Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 10, 2019

ဘုရားရွင္အား တစ္ႀကိမ္ ဦးခ်ရျခင္းအကၽိဳး

တစ္ခါေတာ့…ဘုရားရွင္ဟာ နံနက္မုိးေသာက္ထတဲ့အခ်ိန္မွာမဟာကရုဏာသမာပတ္ဝင္စားရင္း စ႑ာလတင္းကုပ္မွာေနတဲ့ သက္တမ္းကုန္ေနတဲ့အဘြားအုိတစ္ေယာက္ကို သြားျမင္ေတာ္မူပါတယ္သူ႔နာမည္က စ႑ာလီတဲ့။
စ႑ာလီ အမည္ရွိတဲ့ အဘြားအုိဟာ အခုမနက္ခင္းမွာပဲ ေသေတာ့မယ္ ၿပီးေတာ့ ဘာကုသိုလ္မွလည္း မရွိတဲ့အတြက္ငရဲလည္း က်မယ္တဲ႔။

ငရဲမက်ေစခ်င္တဲ့အတြက္ ဘုရားရွင္ဟာသံဃာေပါင္းမ်ားစြာၿခံရံၿပီးရာဇၿဂိဳဟ္ၿမိဳ႕ထဲကို ဆြမ္းခံၾကြေတာ္မူပါတယ္။အဲဒီအခ်ိန္မွာ အဘြားအုိကလည္း ၿမိဳ႕ျပင္အထြက္လမ္းမွာ ဘုရားရွင္နဲ႔ မ်က္ႏွာခ်င္းဆုိင္ တည့္တည့္တုိးေနေတာ့တာေပါ့။ျမတ္စြာဘုရားရွင္ကလည္း အဘြားအုိ ေရွ႕ဆက္သြားမရပဲ ရွိခိုးကန္ေတာ့ျဖစ္သြားေအာင္ ေရွ႕တည့္တည့္ကေန ပိတ္ရပ္ထားေတာ္မူပါတယ္။ဒါေပမဲ့…အဘြားအုိက ဘုရားရွင္ကို ရွိမခုိးဘူးတဲ႔။ဒီအတုိင္းပဲ ေပၿပီး ရပ္ေနတယ္။

ဒီအခါမွာ…အရွင္ေမာဂၢလာန္က ဂါထာႏွစ္ဂါထာနဲ႔ ဘုရားရွင္ကိုရွိခိုးဖုိ႔ အဘြားအုိကို တုိက္တြန္းပါတယ္။စ႑ာလီဒါယိကာမႀကီး…အၿခံအရံ အေက်ာ္ေစာရွိေတာ္မူေသာေဂါတမျမတ္စြာဘုရား၏ ေျခေတာ္ကို ရွိခိုးေလာ့။အျမတ္ဆံုးဣသိ ျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားသည္ သင့္ကိုသာလွ်င္ ခ်ီးေျမွာက္ေတာ္မူျခင္းငွာ ရပ္တည္ေတာ္မူ၏။တာဒိဂုဏ္(ေလာကဓံႏွင့္ ႀကံဳေသာ္လည္းတုန္လူပ္ျခင္းမရွိ သည္းခံႏုိင္ျခင္း)ႏွင့္ ျပည့္စံုေတာ္မူေသာ ပူေဇာ္အထူးကို ခံယူေတာ္မူထုိက္ေသာ ျမတ္စြာဘုရား၌ စိတ္ကို ၾကည္လင္ေစေလာ့ လွ်င္ျမန္စြာ လက္အုပ္ခ်ီ၍ ရွိခိုးလုိက္ေလာ့။

သင္၏ အသက္သည္ အလြန္တုိေတာင္းလွ၏” တဲ့။အရွင္ေမာဂၢလာန္က ဘုရားရွင္ရဲ႕ ၾကည္ညိဳဖြယ္ရာဂုဏ္ေတြကိုလည္း ေဟာျပပါတယ္။သူတစ္ခဏအတြင္း ေသရေတာ့မယ္ဆုိတာကိုလည္း တန္ခိုးနဲ႔ ျမင္ေအာင္ ျပလုိက္ပါတယ္။အဲဒီေတာ့မွ အဘြားအုိဟာ…ဘုရားရွင္ကို ၾကည္ညိဳျမတ္ႏုိးစြာနဲ႔ ဦးခ်ရွိိခိုးပါတယ္။ထိျခင္းငါးပါးနဲ႔ ရွိခိုးၿပီးေတာ့ အဘြားအုိဟာ သူ႔အတြက္ တစ္ပင္တစ္ပန္းၾကြလာတဲ့ ဘုရားရွင္ကို ၾကည္ညိဳျမတ္ႏုိးစြာနဲ႔ လက္အုပ္ခ်ီၿပီးၾကည္ညိဳေနပါတယ္။

ဒီေလာက္ဆုိရင္ နတ္ျပည္ေရာက္ဖုိ႔လံုေလာက္ၿပီဆုိတာကို သိသြားတဲ့ ဘုရားရွင္ဟာသံဃာမ်ားနဲ႔ အတူ ရာဇၿဂိဳဟ္ၿမိဳ႕ထဲသို႔ ဆြမ္းခံၾကြသြားေတာ္မူပါတယ္။ဘုရားရွင္ၾကြၿပီး ခဏအတြင္းမွာပဲသားေဇာေၾကာင့္ ေဒါသျဖစ္ေနတဲ့ ႏြားမတစ္ေကာင္အတင္းဝင္ေဝွ႔လုိ႔ အဘြားအုိဟာ ေသပြဲဝင္ရရွာပါတယ္။ဒါေပမဲ့…ေသခါနီး ဘုရားရွင္ကို ရွိခိုးတဲ့ကုသိုလ္ေၾကာင့္ လူရဲ႕ အသက္နဲ႔ဆုိရင္ ႏွစ္ေပါင္း သံုးကုေဋနဲ႔ အႏွစ္ေျခာက္သန္းအသက္ရွည္တဲ့တာဝတႎသာနတ္ဘံုကို ေရာက္သြားပါတယ္။

နတ္ဘံုေရာက္ေရာက္ျခင္းငါ ဘာကုသိုလ္ေၾကာင့္ ေရာက္ရတာလဲ”လို႔ ျပန္ဆင္ျခင္ၾကည့္လိုက္ေတာ့ ဘုရားရွင္ကို ရွိခိုးတဲ့ ကုသိုလ္ေၾကာင့္ဆုိတာ သူ သိသြားတယ္တဲ႔။သူ ဒီလုိရွိခိုးျဖစ္ေအာင္ တုိက္တြန္းေဟာၾကားေပးတဲ့အရွင္ေမာဂၢလာန္ရွိရာကို သူ႔ဗိမာန္ႀကီးပါ သယ္ေဆာင္ေရာက္လာၿပီး ေက်းဇူးတင္စကား ေလွ်ာက္ထားပါတယ္။

( ဝိမာနဝတၳဳပါဠိေတာ္၊ စ႑ာလီဝိမာနဝတၳဳ )

ဒီသာဓကကိုေထာက္ၿပီး…ေသခါနီးဘုရားရွင္ကို တစ္ခဏတာ ၾကည္ညိဳရွိခိုးတဲ့ကုသိုလ္ေလးေတာင္ ဒီေလာက္ေကာင္းက်ိဳးေတြ ေပးေသးရင္ သူေတာ္ေကာင္းတုိ႔လုိ ေန႔စဥ္ၾကည္ညိဳရွိခိုးေနၾကတဲ့သူေတြဆို ဘယ္ေလာက္ထိမ်ား ေကာင္းက်ိဳးေတြရလုိက္မလဲ ?ေတြးၿပီးေတာ့ ရတနာသံုးပါးကို ၾကည္ညိဳကိုးကြယ္ပူေဇာ္ၾကပါလို႔ တိုက္တြန္းရင္း……

အရွင္ဇဝန – ေမတၱာရွင္(ေရႊျပည္သာ) သင္လူတစ္ေယာက္ျဖစ္ၿပီလား စာအုပ္မွ
အေမွာင္ေပ်ာက္၍ အလင္းေရာက္ပါေစ။
အရွင္ဇဝန – ေမတၱာရွင္(ေရႊျပည္သာ)

#Unicode Version#

တစ်ခါတော့…ဘုရားရှင်ဟာ နံနက်မိုးသောက်ထတဲ့အချိန်မှာမဟာကရုဏာသမာပတ်ဝင်စားရင်း စဏ္ဍာလတင်းကုပ်မှာနေတဲ့ သက်တမ်းကုန်နေတဲ့အဘွားအိုတစ်ယောက်ကို သွားမြင်တော်မူပါတယ်သူ့နာမည်က စဏ္ဍာလီတဲ့။
စဏ္ဍာလီ အမည်ရှိတဲ့ အဘွားအိုဟာ အခုမနက်ခင်းမှာပဲ သေတော့မယ် ပြီးတော့ ဘာကုသိုလ်မှလည်း မရှိတဲ့အတွက်ငရဲလည်း ကျမယ်တဲ့။

ငရဲမကျစေချင်တဲ့အတွက် ဘုရားရှင်ဟာသံဃာပေါင်းများစွာခြံရံပြီးရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတော်မူပါတယ်။အဲဒီအချိန်မှာ အဘွားအိုကလည်း မြို့ပြင်အထွက်လမ်းမှာ ဘုရားရှင်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးနေတော့တာပေါ့။မြတ်စွာဘုရားရှင်ကလည်း အဘွားအို ရှေ့ဆက်သွားမရပဲ ရှိခိုးကန်တော့ဖြစ်သွားအောင် ရှေ့တည့်တည့်ကနေ ပိတ်ရပ်ထားတော်မူပါတယ်။ဒါပေမဲ့…အဘွားအိုက ဘုရားရှင်ကို ရှိမခိုးဘူးတဲ့။ဒီအတိုင်းပဲ ပေပြီး ရပ်နေတယ်။

ဒီအခါမှာ…အရှင်မောဂ္ဂလာန်က ဂါထာနှစ်ဂါထာနဲ့ ဘုရားရှင်ကိုရှိခိုးဖို့ အဘွားအိုကို တိုက်တွန်းပါတယ်။စဏ္ဍာလီဒါယိကာမကြီး…အခြံအရံ အကျော်စောရှိတော်မူသောဂေါတမမြတ်စွာဘုရား၏ ခြေတော်ကို ရှိခိုးလော့။အမြတ်ဆုံးဣသိ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သင့်ကိုသာလျှင် ချီးမြှောက်တော်မူခြင်းငှာ ရပ်တည်တော်မူ၏။တာဒိဂုဏ်(လောကဓံနှင့် ကြုံသော်လည်းတုန်လူပ်ခြင်းမရှိ သည်းခံနိုင်ခြင်း)နှင့် ပြည့်စုံတော်မူသော ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေလော့ လျှင်မြန်စွာ လက်အုပ်ချီ၍ ရှိခိုးလိုက်လော့။

သင်၏ အသက်သည် အလွန်တိုတောင်းလှ၏” တဲ့။အရှင်မောဂ္ဂလာန်က ဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ရာဂုဏ်တွေကိုလည်း ဟောပြပါတယ်။သူတစ်ခဏအတွင်း သေရတော့မယ်ဆိုတာကိုလည်း တန်ခိုးနဲ့ မြင်အောင် ပြလိုက်ပါတယ်။အဲဒီတော့မှ အဘွားအိုဟာ…ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ ဦးချရှိခိုးပါတယ်။ထိခြင်းငါးပါးနဲ့ ရှိခိုးပြီးတော့ အဘွားအိုဟာ သူ့အတွက် တစ်ပင်တစ်ပန်းကြွလာတဲ့ ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ လက်အုပ်ချီပြီးကြည်ညိုနေပါတယ်။

ဒီလောက်ဆိုရင် နတ်ပြည်ရောက်ဖို့လုံလောက်ပြီဆိုတာကို သိသွားတဲ့ ဘုရားရှင်ဟာသံဃာများနဲ့ အတူ ရာဇဂြိုဟ်မြို့ထဲသို့ ဆွမ်းခံကြွသွားတော်မူပါတယ်။ဘုရားရှင်ကြွပြီး ခဏအတွင်းမှာပဲသားဇောကြောင့် ဒေါသဖြစ်နေတဲ့ နွားမတစ်ကောင်အတင်းဝင်ဝှေ့လို့ အဘွားအိုဟာ သေပွဲဝင်ရရှာပါတယ်။ဒါပေမဲ့…သေခါနီး ဘုရားရှင်ကို ရှိခိုးတဲ့ကုသိုလ်ကြောင့် လူရဲ့ အသက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့တာဝတိံသာနတ်ဘုံကို ရောက်သွားပါတယ်။

နတ်ဘုံရောက်ရောက်ခြင်းငါ ဘာကုသိုလ်ကြောင့် ရောက်ရတာလဲ”လို့ ပြန်ဆင်ခြင်ကြည့်လိုက်တော့ ဘုရားရှင်ကို ရှိခိုးတဲ့ ကုသိုလ်ကြောင့်ဆိုတာ သူ သိသွားတယ်တဲ့။သူ ဒီလိုရှိခိုးဖြစ်အောင် တိုက်တွန်းဟောကြားပေးတဲ့အရှင်မောဂ္ဂလာန်ရှိရာကို သူ့ဗိမာန်ကြီးပါ သယ်ဆောင်ရောက်လာပြီး ကျေးဇူးတင်စကား လျှောက်ထားပါတယ်။

( ဝိမာနဝတ္ထုပါဠိတော်၊ စဏ္ဍာလီဝိမာနဝတ္ထု )

ဒီသာဓကကိုထောက်ပြီး…သေခါနီးဘုရားရှင်ကို တစ်ခဏတာ ကြည်ညိုရှိခိုးတဲ့ကုသိုလ်လေးတောင် ဒီလောက်ကောင်းကျိုးတွေ ပေးသေးရင် သူတော်ကောင်းတို့လို နေ့စဉ်ကြည်ညိုရှိခိုးနေကြတဲ့သူတွေဆို ဘယ်လောက်ထိများ ကောင်းကျိုးတွေရလိုက်မလဲ ?တွေးပြီးတော့ ရတနာသုံးပါးကို ကြည်ညိုကိုးကွယ်ပူဇော်ကြပါလို့ တိုက်တွန်းရင်း……

အရှင်ဇဝန – မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ်မှ
အမှောင်ပျောက်၍ အလင်းရောက်ပါစေ။

No comments:

Post a Comment