Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 12, 2019

ထီသည္ထံမွ ထီလက္မွတ္ ဇြတ္အတင္း လုယူလိုက္တဲ့ သမီးေလးေျကာင့္ ” ဘဝမွာ မႀကံဳဖူး မစဥ္းစားဖူးတဲ့ ေငြပုံႀကီးေပၚထိုင္ခြင့္ရလိုက္ေသာ ငါးစိမ္းသည္ ေမေမ


ဘန္ေကာက္ၿမိဳ႕က ငါးစိမ္းသည္ အမ်ိဳးသမီးတစ္ဦးဟာ ၿပီးခဲ့တဲ့ အဂၤါေန႔ ေအာက္တုိဘာလ (၁၆) ရက္ေန႔တုန္းက သူမ ေစ်းေရာင္းတဲ့ေနရာဆီ သူမရဲ႕ သမီးငယ္ေလးကို ေခၚလာခဲ့ပါတယ္။

သူမဟာ ေစ်းလမ္းမကေန ငါးဒိုင္ဆီ သြားေနခဲ့တုန္း ထီသည္တစ္ေယာက္နဲ႔လည္း ေတြ႔ခဲ့ပါတယ္။ ထီသည္နဲ႔ ေတြ႔စဥ္မွာေတာ့ ကေလးငယ္ေလးဟာ ထီလက္မွတ္ေတြကို အရမ္းသေဘာက်သြားခဲ့ၿပီး မိခင္ျဖစ္သူေတာင္ တားခ်ိန္မရလိုက္ဘဲ ထီလက္မွတ္ (၂) ေစာင္ကို လုယူလိုက္ပါေတာ့တယ္။

မိခင္ျဖစ္သူက ကေလးငယ္ လက္ထဲက ထီလက္မွတ္ေတြကို ျပန္လႊတ္ခိုင္းဖို႔ လုပ္ေပမယ့္ ကေလးေလးက အသားကုန္ ေအာ္ငိုေတာ့တာေၾကာင့္ မိခင္လည္း မတတ္ႏုိင္ေတာ့ဘဲ ထီလက္မွတ္ (၂) ေစာင္ထဲက (၁) ေစာင္ကို ဝယ္လုိက္ရပါေတာ့တယ္။ ထုိ႔ေနာက္မွာေတာ့ အမ်ိဳးသမီးဟာ အမႈမဲ့အမွတ္မဲ့ပဲ ထီလက္မွတ္အေၾကာင္းကို မေတြးမိဘဲ ညေနဘက္ေရာက္ေတာ့ အိမ္ျပန္သြားခဲ့ပါတယ္။

မထင္မွတ္ထားတဲ့ အံ့အားသင့္ဖြယ္ ကံေကာင္းမႈႀကီးတစ္ခုကေတာ့ ထုိေစ်းသည္အမ်ိဳးသမီး သူမ ထုိးခဲ့တဲ့ ထီလက္မွတ္ကို တုိက္ၾကည့္မိခဲ့တဲ့ အခ်ိန္ပါပဲ။ သမီးငယ္ေလး လက္က မလႊတ္ေပးခဲ့လုိ႔ ဝယ္ခဲ့ရတဲ့ ထီလက္မွတ္ဟာ ေပါက္ဂဏန္းနဲ႔ ထီတစ္ေစာင္ ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ကံေကာင္းလွတဲ့ အမ်ိဳးသမီးဟာ တစ္ရက္အတြင္းမွာပဲ အံ့ျသစရာ မထင္မွတ္ထားတဲ့ ေငြရရွိခဲ့ပါတယ္။ သူမ ရရိွတဲ့ ဆုေၾကးေငြကေတာ့ ဘတ္ ၆ သန္း (ျမန္မာက်ပ္ေငြ သိန္း ၃ ေထာင္နီးပါး) ျဖစ္ပါတယ္။

အမ်ိဳးသမီးဟာ အခုလို ေငြအလံုးအရင္းလုိက္ ႐ုတ္တရက္ဝင္မႈေၾကာင့္ အလြန္ပင္ အံ့အားသင့္ေနခဲ့ၿပီး ထီလက္မွတ္ကိုလည္း တရားဝင္ဟုတ္ မဟုတ္ ရဲစခန္းအထိ သြားေရာက္စစ္ေဆးၾကည့္ခဲ့ပါေသးတယ္။

ထုိ႔ေနာက္မွာေတာ့ ဆုေငြသြားေရာက္ထုတ္ယူခဲ့ၿပီး သူမရဲ႕ သမီးငယ္ေလးက တကယ္ကို မိကံေကာင္းေလးလို႔ အမႊမ္းတင္ေနခဲ့ပါတယ္။ ရရိွတဲ့ ဆုေၾကးေငြကိုလည္း မိကံေကာင္းေလးရဲ႕ ပညာေရးမွာ ထည့္သံုးသြားမယ္လို႔လည္း အမ်ိဳးသမီးက ေျပာခဲ့ပါတယ္။
Thutasone
Ref: World of Buzz
#Unicode Version#
လောကကြီးမှာ အဆိုးတွေပဲ များလာတယ်လို့ ထင်ရနိုင်ပေမယ့် ကြည်နူးအံ့အားသင့်စရာ ဖြစ်ရပ်လေးတွေလည်း ဖြစ်ပျက်နေပါသေးတယ်။ မကြာသေးခင်က ဘန်ကောက်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်လေးက သက်သေပါပဲ။

ဘန်ကောက်မြို့က ငါးစိမ်းသည် အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ အောက်တိုဘာလ (၁၆) ရက်နေ့တုန်းက သူမ ဈေးရောင်းတဲ့နေရာဆီ သူမရဲ့ သမီးငယ်လေးကို ခေါ်လာခဲ့ပါတယ်။

သူမဟာ ဈေးလမ်းမကနေ ငါးဒိုင်ဆီ သွားနေခဲ့တုန်း ထီသည်တစ်ယောက်နဲ့လည်း တွေ့ခဲ့ပါတယ်။ ထီသည်နဲ့ တွေ့စဉ်မှာတော့ ကလေးငယ်လေးဟာ ထီလက်မှတ်တွေကို အရမ်းသဘောကျသွားခဲ့ပြီး မိခင်ဖြစ်သူတောင် တားချိန်မရလိုက်ဘဲ ထီလက်မှတ် (၂) စောင်ကို လုယူလိုက်ပါတော့တယ်။

မိခင်ဖြစ်သူက ကလေးငယ် လက်ထဲက ထီလက်မှတ်တွေကို ပြန်လွှတ်ခိုင်းဖို့ လုပ်ပေမယ့် ကလေးလေးက အသားကုန် အော်ငိုတော့တာကြောင့် မိခင်လည်း မတတ်နိုင်တော့ဘဲ ထီလက်မှတ် (၂) စောင်ထဲက (၁) စောင်ကို ဝယ်လိုက်ရပါတော့တယ်။ ထို့နောက်မှာတော့ အမျိုးသမီးဟာ အမှုမဲ့အမှတ်မဲ့ပဲ ထီလက်မှတ်အကြောင်းကို မတွေးမိဘဲ ညနေဘက်ရောက်တော့ အိမ်ပြန်သွားခဲ့ပါတယ်။

မထင်မှတ်ထားတဲ့ အံ့အားသင့်ဖွယ် ကံကောင်းမှုကြီးတစ်ခုကတော့ ထိုဈေးသည်အမျိုးသမီး သူမ ထိုးခဲ့တဲ့ ထီလက်မှတ်ကို တိုက်ကြည့်မိခဲ့တဲ့ အချိန်ပါပဲ။ သမီးငယ်လေး လက်က မလွှတ်ပေးခဲ့လို့ ဝယ်ခဲ့ရတဲ့ ထီလက်မှတ်ဟာ ပေါက်ဂဏန်းနဲ့ ထီတစ်စောင် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ကံကောင်းလှတဲ့ အမျိုးသမီးဟာ တစ်ရက်အတွင်းမှာပဲ အံ့သြစရာ မထင်မှတ်ထားတဲ့ ငွေရရှိခဲ့ပါတယ်။ သူမ ရရှိတဲ့ ဆုကြေးငွေကတော့ ဘတ် ၆ သန်း (မြန်မာကျပ်ငွေ သိန်း ၃ ထောင်နီးပါး) ဖြစ်ပါတယ်။

အမျိုးသမီးဟာ အခုလို ငွေအလုံးအရင်းလိုက် ရုတ်တရက်ဝင်မှုကြောင့် အလွန်ပင် အံ့အားသင့်နေခဲ့ပြီး ထီလက်မှတ်ကိုလည်း တရားဝင်ဟုတ် မဟုတ် ရဲစခန်းအထိ သွားရောက်စစ်ဆေးကြည့်ခဲ့ပါသေးတယ်။

ထို့နောက်မှာတော့ ဆုငွေသွားရောက်ထုတ်ယူခဲ့ပြီး သူမရဲ့ သမီးငယ်လေးက တကယ်ကို မိကံကောင်းလေးလို့ အမွှမ်းတင်နေခဲ့ပါတယ်။ ရရှိတဲ့ ဆုကြေးငွေကိုလည်း မိကံကောင်းလေးရဲ့ ပညာရေးမှာ ထည့်သုံးသွားမယ်လို့လည်း အမျိုးသမီးက ပြောခဲ့ပါတယ်။
Thutasone
Ref: World of Buzz

No comments:

Post a Comment