Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 12, 2019

မင်္ဂလာဆောင်ခါနီး မင်္ဂလာအကြိုဓာတ်ပုံတွေရိုက်တင်ပြီးမှ မင်္ဂလာပွဲပျက်သွားရတဲ့ အဆိုတော် ဝန


 “အနီးဆုံးလူ” ဆိုတဲ့ သီချင်းကောင်းလေးနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု  ရရှိခဲ့တဲ့ အဆိုတော်ဝန
အဆိုတော်ဝနကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မင်္ဂလာအကြိုဓာတ်ပုံလေးတွေကိုလည်း သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ မြစ်ကြီးနားမှာ သွားရောက်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်..။

မင်္ဂလာပွဲပျက်သွားပီဖြစ်ကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ အသိပေးပါတယ်..” ဆိုပြီး  ရေးသားထားတာပဲ ဖြစ်ပါတယ်..။
ချစ်သူသက်တမ်း(၁၀)ကျော်ပြီဖြစ်တဲ့ သူတို့စုံတွဲလက်ထပ်ခါနီးဆဲဆဲမှ
ဘယ်လို နဖူးစာမင်ရေ ကြဲခဲ့ကြပါလိမ့်။

Photo – ဝန၊ Aung Nan





Unicode

မင်္ဂလာဆောင်ခါနီးမှ မင်္ဂလာပွဲပျက်သွားရတဲ့ အဆိုတော် ဝန

ပရိသတ်ကြီးရေ.. “အနီးဆုံးလူ” ဆိုတဲ့ သီချင်းကောင်းလေးနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးဝန်းရံမှုတွေကို

အခိုင်အမာရရှိခဲ့တဲ့ အဆိုတော်ဝနကိုတော့ ပရိသတ်ကြီးများ သိရှိပြီး ဖြစ်မှာပါနော်..။


အနုပညာလောကမှာ ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျတဲ့ အမိုက်စားသီချင်းကောင်းကောင်းလေးတွေနဲ့ အားလုံးရဲ့ ရင်ထဲရောက်ရှိနေရာယူထားတဲ့

ပြည်သူ့အချစ်တော် အဆိုတော်အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး..။

အဆိုတော်ဝနကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူ့ရဲ့ ချစ်သူလေးနဲ့ ရွှေလက်တွဲတော့မှာမို့ မင်္ဂလာအကြိုဓာတ်ပုံလေးတွေကိုလည်း သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ မြစ်ကြီးနားမှာ သွားရောက်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်..။


ဒါပေမယ့် ဒီကနေ့ ဖေဖော်ဝါရီ(၁၂)ရက်နေ့ မနက်ပိုင်းမှာတော့ မင်္ဂလာပွဲပျက်သွားပြီဆိုတဲ့ အကြောင်းလေးကို ဝနရဲ့ချစ်သူကောင်မလေး

အောင်းနီက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြာပြထားတာ တွေ့ရပါတယ်..။

မင်္ဂလာပွဲပျက်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ အောင်းနီက မပြောပြထားပေမယ့် “အားလုံးကို တောင်းပန်ပါတယ် မင်္ဂလာပွဲပျက်သွားပီဖြစ်ကြောင်း

စိတ်မကောင်းခြင်းများစွာနဲ့ အသိပေးပါတယ်..” ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားတာပဲ ဖြစ်ပါတယ်..။

ချစ်သူသက်တမ်း(၁၀)ကျော်ပြီဖြစ်သလို အားကျရလောက်အောင် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ သူတို့ချစ်သူစုံတွဲလေးရဲ့

စိတ်မကောင်းစရာသတင်းလေးကြောင့် ပရိသတ်တွေ တော်တော်များများကလည်း စိတ်မကောင်းဖြစ်နေကြတာ တွေ့ရပါတယ်နော်..။

Photo – ဝန၊ Aung Nan

No comments:

Post a Comment