Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 20, 2019

ရြာငံတြင္ စိတ္က်န္းမာေရး မျပည့္စံုသည့္ အမ်ိဳးသမီးငယ္ကို ဦးေလးဝမ္းကြဲက ကာမလိမ္လည္ ရယူခဲ့ဟု ဆို


ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ရြာငံ ၿမိဳ႕နယ္၊ ကျပင္ေက်းရြာတြင္ အသက္ ၂၃ ႏွစ္ အရြယ္ရွိ စိတ္က်န္းမာေရး မျပည့္စံုကာ အတက္ေရာဂါရွိသည့္ အမ်ိဳးသမီးငယ္တစ္ဦးကို ေဆြမ်ိဳး နီးစပ္ေတာ္စပ္သူ ဦးေလးဝမ္းကြဲဆိုသူမွ ကာမလိမ္လည္ရယူခဲ့ၿပီး ကိုယ္ဝန္ရရွိခဲ့သျဖင့္ တရား႐ံုးသို႔ဦးတိုက္ေလွ်ာက္ထားခဲ့ၿပီး အမႈမွန္ေပၚေပါက္ေစေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း ရြာငံၿမိဳ႕မရဲတပ္ဖြဲ႕ စခန္းမွ သိရသည္။

”ကေလးမေလးကို စခန္းမွာတစ္ နာရီေလာက္ေမးေပမယ့္ ဘာမွ မေျပာလို႔အမႈမဖြင့္ႏိုင္ဘဲ တရား႐ံုးကို ဦးတိုက္ေလွ်ာက္ခိုင္းခဲ့ရပါတယ္။ တရား႐ံုးက က်င့္ ၂ဝဝ အရ ရဲစခန္း အေနနဲ႔ စံုစမ္းစစ္ေဆးၿပီး က်င့္ ၂ဝ၂ အရ ျပန္တင္ဖို႔ၫႊန္ ၾကားလာလို႔ အခင္းျဖစ္ရြာက ပတ္ဝန္းက်င္၊ မိဘေဆြမ်ိဳး၊ သက္ေသ ေတြအားလံုးကို ေတြ႕ဆံု စစ္ေမးၿပီး ေဖေဖာ္ဝါရီ ၄ ရက္မွာ တရား႐ံုးကို တင္ေပးလိုက္ပါၿပီ။ အမႈမွာ ကာမလိမ္လည္မႈနဲ႔ တင္ထားေပမယ့္ တျခားစစ္ေမးခ်က္ေတြအရ ပုဒ္မေျပာင္းလဲႏိုင္ပါတယ္။ ဥပမာ မုဒိမ္း မႈေျမာက္တာမ်ိဳးဆိုရင္ ၃၇၆ ေပါ့”ဟု ရြာငံၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးေဇာ္ဝင္းက ကေမၻာဇတိုင္းသို႕ ေျပာသည္။
ရြာငံၿမိဳ႕နယ္၊ ကျပင္ေက်းရြာတြင္ ေနထိုင္သည့္ အသက္(၂၃)ႏွစ္အ ရြယ္ စိတ္က်န္းမာေရးမျပည့္စံုဘဲ အတက္ေရာဂါရွိသူ အမ်ိဳးသမီးငယ္တစ္ဦးတြင္ ကိုယ္ဝန္ ၆ လရိွေနသည္ကို မိဘမ်ားက စစ္ေဆးေတြ႕ ရွိသျဖင့္ ေမးျမန္းရာ လြန္ခဲ့ေသာ ရက္အတိအက် မသိရသည့္ေန႔မွစ၍ ဦးေလးဝမ္းကြဲေတာ္စပ္သူ တစ္ရြာတည္းေန ဦးဝင္းေဖဆိုသူမွ သားမယားအျဖစ္ျပဳက်င့္၍ရရွိလာေသာ ကိုယ္ဝန္ျဖစ္ေၾကာင္း သိရွိရသျဖင့္ ရြာငံၿမိဳ႕မရဲစခန္းသို႔ တုိင္ၾကားရာမွ တရား႐ံုး ဦးတိုက္ေလွ်ာက္ထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရပ္ရြာအုပ္ခ်ဳပ္ေရးပိုင္း သက္ေသ မ်ားနွင့္အတူ ရဲစခန္းတာဝန္ရွိသူမ်ားမွ ဦးဝင္းေဖ (ခ)ကိုႀကီးဆိုသူအား စစ္ ေဆးေမးျမန္းရာ တူမျဖစ္သူတြင္ ၄င္းႏွင့္ရရွိေသာ ကိုယ္ဝန္ရွိေန ေၾကာင္း ၄င္း၏ညီျဖစ္သူ ေျပာဆိုေန သည္ကို ၾကားသိရသျဖင့္ ကိုယ္ဝန္ မွာ ၄င္းႏွင့္ရရွိျခင္း မဟုတ္ေၾကာင္း ထြက္ဆုိခဲ့သည္ဟု သိရသည္။
စိတ္က်န္းမာေရးမျပည့္စံုသူ အမ်ိဳးသမီးငယ္မွာ အသက္ ၁ ႏွစ္ ၈ လခန္႔မွစ၍ အတက္ေရာဂါခံစား လာရၿပီး ယခင္က ၁ဝ ရက္တစ္ ႀကိမ္ခန္႔ၾကာမွ တက္ေသာ္လည္း ယခုအခါ ကိုယ္ဝန္ရင့္လာသည့္ ေနာက္ပိုင္း တစ္ရက္တစ္ႀကိမ္ခန္႔ အတက္ေရာဂါ ျဖစ္ေပၚေနၿပီး အ သက္အႏၱရာယ္ကို ထိခိုက္ႏုိင္သည့္ အတြက္ ရြာငံေဆး႐ံုသို႔ တင္ပို႔၍ ေဆးကုသမႈ ခံယူေစလ်က္ရွိေၾကာင္း အဆိုပါကိစၥအား ပါဝင္ကူညီေဆာင္ ရြက္ေပးေနသူ ဓႏုတိုင္းရင္းသားအဖြဲ႕ ခ်ဳပ္ ရြာငံၿမိဳ႕နယ္အမ်ိဳးသားႏိုင္ငံ ေရးတာဝန္ခံ ေဒၚစုစုေအးထံမွသိ ရသည္။
”ကေလးမေလးကို ေတြ႕ဆံုေမး ျမန္းေတာ့ သူ႔ကုိ ကိုဝင္းေဖက ႏွစ္ခါေတာင္လုပ္တာ။ အေမနဲ႔ အဘကို တိုင္ေျပာမယ္လို႔ ကေလးမ ေလးကေျပာတာကုိ ျပဳက်င့္သူက သူမ်ားေတြၾကားကုန္မယ္ မေအာ္နဲ႔ လို႔ ေျပာတာေတြ ဖုန္းနဲ႔႐ုပ္သံမွတ္ တမ္းတင္ထားပါတယ္။ မိဘေတြက သူတို႔သမီးေလးလို မသန္စြမ္းသူျဖစ္ ရတဲ့အျဖစ္မ်ိဳး တျခားသူေတြ သတိ မူမိေအာင္လို႔ ေျပာေပးဖို႔ ခြင့္ျပဳေပး ထားပါတယ္”ဟု ေဒၚစုစုေအးက ကေမၻာဇတိုင္းသို႔ ေျပာသည္။

ထို႔အတူ လႊတ္ေတာ္ျပင္ပအဂတိလိုက္စားမႈတိုက္ဖ်က္ေရးႏွင့္ ျပည္သူ႔ဘဝ ျမႇင့္တင္ေရးအဖြဲ႕၏ ရြာငံၿမိဳ႕နယ္ဥကၠဌ ဦးစိုးျမတ္လြင္ကလည္း အမ်ိဳးသမီးငယ္၏ ေျပာဆိုခ်က္၊ မိဘမ်ား၊ သက္ေသမ်ား၏ ေတြ႕ျမင္ သက္ေသခံခ်က္မ်ား အရ အမႈမွာ ထင္ရွားေနၿပီျဖစ္ၿပီး ေမြးဖြားလာမည့္ ကေလး၏ DNA ကိုစစ္ေဆးႏိုင္ ပါက က်ဴးလြန္သူကို ေသခ်ာစြာသိရွိ ႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ အျခားမသန္ စြမ္းသူကေလးငယ္မ်ား၏ မိဘမ်ားမွ လည္း အေလးဂ႐ုျပဳ သတိထားေစလို ေၾကာင္း ေျပာၾကားခဲ့သည္။
အဆုိပါ အမ်ိဳးသမီးငယ္မွာ ေမြးခ်င္းေမာင္ႏွမ ၅ ဦးတြင္ ၃ ဦး ေျမာက္ျဖစ္ကာ ငယ္စဥ္ကရရွိခဲ့သည့္ အတက္ေရာဂါ အရ စိတ္ပံုမွန္ မဟုတ္သည့္ အမ်ိဳးသမီးငယ္တစ္ ဦးျဖစ္ၿပီး မိဘမ်ားမွာလည္း ေန႔စဥ္ ေတာင္ယာသို႔ သြားေနရသျဖင့္ ဦးေလးဝမ္းကြဲ ေတာ္စပ္သူ ဦးဝင္းေဖအား အပ္ႏွံခဲ့ရာမွ မသကၤာသျဖင့္ စစ္ေဆးရာ ကိုယ္ဝန္ ရွိေနေၾကာင္း သိရွိခဲ့ရျခင္း ျဖစ္ၿပီး ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၅ ရက္က ေမးျမန္းခဲ့ရာတြင္ ကိုႀကီးဝင္းေဖႏွင့္ သားမယားအျဖစ္ အတူ ေနခဲ့သည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။
Kanbawza Tai News

Unicode
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ မြို့နယ်၊ ကပြင်ကျေးရွာတွင် အသက် ၂၃ နှစ် အရွယ်ရှိ စိတ်ကျန်းမာရေး မပြည့်စုံကာ အတက်ရောဂါရှိသည့် အမျိုးသမီးငယ်တစ်ဦးကို ဆွေမျိုး နီးစပ်တော်စပ်သူ ဦးလေးဝမ်းကွဲဆိုသူမှ ကာမလိမ်လည်ရယူခဲ့ပြီး ကိုယ်ဝန်ရရှိခဲ့သဖြင့် တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့ပြီး အမှုမှန်ပေါ်ပေါက်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရွာငံမြို့မရဲတပ်ဖွဲ့ စခန်းမှ သိရသည်။

.

”ကလေးမလေးကို စခန်းမှာတစ် နာရီလောက်မေးပေမယ့် ဘာမှ မပြောလို့အမှုမဖွင့်နိုင်ဘဲ တရားရုံးကို ဦးတိုက်လျှောက်ခိုင်းခဲ့ရပါတယ်။ တရားရုံးက ကျင့် ၂ဝဝ အရ ရဲစခန်း အနေနဲ့ စုံစမ်းစစ်ဆေးပြီး ကျင့် ၂ဝ၂ အရ ပြန်တင်ဖို့ညွှန် ကြားလာလို့ အခင်းဖြစ်ရွာက ပတ်ဝန်းကျင်၊ မိဘဆွေမျိုး၊ သက်သေ တွေအားလုံးကို တွေ့ဆုံ စစ်မေးပြီး ဖေဖော်ဝါရီ ၄ ရက်မှာ တရားရုံးကို တင်ပေးလိုက်ပါပြီ။ အမှုမှာ ကာမလိမ်လည်မှုနဲ့ တင်ထားပေမယ့် တခြားစစ်မေးချက်တွေအရ ပုဒ်မပြောင်းလဲနိုင်ပါတယ်။ ဥပမာ မုဒိမ်း မှုမြောက်တာမျိုးဆိုရင် ၃၇၆ ပေါ့”ဟု ရွာငံမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။







ရွာငံမြို့နယ်၊ ကပြင်ကျေးရွာတွင် နေထိုင်သည့် အသက်(၂၃)နှစ်အ ရွယ် စိတ်ကျန်းမာရေးမပြည့်စုံဘဲ အတက်ရောဂါရှိသူ အမျိုးသမီးငယ်တစ်ဦးတွင် ကိုယ်ဝန် ၆ လရှိနေသည်ကို မိဘများက စစ်ဆေးတွေ့ ရှိသဖြင့် မေးမြန်းရာ လွန်ခဲ့သော ရက်အတိအကျ မသိရသည့်နေ့မှစ၍ ဦးလေးဝမ်းကွဲတော်စပ်သူ တစ်ရွာတည်းနေ ဦးဝင်းဖေဆိုသူမှ သားမယားအဖြစ်ပြုကျင့်၍ရရှိလာသော ကိုယ်ဝန်ဖြစ်ကြောင်း သိရှိရသဖြင့် ရွာငံမြို့မရဲစခန်းသို့ တိုင်ကြားရာမှ တရားရုံး ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရပ်ရွာအုပ်ချုပ်ရေးပိုင်း သက်သေ များနှင့်အတူ ရဲစခန်းတာဝန်ရှိသူများမှ ဦးဝင်းဖေ (ခ)ကိုကြီးဆိုသူအား စစ် ဆေးမေးမြန်းရာ တူမဖြစ်သူတွင် ၎င်းနှင့်ရရှိသော ကိုယ်ဝန်ရှိနေ ကြောင်း ၎င်း၏ညီဖြစ်သူ ပြောဆိုနေ သည်ကို ကြားသိရသဖြင့် ကိုယ်ဝန် မှာ ၎င်းနှင့်ရရှိခြင်း မဟုတ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

.

စိတ်ကျန်းမာရေးမပြည့်စုံသူ အမျိုးသမီးငယ်မှာ အသက် ၁ နှစ် ၈ လခန့်မှစ၍ အတက်ရောဂါခံစား လာရပြီး ယခင်က ၁ဝ ရက်တစ် ကြိမ်ခန့်ကြာမှ တက်သော်လည်း ယခုအခါ ကိုယ်ဝန်ရင့်လာသည့် နောက်ပိုင်း တစ်ရက်တစ်ကြိမ်ခန့် အတက်ရောဂါ ဖြစ်ပေါ်နေပြီး အ သက်အန္တရာယ်ကို ထိခိုက်နိုင်သည့် အတွက် ရွာငံဆေးရုံသို့ တင်ပို့၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း အဆိုပါကိစ္စအား ပါဝင်ကူညီဆောင် ရွက်ပေးနေသူ ဓနုတိုင်းရင်းသားအဖွဲ့ ချုပ် ရွာငံမြို့နယ်အမျိုးသားနိုင်ငံ ရေးတာဝန်ခံ ဒေါ်စုစုအေးထံမှသိ ရသည်။
”ကလေးမလေးကို တွေ့ဆုံမေး မြန်းတော့ သူ့ကို ကိုဝင်းဖေက နှစ်ခါတောင်လုပ်တာ။ အမေနဲ့ အဘကို တိုင်ပြောမယ်လို့ ကလေးမ လေးကပြောတာကို ပြုကျင့်သူက သူများတွေကြားကုန်မယ် မအော်နဲ့ လို့ ပြောတာတွေ ဖုန်းနဲ့ရုပ်သံမှတ် တမ်းတင်ထားပါတယ်။ မိဘတွေက သူတို့သမီးလေးလို မသန်စွမ်းသူဖြစ် ရတဲ့အဖြစ်မျိုး တခြားသူတွေ သတိ မူမိအောင်လို့ ပြောပေးဖို့ ခွင့်ပြုပေး ထားပါတယ်”ဟု ဒေါ်စုစုအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ လွှတ်တော်ပြင်ပအဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့၏ ရွာငံမြို့နယ်ဥက္ကဌ ဦးစိုးမြတ်လွင်ကလည်း အမျိုးသမီးငယ်၏ ပြောဆိုချက်၊ မိဘများ၊ သက်သေများ၏ တွေ့မြင် သက်သေခံချက်များ အရ အမှုမှာ ထင်ရှားနေပြီဖြစ်ပြီး မွေးဖွားလာမည့် ကလေး၏ DNA ကိုစစ်ဆေးနိုင် ပါက ကျူးလွန်သူကို သေချာစွာသိရှိ နိုင်မည်ဖြစ်ကြောင်းနှင့် အခြားမသန် စွမ်းသူကလေးငယ်များ၏ မိဘများမှ လည်း အလေးဂရုပြု သတိထားစေလို ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသမီးငယ်မှာ မွေးချင်းမောင်နှမ ၅ ဦးတွင် ၃ ဦး မြောက်ဖြစ်ကာ ငယ်စဉ်ကရရှိခဲ့သည့် အတက်ရောဂါ အရ စိတ်ပုံမှန် မဟုတ်သည့် အမျိုးသမီးငယ်တစ် ဦးဖြစ်ပြီး မိဘများမှာလည်း နေ့စဉ် တောင်ယာသို့ သွားနေရသဖြင့် ဦးလေးဝမ်းကွဲ တော်စပ်သူ ဦးဝင်းဖေအား အပ်နှံခဲ့ရာမှ မသင်္ကာသဖြင့် စစ်ဆေးရာ ကိုယ်ဝန် ရှိနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က မေးမြန်းခဲ့ရာတွင် ကိုကြီးဝင်းဖေနှင့် သားမယားအဖြစ် အတူ နေခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
Kanbawza Tai News

No comments:

Post a Comment