Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 20, 2019

ခိုေတြေၾကာင့္ ဆံုးပါးသြားတဲ့ ေမာင္သူရေအာင္ ( ၆ ႏွစ္ )


ဒီေန႔မနက္မွာပဲ မိတ္ေဆြတေယာက္ရဲ႕(၆)ႏွစ္သား ကေလးငယ္ေလး ရက္လည္ဆြမ္းေကြၽးသြားျဖစ္တယ္ ကေလးက ႐ုတ္တရက္ႀကီးလို ေရခ်ိဳးေနာက္က်ရာက အျပင္းဖ်ား ေဆးရံုေရာက္တယ္ေလ အဲ့ကေနေနာက္တရက္ပဲ ဆံုးသြား႐ွာတယ္

ေနာက္ သိလိုက္ရတာ ဦးေႏွာက္အေျမႇးေရာင္တာတဲ့ ဘာေၾကာင့္ျဖစ္မွန္းမသိ မိဘေတြမွာ..ဇေဝဇဝါေပါ့ ႐ုတ္တရက္ဘာျဖစ္ပါလိမ့္ေပါ့ ကေလးေဆးရံုက ဆရာဝန္ႀကီးကေမးတယ္ ခင္ဗ်ားတို႔ အိမ္မွာ ငွက္ေတြမ်ားေမြးသလားေပါ့..
မေမြးပါဘူးေပါ့..မိဘေတြကလည္း ဘာလို႔လဲဆရာဆိုေတာ့ ကေလးမွာဘက္တီးရီးယားေတြကူးစက္ခံထားရတယ္ အတြင္းကလီစာေတြလည္းထိခိုက္ထားတယ္ တဲ့ေလ ေနာက္မွ..သူ့အေဖက စဥ္းစားလာမိတယ္ အားပါးပါး… ေနေနတဲ့ တိုက္ခန္း(၄)လႊာဝရံတာ မ်က္ႏွာၾကက္အမိုးေအာက္မွာ ခိုေတြ..ခိုေတြ.. အသိုက္ဖြဲ႔ေနၾကတာ ျမင္မေကာင္းဘူး

ခိုေခ်းေတြက လက္ရန္းေဘာင္ေတြမွာ နင္းၾကမ္း.. ေနလာတာ (၂)ႏွစ္ေက်ာ္ၿပီတဲ့ေလ.. ကေလးက ခနခန ေခါင္းကိုက္တယ္ ဗိုက္နာတယ္ေျပာပါတယ္ မိဘေတြက ေက်ာင္းမတတ္ခ်င္လီု့ ဂဂ်ီဂေဂ်ာင္လုပ္တယ္ထင္ေနခဲ့တာေလ..အခုမွ သိေတာ့တယ္ ကေလးက သူျဖစ္ေနတာကို သူ မေျပာျပတတ္တာကိုး စိတ္မေကာင္းျဖစ္မိသလို ေနာက္ထပ္လည္းမျဖစ္ေစရေအာင္ သတိျပဳေစခ်င္လို႔ ေအာက္ေဖာ္ျပပါ စာေတြကို ႐ွယ္ေပးလိုက္ရပါတယ္.. အားလံုးက်န္းမာခ်မ္းသာစြာျဖင့္ ေလာကေကာင္းက်ိဳးသယ္ပိုးႏိုင္ၾကပါေစ

“ခို” သို႔မဟုတ္ ၿမိဳ႕ျပ အႏၱရာယ္
ကုသိုလ္ရရာ ရေၾကာင္းဆိုတဲ့ အေၾကာင္းျပခ်က္ပဲျဖစ္ျဖစ္၊ တိရိစာၦန္ေတြကို သနားၾကင္နာလို႔ပဲျဖစ္ျဖစ္၊ ယၾတာေခ်တာပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံတင္မကပဲ ကမာၻတ၀န္း ခိုေတြကို အစာေၾကြးၾကပါတယ္။ ခိုစာေၾကြးတာ ကုသိုလ္ေကာင္းမွဴ ျဖစ္မျဖစ္ ဒီေနရာမွာအျငင္းမပြားလိုပါဘူး ဒါေပမယ့္ ဒီစာစုကို ဆက္ဖတ္ရင္းမိမိဖာသာ သုံးသပ္မိလာပါလိမ့္မယ္။

ခိုစာေၾကြးတာ ခိုေတြကိုသနားရာလုံး၀ မေရာက္ပဲ လမ္းမထက္မွာကား မဆိုထားနဲ႔ ဆိုက္ကားကို ေတာင္မေရွာင္ႏိုင္တဲ့ ခိုေတြတိုးပြားေအာင္အားေပးရာပဲေရာက္ပါတယ္။ ဘာေၾကာင့္ခိုေတြကို အစာမေၾကြးသင့္သလဲဆိုတဲ့ အေၾကာင္းျပခ်က္ အမ်ားႀကီးရွိေပမယ့္ အဓိကအားျဖင့္ ကြ်ႏ္ုပ္တို႔ရဲ႕ ပါတ္၀န္းက်င္ကိုထိခိုက္ပ်က္စီးေစၿပီး ေက်းငွက္သဘာ၀ ကိုလည္းထိခိုက္ပ်က္စီးေစလို႔ျဖစ္ပါတယ္။



ခိုေတြမ်ားလာတာ က်န္းမာေရးအႏၱရာယ္ ကြ်န္ေတာ္တို႔ အနီးအနားပါတ္၀န္းက်င္မွာခိုေတြ အထိန္းအကြပ္မရွိတိုးပြားလာျခင္းဟာ ၿမိဳ႕ျပလူေနမွူ႕စနစ္အတြက္ ျပႆနာမ်ိဳးစုံတိုးပြားလာျခင္းပဲျဖစ္ပါတယ္။ ေနရာတကာ မွာအဆက္မျပတ္ဆိုသလို စြန္႔ပစ္ခ်ေနတဲ့ ခုိအုပ္ႀကီးေတြရဲ႕ အညစ္အေၾကးေတြဟာ အမ်ားျပည္သူ သြားလာေနတဲ့ပလက္ေဖာင္းေတြ၊ သာသနိကအေဆာက္အဦေတြ၊ ရုံးေတြ အစရွိတဲ့ ေနရာေတြမွာ အနံ႕အသက္ အမွုန္အမႊား ေတြနဲ႔ ေအာ္ကလီဆန္စရာ ျဖစ္ေစရုံမွ် မကပဲ ကေလးသူငယ္ေတြ၊ သက္ႀကီးရြယ္အိုေတြ၊ အသက္ရွုလမ္းေၾကာင္းဆိုင္ရာေရာဂါခံစားေနရသူေတြအတြက္ အသက္အႏၱရာယ္ ကိုပါၿခိမ္းေျခာက္လာႏိုင္တဲ့ ေရာဂါပိုးေတြကို အရွိန္အဟုန္နဲ႔ ျဖန္႔ျဖဴးေပးေနတာလဲျဖစ္ပါတယ္။

ရာနဲ႔ခ်ီတဲ့ ခိုေတြနားေနတတ္လို႔ ဓါတ္ႀကိဳးေတြ၊ တယ္လီဖုန္းႀကိဳးေတြ မၾကာခဏ ျပတ္က်တာမ်ိဳး ျဖစ္ေလ႔ရွိပါတယ္။ ခိုေတြ ရဲ႕ အသိုက္ေတြဟာ အဖိုးတန္အေဆာက္အအုံေတြရဲ႕ အမိုးေတြ၊ ျပႆတ္ေတြ၊ မ်က္ႏွာက်က္ေတြ ကိုပ်က္စီးေစရုံမွ်မကပဲ ခုိသိုက္ေတြရဲ႕ အမွိုက္သရိုက္ေတြဟာ ေရတံေလွ်ာက္ေတြ၊ ပိုက္လိုင္းေတြကို ပိတ္ဆို႔ေစပါတယ္။ ေနာက္ၿပီး အသိုက္ထဲမွာ က်န္ေနတတ္တဲ့ ေလွးေတြ၊ မႊားေတြဟာ လူေတြ အိမ္ေမြးတိရိစာၦန္ေတြဆီကို အလွ်င္အျမန္ပဲ ကူးဆက္သြားေလ႔ရိွပါတယ္။ ခိုစာ ေတြ ဟာအမွိုက္ေတြျဖစ္သြားသလို ၾကြက္ေတြကို အထူးသျဖင့္စြဲေဆာင္ပါတယ္။

ကာလ အတန္ၾကာခိုစာေရာင္း၊ ခိုစာေၾကြးနဲ႔ ေနရာေတြကို ၾကည့္ရင္ ခိုေမႊးေတြ၊ ခိုေခ်းေတြ တင္မကပဲ ခိုစာေရာင္းသူရဲ႕ မနီးမေ၀း ၾကြက္တြင္းေတြ၊ ေျမာင္းေဘာင္ေတြ မွာ ျပဴတစ္ျပဴတစ္ လုပ္ေနတဲ့ အေမႊးရွည္ ေျမၾကြက္ႀကီးေတြကို ရြံရွာဖြယ္ ေတြ႔ရေလ့ရွိပါတယ္။

ခိုမွတဆင့္ကူးဆက္တတ္ေသာေရာဂါမ်ား ခိုေတြဟာ ယုံႏိုင္ေလာက္စရာမရွိေအာင္မ်ားျပားလွတဲ့ လူကိုကူးဆက္ႏိုင္တဲ့ေရာဂါပိုးေတြ ကို သည္ေဆာင္ထားပါတယ္။ ခိုေတြအတြက္ ကံေကာင္းၿပီး လူနဲ႔သဘာ၀ပါတ္၀န္းက်င္အတြက္ ကံမေကာင္းေစတဲ့ အခ်က္က ခိုေတြကိုအစာအျဖစ္စားတဲ့ တိရိစာၦန္ အလြန္တရာ နည္းတဲ့အတြက္ ခိုအုပ္ႀကီးေတြရဲ႕အေရအတြက္ဟာ အရွိန္အဟုန္နဲ႔ သိသိသာသာပဲတိုးပြားေနပါတယ္။

အေျခခံအားျဖင့္ ေရာဂါျဖန္႔ျဖဴးရာ မူလပထမက ခိုေခ်းပဲျဖစ္ပါတယ္။ ေရာဂါရွိတဲ့ ခိုရဲ႕ ေခ်းထဲမွာ ဗိုင္းရပ္စ္ ဒါမွမဟုတ္ ဘက္တီးရီးယားေတြ ရွိေနပါတယ္။ အဲဒီခိုေခ်းေတြ ေျခာက္ေသြ႕သြားတဲ့ အခါ ဖုန္မွုန္႔ အျဖစ္ေလနဲ႔ အတူ အရပ္ရွစ္မ်က္ႏွာကို လြင့္ေတာ့တာပါပဲ။

အဲဒါကို ရွဳမိတဲ့ သူကေတာ့ ခိုကေပးတဲ့ ေရာဂါရ ဖို႔ေသခ်ာၿပီေပါ့။ ေယဘုယ်အားျဖင့္ ခိုကေနကူးစက္တတ္တဲ့ေရာဂါေလးမ်ိဳးရွိတယ္လို႔ဆိုတယ္။

၁။ ခရစ္ပ္တိုကြတ္ခယ္ ဦးေႏွာက္အေျမွးေယာင္ေရာဂါ (Cryptococcal Meningitis)
ခိုေတြသည္ေဆာင္လာတတ္တဲ့ေရာဂါပိုးေတြေၾကာင့္ျဖစ္တဲ့ ေရာဂါထဲမွာအႏၱရာယ္အရွိဆုံးလို႔ဆိုႏိုင္တဲ့ ဦးေႏွာက္အေျမွးေယာင္ေရာဂါေၾကာင့္ကာလအတန္ၾကာသတိလစ္သြားႏုိင္ၿပီး အသက္ျပန္မလည္လာေတာ့ပဲ အသက္ဆုံးရွုံးမွဴေတြထိျဖစ္ႏိုင္တဲ့ေရာဂါျဖစ္ပါတယ္။

၂။ အူလမ္းေၾကာင္းမွာျဖစ္တဲ့ေရာဂါပိုး ႏွစ္မ်ိဳး (Salmonella and Listeria)
ခံတြင္းသို႔မဟုတ္ အသက္ရွဴလမ္းေၾကာင္းမွတဆင့္ ၀င္သြားတဲ့ ခိုေခ်းေတြေၾကာင့္ အူလမ္းေၾကာင္းမွာ တိုက္ဖြိဳက္ ကဲ့သို႔ အူေယာင္ငန္းဖ်ားေရာဂါေရာဂါ ဟာ ကိုယ္၀န္ေဆာင္မိခင္ေတြနဲ႔ ကေလးငယ္ေတြအတြက္ အသက္အႏၱရာယ္ ထိခုိက္ေစရုံမွ် မကပဲ ကိုယ္၀န္ပ်က္က်ျခင္း၊ လမေစ့မီ ေမြးဖြားျခင္းေတြကိုလဲ ျဖစ္ေစပါတယ္။

၃။ ဦးႏွာက္ေျမွးေယာင္ေရာဂါပိုး ေနာက္တမ်ိဳး (Viral Encephalitis)
အထက္ပါ ဗိုင္းရပ္ပိုးေၾကာင့္ျဖစ္တဲ့ ဦးေႏွာက္ အေျမႇးပါးေရာင္ ေရာဂါ ေၾကာင့္ ယာယီ အာရုံေၾကာနဲ႔ပါတ္သက္တဲ့ ေရာဂါေ၀ဒနာမွ နာတာရွည္ျဖစ္ၿပီး အသက္ဆုံးရွုံးမွူေတြျဖစ္ေစႏိုင္ပါတယ္။

၄။ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါပိုး (E. Coli)
၀မ္းပ်က္၀မ္းေလွ်ာေရာဂါပိုး (E. Coli) ဟာလဲ ခိုေခ်းထဲမွာ ပါေလ့ရွိပါတယ္။ ခိုေတြ အမ်ားႀကီးရွိတတ္တဲ့ ေနရာေတြမွာ ခ်က္ျပဳပ္တာ မသန္႔ရွင္းတာ၊ လက္ကိုစင္ၾကယ္ေအာင္ ဆပ္ျပာနဲ႔ မေဆးေၾကာတာေတြ႕ေၾကာင့္ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါပိုးေတြဟာ လူကို အလ်င္အျမန္ကူးဆက္ၿပီးဆိုး၀ါးတဲ့ ေရာဂါေ၀ဒနာကို ျဖစ္ေစပါတယ္။

ခိုေတြကိုအစာေကၽြးျခင္းဟာ အလြန္အကြ်ံေပါက္ပြားမွဴကိုအားေပး ခိုမ်ားကို အစာေကၽြးျခင္းဟာအလြန္အကြ်ံမ်ိဳးပြားမွဴကိုျဖစ္ေစပါတယ္။ ပုံမွန္အားျဖင့္ ခိုမေတြဟာ တစ္ႏွစ္မွာ ႏွစ္သားကေန သုံးသားေပါက္ၿပီး တစ္ခါဥရင္ ႏွစ္ဥ ဥေလ့ရွိပါတယ္။ ဒါေပမယ့္ အလြန္အကၽြံ အစာေကၽြးေလ့ရွိတဲ့ ၿမိဳ႕ႀကီးေတြမွာ ခိုေတြဟာ တစ္ႏွစ္ကို ရွစ္ဆ အထိမ်ိဳးပြားႏိုင္ပါတယ္။

ခိုစာေကၽြးျခင္းဟာ ခိုမ်ားကိုထိခိုက္ေစ တကယ္ေတာ့ခိုစာေကၽြးျခင္းဟာ ခိုမ်ားအတြက္ေကာင္းက်ိဳးလုံး၀ မျဖစ္ေစပါဘူး။ သူတို႔ရ သဘာအေလ႔အထ အတိုင္းအစာထုိးယက္ရွာေဖြစားေသာက္ရွင္သန္တတ္မွဴကို ေပ်ာက္ဆုံးေစပါတယ္။

အလြန္အကၽြံမ်ားျပားလွတဲ့ ခိုအုပ္ႀကီးေတြဟာ က်န္းမာေရးနဲ႔မညီညြတ္တဲ့ ပါတ္၀န္က်င္ညစ္ညမ္းမွဳကိုျဖစ္ေစၿပီး သဘာ၀အတိုင္းရွင္သန္က်က္စားေနတဲ့ ပါတ္၀န္းက်င္က တျခား ငွက္ေတြကုိလဲထိခိုက္ပ်က္စီးေစပါတယ္။ ခိုအုပ္ႀကီးရင္ႀကီးသလို ပ်က္စီးထိခိုက္မွဳ႕လဲႀကီးမားလာပါတယ္။

သင္နဲ႔ သင့္ပါတ္၀န္းက်င္ က်န္းမာသန္႕ရွင္းေစေရး နဲ႔ ခိုမ်ားအလြန္အကၽြံေပါက္ပြားလာျခင္းမွ ကာကြယ္ရန္ ခိုစာလုံး၀ မေကၽြးရန္အေရးတႀကီးလိုအပ္ပါတယ္။ မွတ္ခ်က္။ ။ခိုနဲ႔ ပါတ္သက္၍ရတတ္ေသာေရာဂါ မ်ားအေၾကာင္းရွင္းျပေသာ အစ္မကိုေက်းဇူးအထူးတင္ပါတယ္။

 ျမ ျမင့္မိုရ္

Unicode
ဒီနေ့မနက်မှာပဲ မိတ်ဆွေတယောက်ရဲ့(၆)နှစ်သား ကလေးငယ်လေး ရက်လည်ဆွမ်းကျွေးသွားဖြစ်တယ် ကလေးက ရုတ်တရက်ကြီးလို ရေချိုးနောက်ကျရာက အပြင်းဖျား ဆေးရုံရောက်တယ်လေ အဲ့ကနေနောက်တရက်ပဲ ဆုံးသွားရှာတယ်

နောက် သိလိုက်ရတာ ဦးနှောက်အမြှေးရောင်တာတဲ့ ဘာကြောင့်ဖြစ်မှန်းမသိ မိဘတွေမှာ..ဇဝေဇဝါပေါ့ ရုတ်တရက်ဘာဖြစ်ပါလိမ့်ပေါ့ ကလေးဆေးရုံက ဆရာဝန်ကြီးကမေးတယ် ခင်ဗျားတို့ အိမ်မှာ ငှက်တွေများမွေးသလားပေါ့..



မမွေးပါဘူးပေါ့..မိဘတွေကလည်း ဘာလို့လဲဆရာဆိုတော့ ကလေးမှာဘက်တီးရီးယားတွေကူးစက်ခံထားရတယ် အတွင်းကလီစာတွေလည်းထိခိုက်ထားတယ် တဲ့လေ နောက်မှ..သူ့အဖေက စဉ်းစားလာမိတယ် အားပါးပါး… နေနေတဲ့ တိုက်ခန်း(၄)လွှာဝရံတာ မျက်နှာကြက်အမိုးအောက်မှာ ခိုတွေ..ခိုတွေ.. အသိုက်ဖွဲ့နေကြတာ မြင်မကောင်းဘူး

ခိုချေးတွေက လက်ရန်းဘောင်တွေမှာ နင်းကြမ်း.. နေလာတာ (၂)နှစ်ကျော်ပြီတဲ့လေ.. ကလေးက ခနခန ခေါင်းကိုက်တယ် ဗိုက်နာတယ်ပြောပါတယ် မိဘတွေက ကျောင်းမတတ်ချင်လီု့ ဂဂျီဂဂျောင်လုပ်တယ်ထင်နေခဲ့တာလေ..အခုမှ သိတော့တယ် ကလေးက သူဖြစ်နေတာကို သူ မပြောပြတတ်တာကိုး စိတ်မကောင်းဖြစ်မိသလို နောက်ထပ်လည်းမဖြစ်စေရအောင် သတိပြုစေချင်လို့ အောက်ဖော်ပြပါ စာတွေကို ရှယ်ပေးလိုက်ရပါတယ်.. အားလုံးကျန်းမာချမ်းသာစွာဖြင့် လောကကောင်းကျိုးသယ်ပိုးနိုင်ကြပါစေ

“ခို” သို့မဟုတ် မြို့ပြ အန္တရာယ်
ကုသိုလ်ရရာ ရကြောင်းဆိုတဲ့ အကြောင်းပြချက်ပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်တွေကို သနားကြင်နာလို့ပဲဖြစ်ဖြစ်၊ ယတြာချေတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံတင်မကပဲ ကမ္ဘာတဝန်း ခိုတွေကို အစာကြွေးကြပါတယ်။ ခိုစာကြွေးတာ ကုသိုလ်ကောင်းမှူ ဖြစ်မဖြစ် ဒီနေရာမှာအငြင်းမပွားလိုပါဘူး ဒါပေမယ့် ဒီစာစုကို ဆက်ဖတ်ရင်းမိမိဖာသာ သုံးသပ်မိလာပါလိမ့်မယ်။

ခိုစာကြွေးတာ ခိုတွေကိုသနားရာလုံး၀ မရောက်ပဲ လမ်းမထက်မှာကား မဆိုထားနဲ့ ဆိုက်ကားကို တောင်မရှောင်နိုင်တဲ့ ခိုတွေတိုးပွားအောင်အားပေးရာပဲရောက်ပါတယ်။ ဘာကြောင့်ခိုတွေကို အစာမကြွေးသင့်သလဲဆိုတဲ့ အကြောင်းပြချက် အများကြီးရှိပေမယ့် အဓိကအားဖြင့် ကျွန်ုပ်တို့ရဲ့ ပါတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေပြီး ကျေးငှက်သဘာ၀ ကိုလည်းထိခိုက်ပျက်စီးစေလို့ဖြစ်ပါတယ်။



ခိုတွေများလာတာ ကျန်းမာရေးအန္တရာယ် ကျွန်တော်တို့ အနီးအနားပါတ်ဝန်းကျင်မှာခိုတွေ အထိန်းအကွပ်မရှိတိုးပွားလာခြင်းဟာ မြို့ပြလူနေမှူ့စနစ်အတွက် ပြဿနာမျိုးစုံတိုးပွားလာခြင်းပဲဖြစ်ပါတယ်။ နေရာတကာ မှာအဆက်မပြတ်ဆိုသလို စွန့်ပစ်ချနေတဲ့ ခိုအုပ်ကြီးတွေရဲ့ အညစ်အကြေးတွေဟာ အများပြည်သူ သွားလာနေတဲ့ပလက်ဖောင်းတွေ၊ သာသနိကအဆောက်အဦတွေ၊ ရုံးတွေ အစရှိတဲ့ နေရာတွေမှာ အနံ့အသက် အမှုန်အမွှား တွေနဲ့ အော်ကလီဆန်စရာ ဖြစ်စေရုံမျှ မကပဲ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသူတွေအတွက် အသက်အန္တရာယ် ကိုပါခြိမ်းခြောက်လာနိုင်တဲ့ ရောဂါပိုးတွေကို အရှိန်အဟုန်နဲ့ ဖြန့်ဖြူးပေးနေတာလဲဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ခိုတွေနားနေတတ်လို့ ဓါတ်ကြိုးတွေ၊ တယ်လီဖုန်းကြိုးတွေ မကြာခဏ ပြတ်ကျတာမျိုး ဖြစ်လေ့ရှိပါတယ်။ ခိုတွေ ရဲ့ အသိုက်တွေဟာ အဖိုးတန်အဆောက်အအုံတွေရဲ့ အမိုးတွေ၊ ပြဿတ်တွေ၊ မျက်နှာကျက်တွေ ကိုပျက်စီးစေရုံမျှမကပဲ ခိုသိုက်တွေရဲ့ အမှိုက်သရိုက်တွေဟာ ရေတံလျှောက်တွေ၊ ပိုက်လိုင်းတွေကို ပိတ်ဆို့စေပါတယ်။ နောက်ပြီး အသိုက်ထဲမှာ ကျန်နေတတ်တဲ့ လှေးတွေ၊ မွှားတွေဟာ လူတွေ အိမ်မွေးတိရိစ္ဆာန်တွေဆီကို အလျှင်အမြန်ပဲ ကူးဆက်သွားလေ့ရှိပါတယ်။ ခိုစာ တွေ ဟာအမှိုက်တွေဖြစ်သွားသလို ကြွက်တွေကို အထူးသဖြင့်စွဲဆောင်ပါတယ်။

ကာလ အတန်ကြာခိုစာရောင်း၊ ခိုစာကြွေးနဲ့ နေရာတွေကို ကြည့်ရင် ခိုမွှေးတွေ၊ ခိုချေးတွေ တင်မကပဲ ခိုစာရောင်းသူရဲ့ မနီးမဝေး ကြွက်တွင်းတွေ၊ မြောင်းဘောင်တွေ မှာ ပြူတစ်ပြူတစ် လုပ်နေတဲ့ အမွှေးရှည် မြေကြွက်ကြီးတွေကို ရွံရှာဖွယ် တွေ့ရလေ့ရှိပါတယ်။

ခိုမှတဆင့်ကူးဆက်တတ်သောရောဂါများ ခိုတွေဟာ ယုံနိုင်လောက်စရာမရှိအောင်များပြားလှတဲ့ လူကိုကူးဆက်နိုင်တဲ့ရောဂါပိုးတွေ ကို သည်ဆောင်ထားပါတယ်။ ခိုတွေအတွက် ကံကောင်းပြီး လူနဲ့သဘာဝပါတ်ဝန်းကျင်အတွက် ကံမကောင်းစေတဲ့ အချက်က ခိုတွေကိုအစာအဖြစ်စားတဲ့ တိရိစ္ဆာန် အလွန်တရာ နည်းတဲ့အတွက် ခိုအုပ်ကြီးတွေရဲ့အရေအတွက်ဟာ အရှိန်အဟုန်နဲ့ သိသိသာသာပဲတိုးပွားနေပါတယ်။

အခြေခံအားဖြင့် ရောဂါဖြန့်ဖြူးရာ မူလပထမက ခိုချေးပဲဖြစ်ပါတယ်။ ရောဂါရှိတဲ့ ခိုရဲ့ ချေးထဲမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေ ရှိနေပါတယ်။ အဲဒီခိုချေးတွေ ခြောက်သွေ့သွားတဲ့ အခါ ဖုန်မှုန့် အဖြစ်လေနဲ့ အတူ အရပ်ရှစ်မျက်နှာကို လွင့်တော့တာပါပဲ။

အဲဒါကို ရှုမိတဲ့ သူကတော့ ခိုကပေးတဲ့ ရောဂါရ ဖို့သေချာပြီပေါ့။ ယေဘုယျအားဖြင့် ခိုကနေကူးစက်တတ်တဲ့ရောဂါလေးမျိုးရှိတယ်လို့ဆိုတယ်။

၁။ ခရစ်ပ်တိုကွတ်ခယ် ဦးနှောက်အမြှေးယောင်ရောဂါ (Cryptococcal Meningitis)
ခိုတွေသည်ဆောင်လာတတ်တဲ့ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါထဲမှာအန္တရာယ်အရှိဆုံးလို့ဆိုနိုင်တဲ့ ဦးနှောက်အမြှေးယောင်ရောဂါကြောင့်ကာလအတန်ကြာသတိလစ်သွားနိုင်ပြီး အသက်ပြန်မလည်လာတော့ပဲ အသက်ဆုံးရှုံးမှူတွေထိဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

၂။ အူလမ်းကြောင်းမှာဖြစ်တဲ့ရောဂါပိုး နှစ်မျိုး (Salmonella and Listeria)
ခံတွင်းသို့မဟုတ် အသက်ရှူလမ်းကြောင်းမှတဆင့် ဝင်သွားတဲ့ ခိုချေးတွေကြောင့် အူလမ်းကြောင်းမှာ တိုက်ဖွိုက် ကဲ့သို့ အူယောင်ငန်းဖျားရောဂါရောဂါ ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အသက်အန္တရာယ် ထိခိုက်စေရုံမျှ မကပဲ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်းတွေကိုလဲ ဖြစ်စေပါတယ်။



၃။ ဦးနှာက်မြှေးယောင်ရောဂါပိုး နောက်တမျိုး (Viral Encephalitis)
အထက်ပါ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါ ကြောင့် ယာယီ အာရုံကြောနဲ့ပါတ်သက်တဲ့ ရောဂါဝေဒနာမှ နာတာရှည်ဖြစ်ပြီး အသက်ဆုံးရှုံးမှူတွေဖြစ်စေနိုင်ပါတယ်။

၄။ ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli)
ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli) ဟာလဲ ခိုချေးထဲမှာ ပါလေ့ရှိပါတယ်။ ခိုတွေ အများကြီးရှိတတ်တဲ့ နေရာတွေမှာ ချက်ပြုပ်တာ မသန့်ရှင်းတာ၊ လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ မဆေးကြောတာတွေ့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေဟာ လူကို အလျင်အမြန်ကူးဆက်ပြီးဆိုးဝါးတဲ့ ရောဂါဝေဒနာကို ဖြစ်စေပါတယ်။

ခိုတွေကိုအစာကျွေးခြင်းဟာ အလွန်အကျွံပေါက်ပွားမှူကိုအားပေး ခိုများကို အစာကျွေးခြင်းဟာအလွန်အကျွံမျိုးပွားမှူကိုဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် ခိုမတွေဟာ တစ်နှစ်မှာ နှစ်သားကနေ သုံးသားပေါက်ပြီး တစ်ခါဥရင် နှစ်ဥ ဥလေ့ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံ အစာကျွေးလေ့ရှိတဲ့ မြို့ကြီးတွေမှာ ခိုတွေဟာ တစ်နှစ်ကို ရှစ်ဆ အထိမျိုးပွားနိုင်ပါတယ်။

ခိုစာကျွေးခြင်းဟာ ခိုများကိုထိခိုက်စေ တကယ်တော့ခိုစာကျွေးခြင်းဟာ ခိုများအတွက်ကောင်းကျိုးလုံး၀ မဖြစ်စေပါဘူး။ သူတို့ရ သဘာအလေ့အထ အတိုင်းအစာထိုးယက်ရှာဖွေစားသောက်ရှင်သန်တတ်မှူကို ပျောက်ဆုံးစေပါတယ်။

အလွန်အကျွံများပြားလှတဲ့ ခိုအုပ်ကြီးတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပါတ်ဝန်ကျင်ညစ်ညမ်းမှုကိုဖြစ်စေပြီး သဘာဝအတိုင်းရှင်သန်ကျက်စားနေတဲ့ ပါတ်ဝန်းကျင်က တခြား ငှက်တွေကိုလဲထိခိုက်ပျက်စီးစေပါတယ်။ ခိုအုပ်ကြီးရင်ကြီးသလို ပျက်စီးထိခိုက်မှု့လဲကြီးမားလာပါတယ်။

သင်နဲ့ သင့်ပါတ်ဝန်းကျင် ကျန်းမာသန့်ရှင်းစေရေး နဲ့ ခိုများအလွန်အကျွံပေါက်ပွားလာခြင်းမှ ကာကွယ်ရန် ခိုစာလုံး၀ မကျွေးရန်အရေးတကြီးလိုအပ်ပါတယ်။ မှတ်ချက်။ ။ခိုနဲ့ ပါတ်သက်၍ရတတ်သောရောဂါ များအကြောင်းရှင်းပြသော အစ်မကိုကျေးဇူးအထူးတင်ပါတယ်။

Credit မြ မြင့်မိုရ်

No comments:

Post a Comment