Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 6, 2019

ကေလးမိဘေတြ သတိထားျကပါ ! ” မရွိတာထက္ ….. မသိတာကခက္


” မရွိတာထက္ ….. မသိတာကခက္
မသိတာထက္ …… သိသိနဲ႔မလိုက္နာတာက ပိုခက္”
ကေလးအႏွီးဖြင့္လိုက္ေတာ့ ခ်က္ပုပ္တဲ့အနံ့ကေထာင္းခဲရလိုက္တယ္ ။ ေခါင္းေလးေျပာင္ ၊ အဖ်ားေတြတတ္ ႏို႔အံုေလးေယာင္ၿပီး ငိုေနတဲ့ ကေလးကိုၾကည့္ၿပီး သနားစိတ္နဲ႔အတူ မိဘေတြကို နဲနဲေတာ့ဆူမိတယ္ ။
ဘယ္မွာေမြးတာလဲ ဆိုေတာ့ ေဆးရံုမွာ ဆရာမေတြကလဲေဆာင္ရန္ေရွာင္ရန္ေတြေျပာျပတယ္
အိမ္က အဖြားကလုပ္ဆိုလို႔ တဲ့( ကေလးငယ္ ႏို႔အံုေယာင္ေနတာ အဖြားလက္နဲ႔ၫွစ္တာ ႀကီးတဲ့အခါႏို႔မစူေအာင္တဲ့ ၊ ေခါင္းရိတ္ခိုင္းတယ္ ၊ သနပ္ခါးနဲ႔ေပါင္ဒါေတြက သမီးလုပ္ထားတာ )
ကေလးေမေမေရ ကေလးေတြမွာ သဘာဝအတိုင္းျဖစ္ေလ့ရွိၿပီး ကုသစရာမလိုတဲ့အရာေတြကို သိထားရမယ္ေနာ္

– ႏို႔တအားစို႔ၿပီး ဗိုက္တင္းတဲ့အခါ နဲနဲအန္တတ္ပါတယ္
– သြားဖံုးေလးေတြကို လွ်ာနဲ႔ထိုးၿပီး အယားေျဖတတ္ပါတယ္ (သူငယ္နာမဟုတ္ပါ)
– လန္႔တတ္ပါတယ္ (အတြင္းတက္မဟုတ္ပါ)
– ခါးေကာ့တာ ၊ၫွစ္တာပံုမွန္ပါ (တက္တာ မဟုတ္ပါ)
– ကေလးငယ္ရဲ႕ႏို႔အံုေလးစူေနတတ္ပါတယ္ (အေမဆီကလာတဲ့ ေဟာ္မုန္းေၾကာင့္ပါ၊ တစ္လေလာက္ဆိုပံုမွန္ျပန္ျဖစ္ပါတယ္ ၊မၫွစ္ရပါ ၊ပံုထဲက ကေလးေလးက အဖြားလက္နဲ႔ၫွစ္ရာက ေရာဂါပိုးဝင္ၿပီး ေဆးရံုေရာက္လာတာပါ)
– ငိုပါတယ္ ( မငိုတဲ့ကေလး မရွိသေလာက္ပါ )
– က်ိဳ႕ထိုးပါတယ္ (ပံုမွန္ပါ ၊တျဖည္းျဖည္းအႀကိမ္ေရ နဲလာၿပီး တစ္လေက်ာ္ရင္သိပ္က်ိဳ႕မထိုးေတာ့ပါဘူး)

အေရးႀကီးတာက
၁။ ေမြးကင္းစကေလးကို ေခါင္းမရိတ္ပါနဲ႔ ( ေခါင္းရိတ္တာမွားရင္ေတာ့ ပိုးဝင္ၿပီးကေလးငယ္ေသဆံုးတတ္ပါတယ္)(ပံုမွာပါတဲ့ကေလးေတြ)
၂။ လွေစခ်င္ေဇာနဲ႔ သနပ္ခါးေပါင္ဒါ မသံုးပါနဲ႔
(ပံုထဲက ကေလးငယ္က သနပ္ခါးခ်က္ကိုပံုရင္း ခ်က္ႀကိဳးပိုးဝင္တာပါ )
၃။ ေဆးၿမီးတိုရမ္းမတိုက္ပါနဲ႔
ေျပာျပခဲ့တာေတြကေတာ့ အမ်ားႀကီးပါ ။
ဒီေခတ္က စာရွည္ရင္မဖတ္ခ်င္ၾကေတာ့ ဒီေလာက္ပါပဲ ။
CKG

” မရှိတာထက် ….. မသိတာကခက်

မသိတာထက် …… သိသိနဲ့မလိုက်နာတာက ပိုခက်”

ကလေးအနှီးဖွင့်လိုက်တော့ ချက်ပုပ်တဲ့အနံ့ကထောင်းခဲရလိုက်တယ် ။ ခေါင်းလေးပြောင် ၊ အဖျားတွေတတ် နို့အုံလေးယောင်ပြီး ငိုနေတဲ့ ကလေးကိုကြည့်ပြီး သနားစိတ်နဲ့အတူ မိဘတွေကို နဲနဲတော့ဆူမိတယ် ။

ဘယ်မှာမွေးတာလဲ ဆိုတော့ ဆေးရုံမှာ ဆရာမတွေကလဲဆောင်ရန်ရှောင်ရန်တွေပြောပြတယ်
အိမ်က အဖွားကလုပ်ဆိုလို့ တဲ့( ကလေးငယ် နို့အုံယောင်နေတာ အဖွားလက်နဲ့ညှစ်တာ ကြီးတဲ့အခါနို့မစူအောင်တဲ့ ၊ ခေါင်းရိတ်ခိုင်းတယ် ၊ သနပ်ခါးနဲ့ပေါင်ဒါတွေက သမီးလုပ်ထားတာ )

ကလေးမေမေရေ ကလေးတွေမှာ သဘာဝအတိုင်းဖြစ်လေ့ရှိပြီး ကုသစရာမလိုတဲ့အရာတွေကို သိထားရမယ်နော်

– နို့တအားစို့ပြီး ဗိုက်တင်းတဲ့အခါ နဲနဲအန်တတ်ပါတယ်

– သွားဖုံးလေးတွေကို လျှာနဲ့ထိုးပြီး အယားဖြေတတ်ပါတယ် (သူငယ်နာမဟုတ်ပါ)

– လန့်တတ်ပါတယ် (အတွင်းတက်မဟုတ်ပါ)

– ခါးကော့တာ ၊ညှစ်တာပုံမှန်ပါ (တက်တာ မဟုတ်ပါ)

– ကလေးငယ်ရဲ့နို့အုံလေးစူနေတတ်ပါတယ် (အမေဆီကလာတဲ့ ဟော်မုန်းကြောင့်ပါ၊ တစ်လလောက်ဆိုပုံမှန်ပြန်ဖြစ်ပါတယ် ၊မညှစ်ရပါ ၊ပုံထဲက ကလေးလေးက အဖွားလက်နဲ့ညှစ်ရာက ရောဂါပိုးဝင်ပြီး ဆေးရုံရောက်လာတာပါ)

– ငိုပါတယ် ( မငိုတဲ့ကလေး မရှိသလောက်ပါ )

– ကျို့ထိုးပါတယ် (ပုံမှန်ပါ ၊တဖြည်းဖြည်းအကြိမ်ရေ နဲလာပြီး တစ်လကျော်ရင်သိပ်ကျို့မထိုးတော့ပါဘူး)

အရေးကြီးတာက

၁။ မွေးကင်းစကလေးကို ခေါင်းမရိတ်ပါနဲ့ ( ခေါင်းရိတ်တာမှားရင်တော့ ပိုးဝင်ပြီးကလေးငယ်သေဆုံးတတ်ပါတယ်)(ပုံမှာပါတဲ့ကလေးတွေ)

၂။ လှစေချင်ဇောနဲ့ သနပ်ခါးပေါင်ဒါ မသုံးပါနဲ့
(ပုံထဲက ကလေးငယ်က သနပ်ခါးချက်ကိုပုံရင်း ချက်ကြိုးပိုးဝင်တာပါ )

၃။ ဆေးမြီးတိုရမ်းမတိုက်ပါနဲ့

ပြောပြခဲ့တာတွေကတော့ အများကြီးပါ ။

ဒီခေတ်က စာရှည်ရင်မဖတ်ချင်ကြတော့ ဒီလောက်ပါပဲ ။

Credit… CKG

No comments:

Post a Comment