Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 20, 2019

အရက္မူးေနသည့္ ျမန္မာအမ်ဳိးသားတဦးက ၆ႏွစ္အရြယ္ သားငယ္ကို သတ္ျဖတ္

ထိုင္း-ျမန္မာနယ္စပ္၊ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕မွာ ဒီကေန႔မနက္က ျမန္မာအမ်ိဳးသားတဦးက အသက္ ၆ ႏွစ္ရြယ္ရွိ သားအရင္းျဖစ္သူကို ဓားနဲ႔ထိုးသတ္ျဖတ္ခဲ့တယ္လို႔ ေ၀ါ့ခ္ပြိဳင့္ ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

ဒီမနက္ ၈ နာရီေလာက္က မဲေဆာက္ၿမိဳ႕ မဲေဆာက္- ဖရတ္္ထတ္ပါဒဲင္သြား ကားလမ္းေဘးရွိ စာသင္ေက်ာင္းတခုအနီးမွာ လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းရလို႔ ေရာက္သြားရာမွာ ေသဆံုး ေနတဲ့ အသက္ ၆ ႏွစ္ရြယ္ကေလးတဦးနဲ႔ ေဘးမွာ ထိုင္ေနတဲ့ အသက္ ၅၀ ေက်ာ္အရြယ္ ျမန္မာအမ်ိဳးသားတဦးကို ေတြ႔ရွိရတယ္လို႔ မဲေဆာက္နယ္ေျမရဲစခန္း ဒုရဲအုပ္ နာ့ထိခမ္း ဆုခ္က သတင္းေထာက္ကို ေျပာပါတယ္။

စစ္ေဆးေမးျမန္းခ်က္အရ ေသဆံုးသူကေလးရဲ႕ လည္ပင္းမွာ ျပတ္ရွ   ဒဏ္ရာရွိၿပီး ေသြးအလြန္အမင္း ထြက္ေနေၾကာင္း၊ အေလာင္းအနီး ထိုင္ေနသူဟာ ကေလးရဲ႕ ဖခင္ရင္း ဦးေမာင္ပုဆိုသူျဖစ္ကာ သားျဖစ္သူရဲ႕ လည္ပင္းကို ဓားနဲ႔ထိုးမိရာ ဒဏ္ရာႀကီးစြာရေတာ့ ေဆး႐ုံသြားဖို႔ ထမ္းေခၚလာရာမွာ လမ္းခုလတ္မွာ ကေလးငယ္ ေသဆံုးသြားလို႔ ၀န္ခံပါတယ္။

ရဲေတြက ဦးေမာင္ပုကို လက္ထိပ္ခတ္ၿပီး သူ႔အိမ္ကို သြားေရာက္စစ္ေဆးရာမွာ တဲအိမ္ အိပ္ခန္းထဲမွာေရာ၊ အိမ္နဲ႔ ျခံေပါက္၀ထိ ေသြးစေသြးနေတြ မ်ားစြာေတြ႔ရတယ္လို႔ မဲေဆာက္ရဲက ေျပာပါတယ္။ဒီကိစၥနဲ႔ ပတ္သက္ၿပီး အသက္ ၆၀ ႏွစ္အရြယ္ ေဒၚမီနာရဲ႕ ေျပာျပခ်က္အရ ဦးေမာင္ပုဟာ သူ႔ရဲ႕ သားသမက္ျဖစ္ေၾကာင္း၊ သူ႔သမီးနဲ႔ သားတေယာက္ရေပမယ့္ လြန္ခဲ့တဲ့ တႏွစ္ေလာက္က လင္မယားကြဲၿပီး သမီးျဖစ္သူက ဘန္ေကာက္မွာ အလုပ္သြားလုပ္ေနတယ္လို႔ ဆိုပါတယ္။

ဦးေမာင္ပုဟာ မိန္းမနဲ႔ကြဲၿပီး အရက္ေသာက္ဖဲရိုက္ေလ့ရွိေပမယ့္ သူ႔သားကိုေတာ့ အလြန္ခ်စ္တာေၾကာင့္ ဘာေၾကာင့္ခုလိုလုပ္ရသလဲဆိုတာ စဥ္းစားလို႔မရေၾကာင္း၊ သူ႔အေနနဲ႔ ေျမးျဖစ္သူကို  ေခၚယူေမြးစားလိုေပမယ့္ ဦးေမာင္ပုက မေပးခဲ့ဘူးလို႔ ဆိုပါတယ္။မဲေဆာက္ ရဲစခန္းကေတာ့ ဦးေမာင္ပုဟာ အရက္မူးၿပီး မိမိသားကို ျပန္သတ္တာလို႔ ယူဆၿပီး ေနာက္မွ ေနာင္တရကာ ကေလးကို ေဆးရံုပို႔ဖို႔ ထမ္းေခၚလာစဥ္ ေသဆံုးသြားတာလို႔ ေျပာပါတယ္။
DVB

#Unicode Version#

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဒီကနေ့မနက်က မြန်မာအမျိုးသားတဦးက အသက် ၆ နှစ်ရွယ်ရှိ သားအရင်းဖြစ်သူကို ဓားနဲ့ထိုးသတ်ဖြတ်ခဲ့တယ်လို့ ဝေါ့ခ်ပွိုင့် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီမနက် ၈ နာရီလောက်က မဲဆောက်မြို့ မဲဆောက်- ဖရတ်ထတ်ပါဒဲင်သွား ကားလမ်းဘေးရှိ စာသင်ကျောင်းတခုအနီးမှာ လူသတ်မှုဖြစ်ပွားကြောင်း သတင်းရလို့ ရောက်သွားရာမှာ သေဆုံး နေတဲ့ အသက် ၆ နှစ်ရွယ်ကလေးတဦးနဲ့ ဘေးမှာ ထိုင်နေတဲ့ အသက် ၅၀ ကျော်အရွယ် မြန်မာအမျိုးသားတဦးကို တွေ့ရှိရတယ်လို့ မဲဆောက်နယ်မြေရဲစခန်း ဒုရဲအုပ် နာ့ထိခမ်း ဆုခ်က သတင်းထောက်ကို ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူကလေးရဲ့ လည်ပင်းမှာ ပြတ်ရှ   ဒဏ်ရာရှိပြီး သွေးအလွန်အမင်း ထွက်နေကြောင်း၊ အလောင်းအနီး ထိုင်နေသူဟာ ကလေးရဲ့ ဖခင်ရင်း ဦးမောင်ပုဆိုသူဖြစ်ကာ သားဖြစ်သူရဲ့ လည်ပင်းကို ဓားနဲ့ထိုးမိရာ ဒဏ်ရာကြီးစွာရတော့ ဆေးရုံသွားဖို့ ထမ်းခေါ်လာရာမှာ လမ်းခုလတ်မှာ ကလေးငယ် သေဆုံးသွားလို့ ဝန်ခံပါတယ်။

ရဲတွေက ဦးမောင်ပုကို လက်ထိပ်ခတ်ပြီး သူ့အိမ်ကို သွားရောက်စစ်ဆေးရာမှာ တဲအိမ် အိပ်ခန်းထဲမှာရော၊ အိမ်နဲ့ ခြံပေါက်ဝထိ သွေးစသွေးနတွေ များစွာတွေ့ရတယ်လို့ မဲဆောက်ရဲက ပြောပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး အသက် ၆၀ နှစ်အရွယ် ဒေါ်မီနာရဲ့ ပြောပြချက်အရ ဦးမောင်ပုဟာ သူ့ရဲ့ သားသမက်ဖြစ်ကြောင်း၊ သူ့သမီးနဲ့ သားတယောက်ရပေမယ့် လွန်ခဲ့တဲ့ တနှစ်လောက်က လင်မယားကွဲပြီး သမီးဖြစ်သူက ဘန်ကောက်မှာ အလုပ်သွားလုပ်နေတယ်လို့ ဆိုပါတယ်။

ဦးမောင်ပုဟာ မိန်းမနဲ့ကွဲပြီး အရက်သောက်ဖဲရိုက်လေ့ရှိပေမယ့် သူ့သားကိုတော့ အလွန်ချစ်တာကြောင့် ဘာကြောင့်ခုလိုလုပ်ရသလဲဆိုတာ စဉ်းစားလို့မရကြောင်း၊ သူ့အနေနဲ့ မြေးဖြစ်သူကို  ခေါ်ယူမွေးစားလိုပေမယ့် ဦးမောင်ပုက မပေးခဲ့ဘူးလို့ ဆိုပါတယ်။မဲဆောက် ရဲစခန်းကတော့ ဦးမောင်ပုဟာ အရက်မူးပြီး မိမိသားကို ပြန်သတ်တာလို့ ယူဆပြီး နောက်မှ နောင်တရကာ ကလေးကို ဆေးရုံပို့ဖို့ ထမ်းခေါ်လာစဉ် သေဆုံးသွားတာလို့ ပြောပါတယ်။
DVB

No comments:

Post a Comment