Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 26, 2019

မြစ်ကြီးနားသတင်း ​ဂျာနယ်သတင်းထောက်နှစ်ဦးအား ရိုက်​နှက်ခြိမ်းခြောက်သည့် သခင်စစ်ကုမ္ပဏီအား အမှုဖွင့်ရန်စီစဉ်နေ


မြစ်ကြီးနားသတင်း​ဂျာနယ် သတင်းထောက်နှစ်ဦးကို ခေါ်ဆောင်ကာ ခြိမ်းခြောက်ရိုက်​နှက်ခဲ့သည့် သခင်စစ် သတ္တူတူးဖော်ရေးကုမ္ပဏီအားအမှုဖွင့်တရားစွဲသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

"အခုလူကြီးတွေ စခန်းမှူးနဲ့တွေ့ပြီးအမှုဖွင့်ဖို့ လုပ်ေ​နပြီ" ဟုမြစ်ကြီးနားဂျာနယ်၏ အကြီးတန်းသတင်းထောက် ကိုဆလိုင်းကပြောသည်။

ဂျာနယ်တွင်ပါရှိတဲ့သတင်းတစ်ပုဒ်နှင့်ပတ်သက် ပြီးပြောဆိုဆွေးနွေးရန်အတွက်ဟုဆိုကာ မြစ်ကြီးနားသတင်း ​ဂျာနယ်ရုံးမှ ဝိုင်းမော်မြို့ရှိကုမ္ပဏီရုံးခန်းသို့ခေါ်ယူခဲ့ပြီးနောက် အမျိုးသမီးသတင်းထောက်မွန်းမွန်းပန်ကို ခြိမ်းခြောက်ပြောဆိုကာ ဂျာနယ်ဖြင့်ပါးရိုက်ပြီး အမျိုးသားသတင်းထောက် အဂျေ ကိုတော့ ထိုင်ထ အခါတစ်သိန်းလုပ်ရန် ခြိမ်းခြောက်စေခိုင်းခဲ့ကြောင်း မွန်းမွန်းပန်ကပြောသည်။
Kachinwaves





No comments:

Post a Comment