Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 9, 2019

ေဟာ္တယ္အတြင္း အမွဳသည္အမ်ဳိးသမီးႏွင့္ ေပ်ာ္ပါးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေနကို မယားႀကီးက ရဲစခန္းတိုင္

ေမာင္ေလးငယ္ငယ္ မုံရြာ၊ ေဖေဖာ္၀ါရီ ၉

မႏၱေလးတိုင္းေဒသႀကီး ခ်မ္းေအးသာဇံၿမိဳ႕နယ္တြင္ေနထိုင္သည့္ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးအား မုံရြာၿမိဳ႕ရွိ ေဟာ္တယ္တစ္ခုတြင္ အျခားမိန္းမႏွင့္ ေပ်ာ္ပါးေနသည္ကို ေတြ႕သျဖင့္ မယားႀကီးျဖစ္သူက အမႈလာေရာက္ဖြင့္လွစ္ခဲ့ေၾကာင္း မုံရြာၿမိဳ႕မရဲစခန္းမွ သိရသည္။

ခ်မ္းေအးသာဇံၿမိဳ႕နယ္တြင္ အလွျပင္လုပ္ငန္းလုပ္ကိုင္သည့္ အသက္ ၃၃ ႏွစ္အရြယ္ အမ်ဳိးသမီးသည္ ၄င္း၏ အမ်ဳိးသား တရားလႊတ္ေတာ္ေရွ႕ေနမွာ အျခားအမ်ဳိးသမီးတစ္ဦးႏွင့္ မုံရြာၿမိဳ႕ ေဒါနၿခံရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းေပၚရွိ ေဟာ္တယ္အခန္းတစ္ခန္းတြင္ တည္းခိုေပ်ာ္ပါးေနေၾကာင္း သတင္းရရွိသျဖင့္ ေဖေဖာ္၀ါရီ ၅ ရက္ ညေနပိုင္းက သက္ေသမ်ားျဖင့္ သြားေရာက္စုံစမ္းခဲ့ေၾကာင္း ၄င္းအမႈအား စစ္ေဆးသည့္ ဒုရဲအုပ္ ၿဖိဳးၾကြယ္သူက ေျပာသည္။

“ အခန္းထဲမွာ အတူမိတဲ့အမ်ဳိးသမီးက သူ႔အမႈသည္လို႔ စစ္ေဆးခ်က္အရ သိရတယ္။ အမ်ဳိးသမီးကေတာ့ အိမ္ေထာင္မရွိတဲ့ လူလႊတ္ပါ။ အခုေလာေလာဆယ္ေတာ့ တရားလႊတ္ေတာ္ေရွ႕ေနကို မုံရြာတရားရုံးမွာ ခ်ဳပ္ခြင့္ရီမန္ယူၿပီး ရဲစခန္းအခ်ဳပ္မွာ ခ်ဳပ္ထားပါတယ္။ အေသးစိတ္စစ္ေဆးၿပီးရင္ တရားစြဲဆိုဖို႔ ဆက္လု့ပ္သြားမွာပါ’’ ဟု ၄င္းအရာရွိက ေျပာသည္။

မုံရြာၿမိဳ႕ ေဒါနၿခံရပ္ကြက္တြင္ တည္ရွိသည့္ ေဟာ္တယ္တစ္ခု၏ အခန္းနံပါတ္ 9D အား ေဒါနၿခံရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးပါ၀င္သည့္ သက္ေသအခ်ဳိ႕နွင့္ သြားေရာက္ရွာေဖြစစ္ေဆးခဲ့ရာမွ အသက္ ၄၆ ႏွစ္အရြယ္ရွိ တရားလႊတ္ေတာ္ေရွ႕ေနႏွင့္ အသက္ ၄၃ ႏွစ္အရြယ္အမ်ဳိးသမီးတို႔အား အခန္းထဲတြင္ အတူေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း အရာရွိက ဆက္ေျပာသည္။

တရား၀င္ဇနီးအား ကြာရွင္းျပတ္စဲျခင္းမရွိဘဲ အျခားအမ်ဳိးသမီးတစ္ဦးႏွင့္ ထက္မံေပါင္းသင္းေနထိုင္ခဲ့သည့္ တရားလႊတ္ေတာ္ေရွ႕ေနအား အေရးယူေပးပါရန္ တရား၀င္ဇနီးျဖစ္သူမွ တရားလိုျပဳလုပ္တိုင္တန္းကာ မုံရြာၿမိဳ႕မရဲစခန္း(ပ)၂၆၀/၂၀၁၉ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ-၁၃ ျဖင့္ အမႈေရးဖြင့္ကာ တရားဥပေဒအရ အေရးယူႏိုင္ေရးအတြက္ ဒုရဲအုပ္ ၿဖိဳးၾကြယ္သူမွ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။…..

သိမ္းထူးစံ

unicode

ဟော်တယ်အတွင်း အခြားအမျိုးသမီးနှင့် ပျော်ပါးနေသည်ဟု ဆိုကာ တရားလွှတ်တော်ရှေ့နေကို မယားကြီးက ရဲစခန်းတိုင်

မောင်လေးငယ်ငယ် မုံရွာ၊ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်တွင်နေထိုင်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးအား မုံရွာမြို့ရှိ ဟော်တယ်တစ်ခုတွင် အခြားမိန်းမနှင့် ပျော်ပါးနေသည်ကို တွေ့သဖြင့် မယားကြီးဖြစ်သူက အမှုလာရောက်ဖွင့်လှစ်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

ချမ်းအေးသာဇံမြို့နယ်တွင် အလှပြင်လုပ်ငန်းလုပ်ကိုင်သည့် အသက် ၃၃ နှစ်အရွယ် အမျိုးသမီးသည် ၄င်း၏ အမျိုးသား တရားလွှတ်တော်ရှေ့နေမှာ အခြားအမျိုးသမီးတစ်ဦးနှင့် မုံရွာမြို့ ဒေါနခြံရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ ဟော်တယ်အခန်းတစ်ခန်းတွင် တည်းခိုပျော်ပါးနေကြောင်း သတင်းရရှိသဖြင့် ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက သက်သေများဖြင့် သွားရောက်စုံစမ်းခဲ့ကြောင်း ၄င်းအမှုအား စစ်ဆေးသည့် ဒုရဲအုပ် ဖြိုးကြွယ်သူက ပြောသည်။

“ အခန်းထဲမှာ အတူမိတဲ့အမျိုးသမီးက သူ့အမှုသည်လို့ စစ်ဆေးချက်အရ သိရတယ်။ အမျိုးသမီးကတော့ အိမ်ထောင်မရှိတဲ့ လူလွှတ်ပါ။ အခုလောလောဆယ်တော့ တရားလွှတ်တော်ရှေ့နေကို မုံရွာတရားရုံးမှာ ချုပ်ခွင့်ရီမန်ယူပြီး ရဲစခန်းအချုပ်မှာ ချုပ်ထားပါတယ်။ အသေးစိတ်စစ်ဆေးပြီးရင် တရားစွဲဆိုဖို့ ဆက်လု့ပ်သွားမှာပါ’’ ဟု ၄င်းအရာရှိက ပြောသည်။

မုံရွာမြို့ ဒေါနခြံရပ်ကွက်တွင် တည်ရှိသည့် ဟော်တယ်တစ်ခု၏ အခန်းနံပါတ် 9D အား ဒေါနခြံရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သည့် သက်သေအချို့နှင့် သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာမှ အသက် ၄၆ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေနှင့် အသက် ၄၃ နှစ်အရွယ်အမျိုးသမီးတို့အား အခန်းထဲတွင် အတူတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အရာရှိက ဆက်ပြောသည်။

တရားဝင်ဇနီးအား ကွာရှင်းပြတ်စဲခြင်းမရှိဘဲ အခြားအမျိုးသမီးတစ်ဦးနှင့် ထက်မံပေါင်းသင်းနေထိုင်ခဲ့သည့် တရားလွှတ်တော်ရှေ့နေအား အရေးယူပေးပါရန် တရားဝင်ဇနီးဖြစ်သူမှ တရားလိုပြုလုပ်တိုင်တန်းကာ မုံရွာမြို့မရဲစခန်း(ပ)၂၆၀/၂၀၁၉ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၃ ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ဒုရဲအုပ် ဖြိုးကြွယ်သူမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။…..

သိမ်းထူးစံ

No comments:

Post a Comment