Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 20, 2019

(၁၃) ႏွစ္အရြယ္ ေက်ာင္းသူေလး (၂) ေယာက္ကိုု သားမယားျပဳက်င့္ခဲ့တဲ႔ ေက်ာင္းဆရာ

စစ္ကိုင္းတိုင္း ကသာခရိုင္ ပင္လည္ဘူးၿမိဳ႕နယ္ ကြမ္းေတာင္းေက်းရြာ မူလတန္းလြန္ေက်ာင္း ေက်ာင္းအုပ္ဆရာ က (၁၃)ႏွစ္အရြယ္ ေက်ာင္းသူ(၂)ဦး တို႔ကို နာရီပိုင္းအတြင္း ႏွစ္ႀကိမ္ လာေရာက္ၿပီး အဓမၼျပဳက်င့္မႈနဲ႔ ႀကံစည္မႈ ျဖစ္ပြားခဲ့တာေၾကာင့္ ေက်ာင္းသူႏွစ္ဦး က အမႈဖြင့္ တိုင္တန္းခဲ့ပါတယ္။

ပင္လည္ဘူးၿမိဳ႕နယ္ ကြမ္းေတာင္းေက်းရြာ က ေက်ာင္းသူေက်ာင္းသား ေတြဟာ စာေမးပြဲနီးကပ္လာတာေၾကာင့္ လြန္ခဲ့တဲ့တစ္လ က စၿပီး ေက်ာင္းမွာ စုေပါင္းစာက်က္ၿပီး ေက်ာင္းမွာပဲ ညအိပ္ၾကပါတယ္။

ေဖေဖာ္ဝါရီလ (၉)ရက္ေန႔ ည ေက်ာင္းသူေတြ အိပ္ခန္းအတြင္းဝင္ခ်ိန္မွာ မူလြန္ေက်ာင္းအုပ္ဆရာ ဦးသက္ခိုင္(၃၆)ႏွစ္ က အခန္းတံခါး မပိတ္ေသးဖိုု႔ မွာၾကားသြားခဲ့ၿပီး ည(၁၁)နာရီအခ်ိန္ ျပဴတငး္တံခါးကေန အခန္းထဲဝင္လာၿပီး (၁၃)ႏွစ္အရြယ္ အိပ္ေပ်ာ္ေနတဲ့ေက်ာင္းသူ ကိုုသားမယား ျပဳက်င့္ရန္ျပင္ဆင္ေနစဥ္ ေက်ာင္းသူေလးက ငိုယိုေနတာေၾကာင့္ မျပဳက်င့္ေတာ့ပဲ ဒီကိစၥကို ေသတဲ့အထိ ဘယ္သူ႕ကိုမွ မေျပာရန္ မွာၾကားထားခဲ့ၿပီး ထြက္သြားခဲ့တယ္ လို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီ (၁၀)ရက္ေန႔ နံနက္ (၁)နာရီ အခ်ိန္မွာ ထပ္မံ ဝင္ေရာက္လာၿပီး အိပ္ေပ်ာ္ေနတဲ့ ၁၃ ႏွစ္အရြယ္ အျခား (၁၃)ႏွေက်ာင္းသူတစ္ဦးကိုု သားမယားအျဖစ္ ျပဳက်င့္ခဲ့တယ္လိုု႔ ပင္လည္ဘူးစခန္းက တာဝန္ရွိသူက ေျပာျပပါတယ္။

ေနာက္တစ္ေန႔မွာ အဆိုုပါေက်ာင္းသူက မိဘမ်ားကို တိုုင္တန္းျပီး ေက်ာင္းအုပ္ဆရာ ဦးသက္ခိုင္နဲ႔ ေဆြးေႏြးခဲ့ရာမွာ လူမႈေရးအရ ေျပလည္ေအာင္ ေျဖရွင္းေပးပါ့မယ္ လို႔ ေျပာျပီး ေက်းရြာလူၾကီးေတြနဲ႔ ေျဖရွင္းညွိႏႈိင္းတာ မေျပလည္တာေၾကာင့္ ေဖေဖာ္ဝါရီ (၁၆)ရက္ေန႔မွာေတာ့ ဥပေဒအရ အေရးယူေပးဖို႔ ေက်ာင္းသူ(၂)ဦးလံုး က ပုဒ္မ(၂)ခု နဲ႔ တရားလိုလုပ္ အမႈဖြင့္ တိုင္တန္းခဲ့တယ္လိုု႔ ဆိုုပါတယ္။

ရဲတပ္ဖြဲ႕က ယင္းေန႔ ညေနမွာ အဆိုုပါ မူလြန္ေက်ာင္းအုပ္ဆရာ ဦးသက္ခိုင္ (၃၆)ႏွစ္ ကို ဖမ္းဆီးခဲ့ျပီး (ပ)၁၇/၂၀၁၉ ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၃၇၆ ၊ (ပ)၁၈/၂၀၁၉ ရာဇသတ္ႀကီး ဥပေဒပုဒ္မ – ၃၇၆/၅၁၁ နဲ႔ အမႈဖြင့္ ေဆာင္ရြက္ထားတယ္ လို႔ ပင္လည္ဘူးရဲစခန္း က ေျပာပါတယ္
:ႏိုင္​ႀကီး-ကသာ(VOM)

#Unicode Version#
စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကွမ်းတောင်းကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာ က (၁၃)နှစ်အရွယ် ကျောင်းသူ(၂)ဦး တို့ကို နာရီပိုင်းအတွင်း နှစ်ကြိမ် လာရောက်ပြီး အဓမ္မပြုကျင့်မှုနဲ့ ကြံစည်မှု ဖြစ်ပွားခဲ့တာကြောင့် ကျောင်းသူနှစ်ဦး က အမှုဖွင့် တိုင်တန်းခဲ့ပါတယ်။

ပင်လည်ဘူးမြို့နယ် ကွမ်းတောင်းကျေးရွာ က ကျောင်းသူကျောင်းသား တွေဟာ စာမေးပွဲနီးကပ်လာတာကြောင့် လွန်ခဲ့တဲ့တစ်လ က စပြီး ကျောင်းမှာ စုပေါင်းစာကျက်ပြီး ကျောင်းမှာပဲ ညအိပ်ကြပါတယ်။

ဖေဖော်ဝါရီလ (၉)ရက်နေ့ ည ကျောင်းသူတွေ အိပ်ခန်းအတွင်းဝင်ချိန်မှာ မူလွန်ကျောင်းအုပ်ဆရာ ဦးသက်ခိုင်(၃၆)နှစ် က အခန်းတံခါး မပိတ်သေးဖို့ မှာကြားသွားခဲ့ပြီး ည(၁၁)နာရီအချိန် ပြူတင်းတံခါးကနေ အခန်းထဲဝင်လာပြီး (၁၃)နှစ်အရွယ် အိပ်ပျော်နေတဲ့ကျောင်းသူ ကိုသားမယား ပြုကျင့်ရန်ပြင်ဆင်နေစဉ် ကျောင်းသူလေးက ငိုယိုနေတာကြောင့် မပြုကျင့်တော့ပဲ ဒီကိစ္စကို သေတဲ့အထိ ဘယ်သူ့ကိုမှ မပြောရန် မှာကြားထားခဲ့ပြီး ထွက်သွားခဲ့တယ် လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ (၁၀)ရက်နေ့ နံနက် (၁)နာရီ အချိန်မှာ ထပ်မံ ဝင်ရောက်လာပြီး အိပ်ပျော်နေတဲ့ ၁၃ နှစ်အရွယ် အခြား (၁၃)နှကျောင်းသူတစ်ဦးကို သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ ပင်လည်ဘူးစခန်းက တာဝန်ရှိသူက ပြောပြပါတယ်။

နောက်တစ်နေ့မှာ အဆိုပါကျောင်းသူက မိဘများကို တိုင်တန်းပြီး ကျောင်းအုပ်ဆရာ ဦးသက်ခိုင်နဲ့ ဆွေးနွေးခဲ့ရာမှာ လူမှုရေးအရ ပြေလည်အောင် ဖြေရှင်းပေးပါ့မယ် လို့ ပြောပြီး ကျေးရွာလူကြီးတွေနဲ့ ဖြေရှင်းညှိနှိုင်းတာ မပြေလည်တာကြောင့် ဖေဖော်ဝါရီ (၁၆)ရက်နေ့မှာတော့ ဥပဒေအရ အရေးယူပေးဖို့ ကျောင်းသူ(၂)ဦးလုံး က ပုဒ်မ(၂)ခု နဲ့ တရားလိုလုပ် အမှုဖွင့် တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ယင်းနေ့ ညနေမှာ အဆိုပါ မူလွန်ကျောင်းအုပ်ဆရာ ဦးသက်ခိုင် (၃၆)နှစ် ကို ဖမ်းဆီးခဲ့ပြီး (ပ)၁၇/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ ၊ (ပ)၁၈/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၇၆/၅၁၁ နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ် လို့ ပင်လည်ဘူးရဲစခန်း က ပြောပါတယ်

:နိုင်ကြီး-ကသာ(VOM)

No comments:

Post a Comment