Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 10, 2019

လိႈင္သာယာၿမိဳ႕နယ္တြင္ လွည့္ကင္းအဖြဲ႔ကို အရပ္သားသံုးဦးကရန္ျပဳ ျပီး စေကဘာနဲ႔ထိုး

၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ၂၂၀၀ အခ်ိန္ လႈိင္သာယာၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္ေဇလင္း ဦးစီးအဖြဲ႕သည္ လွည့္ကင္းတာဝန္ေဆာင္႐ြက္ေနစဥ္

လႈိင္သာယာၿမိဳ႕နယ္၊ (၇)ရပ္ကြက္၊ ေတးဥယ်ာဥ္(၂၂)လမ္းအေရာက္၌ ေအာင္ဆန္းဦး (ခ)ေျပာင္ႀကီး(၃၀)ႏွစ္၊ (ဘ)ဦးျမစိုး၊ (၆)ရပ္ကြက္ ေနသူ ေမာင္းႏွင္လာေသာ သုံးဘီးဆိုင္ကယ္ေပၚ၌ တစ္ရပ္ကြက္တည္းေန ျမင့္ေဌး(၄၀)ႏွစ္၊ (ဘ)ဦးစိုးျမင့္ႏွင့္ ေအာင္ကို(၂၄)ႏွစ္၊ (ဘ)ဦးၾကည္ေအးတို႔ ၂ ဦးသည္ အ႐ိုးအသြား ၁၁ လက္မခြဲခန္႔ စေကဘာ ၁ ေခ်ာင္းႏွင့္ အ႐ိုးအသြား ၁၃ လက္မခန္႔ ဓား ၁ေခ်ာင္းတို႔အား ကိုင္ေဆာင္ထားသည္ကို ေတြ႕ရွိခဲ့ရသည္။

သိမ္းဆည္းရန္ျပဳလုပ္ေနစဥ္ ျမင့္ေဌးက ရဲဒုတပ္ၾကပ္ ေအာင္ေက်ာ္ေက်ာ္(၃၂)ႏွစ္အား စေကဘာ ျဖင့္ထိုးရာ ေက်ာကုန္းယာဘက္ ထိုးသြင္းေပါက္ၿပဲဒဏ္ရာ ၁ ခ်က္(မစိုးရိမ္ရ)ရရွိခဲ့ေၾကာင္း၊ ျမင့္ေဌး ႏွင့္ ေအာင္ကိုတို႔အား စေကဘာ ၁ ေခ်ာင္း၊ ဓားေျမာင္ ၁ ေခ်ာင္း၊ ေလးခြ ၁ လက္တို႔ႏွင့္ လည္းေကာင္း၊ ေအာင္ဆန္းဦး(ခ)ေျပာင္ႀကီးအား ၎၏ေနအိမ္၌ဖမ္းဆီးရမိခဲ့သည္။

ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ၀၃၅၀ အခ်ိန္တြင္ ေအာင္ဆန္းဦး(ခ)ေျပာင္ႀကီးပါ ၃ ဦးတို႔အား လႈိင္သာယာၿမိဳ႕မရဲစခန္း(ပ) ၅၇၁/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၃၂/ ၁၁၄ (လူသတ္ရန္ အားထုတ္မႈ/ တာဝန္ထမ္းေဆာင္ေန ေသာ ျပည္သူ႔ဝန္ထမ္းအား သာမန္နာက်င္ေစမႈ/အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။
The Ladies News

#Unicode Version#

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၂၂၀၀ အချိန် လှိုင်သာယာမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ဇေလင်း ဦးစီးအဖွဲ့သည် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ်

လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ တေးဥယျာဉ်(၂၂)လမ်းအရောက်၌ အောင်ဆန်းဦး (ခ)ပြောင်ကြီး(၃၀)နှစ်၊ (ဘ)ဦးမြစိုး၊ (၆)ရပ်ကွက် နေသူ မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်ပေါ်၌ တစ်ရပ်ကွက်တည်းနေ မြင့်ဌေး(၄၀)နှစ်၊ (ဘ)ဦးစိုးမြင့်နှင့် အောင်ကို(၂၄)နှစ်၊ (ဘ)ဦးကြည်အေးတို့ ၂ ဦးသည် အရိုးအသွား ၁၁ လက်မခွဲခန့် စကေဘာ ၁ ချောင်းနှင့် အရိုးအသွား ၁၃ လက်မခန့် ဓား ၁ချောင်းတို့အား ကိုင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

သိမ်းဆည်းရန်ပြုလုပ်နေစဉ် မြင့်ဌေးက ရဲဒုတပ်ကြပ် အောင်ကျော်ကျော်(၃၂)နှစ်အား စကေဘာ ဖြင့်ထိုးရာ ကျောကုန်းယာဘက် ထိုးသွင်းပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ မြင့်ဌေး နှင့် အောင်ကိုတို့အား စကေဘာ ၁ ချောင်း၊ ဓားမြောင် ၁ ချောင်း၊ လေးခွ ၁ လက်တို့နှင့် လည်းကောင်း၊ အောင်ဆန်းဦး(ခ)ပြောင်ကြီးအား ၎င်း၏နေအိမ်၌ဖမ်းဆီးရမိခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ၀၃၅၀ အချိန်တွင် အောင်ဆန်းဦး(ခ)ပြောင်ကြီးပါ ၃ ဦးတို့အား လှိုင်သာယာမြို့မရဲစခန်း(ပ) ၅၇၁/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၃၂/ ၁၁၄ (လူသတ်ရန် အားထုတ်မှု/ တာဝန်ထမ်းဆောင်နေ သော ပြည်သူ့ဝန်ထမ်းအား သာမန်နာကျင်စေမှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

No comments:

Post a Comment