစ်လနီးပါးရှိနေပေမယ့်တရားခံကို ရဲက မဖော်ထုတ်နိုင်သေးပါဘူးသက်ငယ်မုဒိန်းမှု ဖြစ်ခဲ့တာ တစ်လနီးပါးကြာခဲ့ပေမယ့်အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ထပ်မံမလုပ်တော့ပဲအမှုကို ဒီအတိုင်းပြီးသွားမှာ ကလေးမိဘတွေကစိုးရိမ်တာကြောင့် အမှုကို ဆက်လက် ဖော်ထုတ်ပေးနိုင်ဖို့ကလေးမိဘတွေနဲ့ အကူအညီပေးနေသူတွေကစိုးရိမ်နေကြပါတယ်။

ဖောင်းပြင်ရဲစခန်းက စခန်းမှုးသက်စိုးက အမှုကိုကာမလိမ်လည်ရယူမှု ၄၁၇ နဲ့ ဖွင့်လို့ အကူအညီပေးသူတွေက ကန့်ကွက်တော့မှ ၃၇၆/၃၀၂ နဲ့ပြောင်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ယခုလည်းတရားခံဆီက ငွေယူပြီး လွှတ်ပေးထားတယ်လို့
ဖောင်းပြင်မြို့ခံတွေကလပြောနေကြပါတယ်။

ဒီအမှုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိရှိပြီးအမှန်အတိုင်း ဖြစ်စေဖို့ အကူအညီတောင်းလာတာကြောင့်အများသိအောင် ဖော်ပြပေးလိုက်ရပါတယ်သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ အမှုကို အမြန်ဆုံးဖော်ထုတ်ပေးကြပါလို့ ပြည်ထဲရေးမှတာဝန်ရှိသူများအားအသိပေးလိုက်ပါတယ် ….
Zarni Tike





No comments:

Post a Comment