Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 14, 2019

သိၾကားမင္းက ေန႔စဥ္ ရွိခုိးရသည့္ လူ (၄) ဦး


သိၾကားမင္းက ေအာက္ပါ အက်င့္သီလနဲ႔ ျပည့္စံုသူမ်ားကုိ ေန႔စဥ္ ရွိခုိးေလ့ ရွိပါတယ္-

၁။ ၾကာျမင့္စြာကာလကထဲက ျမတ္ေသာ အက်င့္ရွိၾကတဲ့ ရဟန္းသူေတာ္စင္မ်ား။
၂။ ပရဟိတ စိတ္ရွိၿပီး ဒါနဝတ္ရွိတဲ့ လူဝတ္ သူေတာ္စင္မ်ား။
၃။ ငါးပါး၊ ရွစ္ပါး၊ ဆယ္ပါး စသည္အားျဖင့္ အက်င့္သီလ ရွိၾကတဲ့ လူဝတ္ သူေတာ္စင္မ်ား။
၄။ တရားသျဖင့္ ရွာေဖြၿပီး သား မယားကို ျပဳစုသူမ်ား။ (လင့္ဝတ္၊ မယားဝတ္၊ သားသမီးဝတ္၊ မိဘဝတ္၊ ေက်ပြန္သူမ်ား) မိသားစုဘဝေလးကို စင္စင္ၾကယ္ၾကယ္နဲ႔ ေပ်ာ္႐ႊင္မႈကို ဖန္တီးေပးႏိုင္သူကို သိၾကားမင္း ရွိခိုးသတဲ့။

အျပင္ထြက္လွ်င္ မိဘကို ရွိခိုးသြားသင့္

သိၾကားမင္းက သူ၏ေနရာ ဘုံဗိမာန္ကေန အျပင္ထြက္တိုင္း ထြက္တိုင္းမွာ ရွိခိုးသင့္တဲ့သူေတြကို ရွိခိုးေလ့ရွိသတဲ့၊ ယေန႔ ေခတ္ ဗုဒၶဘာသာဝင္ေတြ၊ ဗုဒၶဘာသာဝင္ဆိုတာထက္ ဘာသာစိတ္ အသိစိတ္ရွိတဲ့သူေတြဆိုရင္ ပိုမွန္မည္ထင္သည္၊ သူတို႔တေတြဟာ ေက်ာင္းကိုပဲ သြားသြား၊ သင္တန္းကိုပဲ သြားသြား၊ အလုပ္ကိုပဲ သြားသြား၊ ခရီးကိုပဲ သြားသြား၊ ဘယ္အေၾကာင္းေၾကာင့္ ပဲ ျဖစ္ျဖစ္ အျပင္ထြက္ၿပီဆိုရင္ ဘုရားခန္းက ဗုဒၶျမတ္စြာရယ္၊ အေမ အေဖတို႔ကိုပါ က်က်နန ရွိခိုးၿပီးမွ သြားေလ့ရွိသည္။

သိၾကားမင္းသည္လည္း ထိုနည္းတူစြာပင္ ဗုဒၶ၏တပည့္ေကာင္းမ်ားနည္းတူ အျပင္ထြက္ခါနီး လက္အုပ္ ခ်ီ ရွိခိုးေလ့ရွိသည္၊ ထိုသို႔ရွိခိုးေနတာကို ျမင္ေတာ့ တပည့္ျဖစ္သူ မာတလိ နတ္သားက “အရွင္သိၾကားမင္းႀကီး၊ အရွင္မင္းႀကီးက ဘယ္သူ႔ကို ဘယ္အေၾကာင္းေၾကာင့္ ရွိခိုးေနတာလဲ၊ တကယ္ဆို ေျမျပင္ရွိ ဝိဇၨာသုံးပါး အဘိဉာဏ္မ်ားရရွိၿပီးသူမ်ားႏွင့္ ေရေျမေတာေတာင္ကို အစိုးရတဲ့ ဘုရင္ေတြက အရွင္နတ္မင္းႀကီးကို ရွိခိုးၾကရပါတယ္။ ေဝဟင္ျပင္ရွိ နတ္မင္းႀကီး ေလးေယာက္ႏွင့္ နတ္အေပါင္းတို႔ကို အစိုးရေသာ တာဝတႎသာ နတ္မင္းတို႔ကပါ အရွင္နတ္မင္းႀကီးကို ႐ိုေသေပးၾကရတယ္၊ ရွိခိုးၾကရတယ္ မဟုတ္လား”ဟု ေမးေတာ့ သိၾကားမင္းက “ငါ ရွိခိုးေနတဲ့သူေတြက တျခားမဟုတ္ဘူးရဟန္းသူေတာ္စင္ လူ သူေတာ္စင္မ်ား ျဖစ္ၾကတယ္”ဟု အထက္ပါ အရွိခိုးခံထိုက္သူမ်ားကို စာရင္းလုပ္ ထုတ္ျပေလသည္။

– ကိုယ့္သား ကိုယ့္မယားကို သမၼာအာဇီဝျဖင့္ ျပဳစုလုပ္ေကြၽးေနခ်ိန္၊ ကိုယ့္ အမိအဖကို ျပဳစုလုပ္ေကြၽးေနတဲ့အခ်ိန္သည္ ေကာင္းကင္း သိၾကားမင္း၏ ရွိခိုးမႈကိုခံ ထိုက္ေနသူဟု၍မွတ္။

– ငါးပါးသီလ လုံတဲ့ေန႔သည္ သိၾကားမင္း၏ ရွိခိုးျခင္းကို ေကာင္းေကာင္းႀကီး ထိုက္ေနတဲ့ အခ်ိန္ဟူ၍မွတ္။

– ေပးကမ္းေန တဲ့အခ်ိန္၊ စြန႔္ႀကဲေနတဲ့အ ခ်ိန္၊ အလႉဒါန ျပဳေနတဲ့အခ်ိန္တိုင္းသည္လည္း သိၾကားမင္း ရွိခိုးျခင္းကို ထိုက္တန္တဲ့အခ်ိန္ဟူ၍မွတ္ၾကရန္ သိၾကားမင္းေျပာ သည္။

( သံယုတ္ပါဠိေတာ္၊ ပဌမတြဲ၊ သကၠသံယုတ္၊ဒုတိယဝဂၢ၊ ၈- ခုေျမာက္၊ ဂဟ႒ဝႏၵနာသုတ္၊ပုဒ္ေရနံပါတ္- ၂၆၃၊စာမ်က္ႏွာ ၂၃၅ – မွ ၂၃၆ ထိ )ကိုးကား၍ ေရးသားပါသည္…။

ထိုကဲ့သို႔ေသာ အလုပ္မ်ိဳးကို သိၾကားမင္းရွိခိုးခံထိုက္႐ုံသာ မက၊ပညာရွိ သူေတာ္ေကာင္းတို႔ကပါ ခ်ီးမြးမ္းေထာမနာျပဳၾကသည္၊အယုံအၾကည္ရွိၾက သည္၊ ျမတ္ႏိုးၾကသည္၊ ပူေဇာ္ၾကသည္။ျဖစ္ေလရာရာ ဘဝတိုင္းမွာလဲ ထိုသူျပဳအပ္ေသာ အလုပ္ေတြကပဲ ျပန္လည္ ႀကိဳဆိုၾကပါလိမ့္မည္။ သိၾကားမင္းႏွင့္ သူေတာ္ေကာင္းမ်ား အ႐ိုအေသေပးထိုက္ေသာ ထိုအလုပ္မ်ား ကို ျပဳလုပ္ထားသူသည္လည္း လက္ရွိဘဝမွာလဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စိတ္ခ်မ္းသာစြာ ေနရသလို ဘဝတိုင္းမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနၾကပါလိမ့္မည္။ကိုယ္လုပ္ခဲ့ေသာ အလုပ္ကို ေတြးမိေလးတိုင္းလဲ ပီတိေတြ လႈိင္လႈိင္ျဖစ္ရပါလိမ့္မည္။
Original Uploader

#Unicode Version# ျဖင့္ဖတ္ပါ ။

သိကြားမင်းက အောက်ပါ အကျင့်သီလနဲ့ ပြည့်စုံသူများကို နေ့စဉ် ရှိခိုးလေ့ ရှိပါတယ်-

၁။ ကြာမြင့်စွာကာလကထဲက မြတ်သော အကျင့်ရှိကြတဲ့ ရဟန်းသူတော်စင်များ။

၂။ ပရဟိတ စိတ်ရှိပြီး ဒါနဝတ်ရှိတဲ့ လူဝတ် သူတော်စင်များ။

၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ် သူတော်စင်များ။

၄။ တရားသဖြင့် ရှာဖွေပြီး သား မယားကို ပြုစုသူများ။ (လင့်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘဝတ်၊ ကျေပွန်သူများ) မိသားစုဘဝလေးကို စင်စင်ကြယ်ကြယ်နဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သူကို သိကြားမင်း ရှိခိုးသတဲ့။

အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်

သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကို ရှိခိုးလေ့ရှိသတဲ့၊ ယနေ့ ခေတ် ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာစိတ် အသိစိတ်ရှိတဲ့သူတွေဆိုရင် ပိုမှန်မည်ထင်သည်၊ သူတို့တတွေဟာ ကျောင်းကိုပဲ သွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲ သွားသွား၊ ဘယ်အကြောင်းကြောင့် ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာရယ်၊ အမေ အဖေတို့ကိုပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ရှိသည်။

သိကြားမင်းသည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏တပည့်ကောင်းများနည်းတူ အပြင်ထွက်ခါနီး လက်အုပ် ချီ ရှိခိုးလေ့ရှိသည်၊ ထိုသို့ရှိခိုးနေတာကို မြင်တော့ တပည့်ဖြစ်သူ မာတလိ နတ်သားက “အရှင်သိကြားမင်းကြီး၊ အရှင်မင်းကြီးက ဘယ်သူ့ကို ဘယ်အကြောင်းကြောင့် ရှိခိုးနေတာလဲ၊ တကယ်ဆို မြေပြင်ရှိ ဝိဇ္ဇာသုံးပါး အဘိဉာဏ်များရရှိပြီးသူများနှင့် ရေမြေတောတောင်ကို အစိုးရတဲ့ ဘုရင်တွေက အရှင်နတ်မင်းကြီးကို ရှိခိုးကြရပါတယ်။ ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာ နတ်မင်းတို့ကပါ အရှင်နတ်မင်းကြီးကို ရိုသေပေးကြရတယ်၊ ရှိခိုးကြရတယ် မဟုတ်လား”ဟု မေးတော့ သိကြားမင်းက “ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူးရဟန်းသူတော်စင် လူ သူတော်စင်များ ဖြစ်ကြတယ်”ဟု အထက်ပါ အရှိခိုးခံထိုက်သူများကို စာရင်းလုပ် ထုတ်ပြလေသည်။

– ကိုယ့်သား ကိုယ့်မယားကို သမ္မာအာဇီဝဖြင့် ပြုစုလုပ်ကျွေးနေချိန်၊ ကိုယ့် အမိအဖကို ပြုစုလုပ်ကျွေးနေတဲ့အချိန်သည် ကောင်းကင်း သိကြားမင်း၏ ရှိခိုးမှုကိုခံ ထိုက်နေသူဟု၍မှတ်။

– ငါးပါးသီလ လုံတဲ့နေ့သည် သိကြားမင်း၏ ရှိခိုးခြင်းကို ကောင်းကောင်းကြီး ထိုက်နေတဲ့ အချိန်ဟူ၍မှတ်။

– ပေးကမ်းနေ တဲ့အချိန်၊ စွန့်ကြဲနေတဲ့အ ချိန်၊ အလှူဒါန ပြုနေတဲ့အချိန်တိုင်းသည်လည်း သိကြားမင်း ရှိခိုးခြင်းကို ထိုက်တန်တဲ့အချိန်ဟူ၍မှတ်ကြရန် သိကြားမင်းပြော သည်။

( သံယုတ်ပါဠိတော်၊ ပဌမတွဲ၊ သက္ကသံယုတ်၊ဒုတိယဝဂ္ဂ၊ ၈- ခုမြောက်၊ ဂဟဋ္ဌဝန္ဒနာသုတ်၊ပုဒ်ရေနံပါတ်- ၂၆၃၊စာမျက်နှာ ၂၃၅ – မှ ၂၃၆ ထိ )ကိုးကား၍ ရေးသားပါသည်…။

ထိုကဲ့သို့သော အလုပ်မျိုးကို သိကြားမင်းရှိခိုးခံထိုက်ရုံသာ မက၊ပညာရှိ သူတော်ကောင်းတို့ကပါ ချီးမွးမ်းထောမနာပြုကြသည်၊အယုံအကြည်ရှိကြ သည်၊ မြတ်နိုးကြသည်၊ ပူဇော်ကြသည်။ဖြစ်လေရာရာ ဘဝတိုင်းမှာလဲ ထိုသူပြုအပ်သော အလုပ်တွေကပဲ ပြန်လည် ကြိုဆိုကြပါလိမ့်မည်။ သိကြားမင်းနှင့် သူတော်ကောင်းများ အရိုအသေပေးထိုက်သော ထိုအလုပ်များ ကို ပြုလုပ်ထားသူသည်လည်း လက်ရှိဘဝမှာလဲ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ နေရသလို ဘဝတိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါလိမ့်မည်။ကိုယ်လုပ်ခဲ့သော အလုပ်ကို တွေးမိလေးတိုင်းလဲ ပီတိတွေ လှိုင်လှိုင်ဖြစ်ရပါလိမ့်မည်။
Original Uploader

No comments:

Post a Comment