Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 10, 2019

မင်းသွေးနဲ့ ပတ်သက်ပြီး မိသားစုဝင်များမှ မေတ္တာရပ်ခံချက် စာတစောင်ထုတ်ပြန်


မင်းသွေးနဲ့ ပတ်သက်ပြီး အလှူဒါနပြုခြင်း၊ ငွေကြေးကောက်ခံခြင်း၊ မီဒီယာများတွင် တင်ခြင်း ကိစ္စရပ်တွေ အပေါ် ကျန်ရစ်သူ မိသားစုဝင်တွေက မေတ္တာရပ်ခံချက် စာတစောင် ထုတ်ပြန်ခဲ့ ပါတယ်။
 ‘’ ကွယ်လွန်သူ သရုပ်ဆောင် အဆိုတော် မင်းသွေးနှင့် ပတ်သက်၍ မိသားစုဝင်များမှ မေတ္တာရပ်ခံချက် ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ခဲ့တာပါတယ်။

‘’ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသွေးအား ယနေ့အချိန်ထိ ချစ်ခင် အားပေးနေ ကြခြင်း အတွက် အထူးပင် ကျေးဇူးတင်လျှက် ရှိပါသည်။ ယခုအခါ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသွေး နာမည်အား အသုံးပြုပြီး အလှူဒါနပြုခြင်း၊ ငွေကြေးကောက်ခံခြင်း၊ လူမှုစာမျက်နှာများတွေ တင်ခြင်း၊ မီဒီယာများတွင် တင်ခြင်း၊ မင်းသွေးနှင့် ဆွေမျိုးတသိုက် Group နာမည် သုံးပြီး Admin မသိရှိပဲ အလှူဒါန ပြုခြင်းများ၊ MT Logo အသုံးပြုခြင်းများအား မိသားစုဝင်များမှ အသိအမှတ် မပြုကြောင်း မေတ္တာရပ်ခံ အပ်ပါသည် ။
 ပြုလုပ်သည်ကို သိရှိပါက ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ် ပါသည် ’’ ဆိုပြီးတော့ မင်းသွေးရဲ့ ညီမလေးဖြစ်သူ မဆုမွန်ရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၃ နာရီက တင်ခဲ့တာ ဖြစ်ပါတယ်။



No comments:

Post a Comment