Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 10, 2019

ေဆးခန္းလူျပတ္ခ်ိန္တကၠသိုလ္ေက်ာင္းသူရဲ႕ မိန္းမကိုယ္အတြင္း လက္ေခ်ာင္းထိုးသြင္းတဲ႔ ဆရာ၀န္ကုိရဲတပ္ဖြဲ႕မွဖမ္းဆီး


ၿမိတ္ၿမိဳ႕တြင္တကၠသိုလ္ေက်ာင္းသူတစ္ဦးအားမဖြယ္မရာျပဳလုပ္သည့္ဆရာ၀န္တစ္ဦးကိုအမွုဖြင့္အေရးယူ ။ ၿမိတ္ၿမိဳ႕တြင္တကၠသိုလ္ေက်ာင္းသူတစ္ဦးအားေဆးကုသေပးကာ မဖြယ္မရာျပဳလုပ္ေသာဆရာ၀န္တစ္ဦးအား ရဲတပ္ဖြဲ႕မွဖမ္းဆီးကာအမွုဖြင့္အေရးယူထားေၾကာင္းသိရပါတယ္။

ေဖေဖာ္၀ါရီလ ၇ ရက္ေန႕၊နံနက္ပိုင္းကမ်က္စိနာ(ေဒသအေခၚ မ်က္ခမ္းစြံ)သည့္ ေ၀ဒနာအတြက္ေဆးကုသရန္လာေရာက္သည့္ အသက္ ၁၈ နွစ္အရြယ္ ဒုတိယနွစ္တကၠသိုလ္ေက်ာင္းသူတစ္ဦးကို ၿမိတ္ၿမိဳ႕၊ကန္ႀကီးရပ္ကြက္၊ ကန္ႀကီး စီလမ္းတြင္ေဆးခန္းဖြင့္ထားတဲ့ ေဒါက္တာ ဂင္လိုက္ဆိုသူ ဆရာ၀န္တစ္ဦးမွမဖြယ္မရာျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ေဆးခန္းတြင္လူျပတ္ေနတဲ့အခ်ိန္ တကၠသိုလ္ ေက်ာင္းသူအားေဆးထိုးေပးရင္းဘယ္လက္ျဖင့္မိန္းမကိုယ္ အတြင္းသို႕ႏိႈက္ကာလက္ေခ်ာင္းတစ္ေခ်ာင္းျဖင့္ထိုးသြင္းခဲ့ေၾကာင္းသိရပါတယ္။

ေက်ာင္းသူေလးမွထိုသို႔မျပဳလုပ္ရန္ေျပာၿပီးလက္ဖယ္ထုတ္ခဲ့ရာဆရာ၀န္မွေဆးထိုးအပ္ႏုတ္ၿပီးဘယ္ဘက္ လက္ျဖင့္ေက်ာင္းသူေလး၏ရင္သားကိုကိုင္ကာ ညာဘက္လက္ျဖင့္မိန္းမကိုယ္အားထပ္မံကိုင္တြယ္ခဲ့ ေၾကာင္းသိရပါတယ္။

တကၠသိုလ္ေက်ာင္းသူမွရုန္းကန္ၿပီးလက္မ်ားကိုဖယ္ထုတ္ကာေဆးဖိုးက်ပ္ ၄၀၀၀ ေပးၿပီးအိမ္သို႕ျပန္၍ ျဖစ္စဥ္အားအဘြားျဖစ္သူွႏွင့္အေဒၚျဖစ္သူကို ျပန္လည္တိုင္ၾကားခဲ့ေၾကာင္းသိရပါတယ္။

” ဒီျဖစ္စဥ္ျဖစ္ပြားေၾကာင္းသိရေတာ့ကၽြန္ေတာ့္ရံုးမွာ ဆရာ၀န္ႏွင့္တကၠသိုလ္ေက်ာင္းသူကိုေခၚၿပီးေမး ျမန္းခဲ့တယ္အုပ္ထိန္းသူေတြလည္းပါလာခဲ့တယ္။ ဆရာ၀န္ ကျပစ္မွဳက်ဴးလြန္မိေၾကာင္း၀န္ခံခဲ့တယ္ေနာက္မျဖစ္ေစရဘူး လို႔ ေတာင္းပန္ၿပီးခံ၀န္ထိုးခဲ့တယ္။

ဒါေပမယ့္အုပ္ထိန္းသူေတြကမေက်နပ္တဲ့အတြက္ရဲစခန္းမွာ အမွုထပ္မံဖြင့္ခဲ့တယ္” လို႕ကန္ႀကီးရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးဦးစိုးမိုးႏိုင္က ေျပာပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီးေဒါက္တာဂင္လိုက္အားရဲတပ္ဖြဲ႕မွဖမ္းဆီးေမးျမန္းခဲ့ရာ ျပစ္မွုက်ဴးလြန္ေၾကာင္း၀န္ခံခဲ့ၿပီး ျဖစ္စဥ္မွာ ေဒါက္တာဂင္လိုက္၏ဇနီးျဖစ္သူမွာ ေသြးဆံုးေနၿပီးကာမဆက္ဆံျခင္းမျပဳႏိုင္သည္မွာၾကာၿပီျဖစ္ေၾကာင္း

ေဆးခန္းတြင္လူသူျပတ္ေနသည့္အခ်ိန္ အပ်ဳိအရြယ္မိန္းကေလးငယ္မွေဆးခန္းလာျပသည့္အတြက္ကာမစိတ္ျဖစ္ၿပီးအခြင့္အေရးကိုအသံုးခ်မိ ခဲ့ေၾကာင္း၀န္ခံတြက္ဆိုခဲ့ပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီးျပစ္မွုက်ဴးလြန္တဲ့ ေဒါက္တာဂင္လိုက္ ( ၆၅ )ႏွစ္ ( ဘ ) ဦး ေစာဌါး (ဆမ-၈၄၁၀ ) အားၿမိတ္ၿမိဳ႕မရဲစခန္းမွ အမွုႀကီးအမွတ္စဥ္ ၃ / ၂၀၁၉၊ (ပ) ၄၂၅/၂၀၁၉၊ရာဇသတ္ႀကီးပုဒ္မ ၃၇၇/ ၃၅၄ ျဖင့္အမွုဖြင့္အေရးယူထားေၾကာင္းသိရပါတယ္။
မတ္ထြဋ္ (ၿမိတ္)
#Unicode Version
မြိတ်မြို့တွင်တက္ကသိုလ်ကျောင်းသူတစ်ဦးအားမဖွယ်မရာပြုလုပ်သည့်ဆရာဝန်တစ်ဦးကိုအမှုဖွင့်အရေးယူ ။ မြိတ်မြို့တွင်တက္ကသိုလ်ကျောင်းသူတစ်ဦးအားဆေးကုသပေးကာ မဖွယ်မရာပြုလုပ်သောဆရာဝန်တစ်ဦးအား ရဲတပ်ဖွဲ့မှဖမ်းဆီးကာအမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့၊နံနက်ပိုင်းကမျက်စိနာ(ဒေသအခေါ် မျက်ခမ်းစွံ)သည့် ဝေဒနာအတွက်ဆေးကုသရန်လာရောက်သည့် အသက် ၁၈ နှစ်အရွယ် ဒုတိယနှစ်တက္ကသိုလ်ကျောင်းသူတစ်ဦးကို မြိတ်မြို့၊ကန်ကြီးရပ်ကွက်၊ ကန်ကြီး စီလမ်းတွင်ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာ ဂင်လိုက်ဆိုသူ ဆရာဝန်တစ်ဦးမှမဖွယ်မရာပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဆေးခန်းတွင်လူပြတ်နေတဲ့အချိန် တက္ကသိုလ် ကျောင်းသူအားဆေးထိုးပေးရင်းဘယ်လက်ဖြင့်မိန်းမကိုယ် အတွင်းသို့နှိုက်ကာလက်ချောင်းတစ်ချောင်းဖြင့်ထိုးသွင်းခဲ့ကြောင်းသိရပါတယ်။

ကျောင်းသူလေးမှထိုသို့မပြုလုပ်ရန်ပြောပြီးလက်ဖယ်ထုတ်ခဲ့ရာဆရာဝန်မှဆေးထိုးအပ်နုတ်ပြီးဘယ်ဘက် လက်ဖြင့်ကျောင်းသူလေး၏ရင်သားကိုကိုင်ကာ ညာဘက်လက်ဖြင့်မိန်းမကိုယ်အားထပ်မံကိုင်တွယ်ခဲ့ ကြောင်းသိရပါတယ်။

တက္ကသိုလ်ကျောင်းသူမှရုန်းကန်ပြီးလက်များကိုဖယ်ထုတ်ကာဆေးဖိုးကျပ် ၄၀၀၀ ပေးပြီးအိမ်သို့ပြန်၍ ဖြစ်စဉ်အားအဘွားဖြစ်သူှနှင့်အဒေါ်ဖြစ်သူကို ပြန်လည်တိုင်ကြားခဲ့ကြောင်းသိရပါတယ်။

” ဒီဖြစ်စဉ်ဖြစ်ပွားကြောင်းသိရတော့ကျွန်တော့်ရုံးမှာ ဆရာဝန်နှင့်တက္ကသိုလ်ကျောင်းသူကိုခေါ်ပြီးမေး မြန်းခဲ့တယ်အုပ်ထိန်းသူတွေလည်းပါလာခဲ့တယ်။ ဆရာဝန် ကပြစ်မှုကျူးလွန်မိကြောင်းဝန်ခံခဲ့တယ်နောက်မဖြစ်စေရဘူး လို့ တောင်းပန်ပြီးခံဝန်ထိုးခဲ့တယ်။

ဒါပေမယ့်အုပ်ထိန်းသူတွေကမကျေနပ်တဲ့အတွက်ရဲစခန်းမှာ အမှုထပ်မံဖွင့်ခဲ့တယ်” လို့ကန်ကြီးရပ်ကွက်အုပ်ချုပ် ရေးမှူးဦးစိုးမိုးနိုင်က ပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးဒေါက်တာဂင်လိုက်အားရဲတပ်ဖွဲ့မှဖမ်းဆီးမေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့ပြီး ဖြစ်စဉ်မှာ ဒေါက်တာဂင်လိုက်၏ဇနီးဖြစ်သူမှာ သွေးဆုံးနေပြီးကာမဆက်ဆံခြင်းမပြုနိုင်သည်မှာကြာပြီဖြစ်ကြောင်း

ဆေးခန်းတွင်လူသူပြတ်နေသည့်အချိန် အပျိုအရွယ်မိန်းကလေးငယ်မှဆေးခန်းလာပြသည့်အတွက်ကာမစိတ်ဖြစ်ပြီးအခွင့်အရေးကိုအသုံးချမိ ခဲ့ကြောင်းဝန်ခံတွက်ဆိုခဲ့ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးပြစ်မှုကျူးလွန်တဲ့ ဒေါက်တာဂင်လိုက် ( ၆၅ )နှစ် ( ဘ ) ဦး စောဌါး (ဆမ-၈၄၁၀ ) အားမြိတ်မြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၃ / ၂၀၁၉၊ (ပ) ၄၂၅/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၇၇/ ၃၅၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)

No comments:

Post a Comment