Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 20, 2019

မိခင္နွင့္ကေလးေဆးရံုေပၚေသဆုးံသြားတဲ႕ျဖစ္စဥ္ေဝဖန္မႈမ်ားျမင့္တက္


ေကာလင္း
ပင္လယ္ဘူးျမိဳ႕နယ္ အင္းေကြ႕ေက်းရြာမွ ေကာလင္းျမိဳ႕ ျပည္သူ႕ေဆးရံုသုိ႕ မီးဖြားရန္ေရာက္လာသည့္ မတင္မာဦး အသက္ ၃၀ နွစ္နွင့္ေမြးကင္စ ကေလးေသဆုးံမွဳ႕ နုိဝင္ဘာ ၅ ရက္ေန႕ကျဖစ္ပြားခဲ႕သည္။
ပင္လယ္ဘူးျမိဳ႕နယ္ အင္းေကြ႕ေက်းရြာေန မတင္မာဦးဆိုသူသည္ ဗုိက္နာျပီးခြဲစိတ္ေမြးဖြားရန္ (4.11.18)ရက္ေန႕ညတစ္နာရီခန္႕ေကာလင္းျမ်ဳ႕ိျပည္သူ႕ေဆးရံုသုိ႕ေရာက္ရွိေျကာင္းဆိုသည္။ေကာလင္းေဆးရံုသုိ႕ေရာက္စဥ္ေမြးခန္းတြင္စလုိင္းခ်ိတ္ထားရာ ညနက္ ၂ နာရီခန္႕အခ်ိန္မွစျပီးအသည္းသန္ဗိုက္နာလာသျဖင့္ခြဲစိတ္ေမြးဖြားေပးရန္တာဝန္က်ေဆးရံုဝန္ ၃ ဦးကုိေျပာဆိုရာ ခြဲစိတ္ေမြးဖြားမေပးခဲ႕ေျကာင္းနွင့္အဆူေငါက္ခံရေျကာင္း … တင္မာဝင္း၏မိခင္နွင့္လူနာေစာင့္လုိက္ပါလာသူမ်ားကေျပာသည္။ထို႕ေနာက္မနက္ ၅ နာရီခန္႕အခ်ိန္တြင္ လူနာမွာနွဳတ္ခမ္းမ်ားျပာလာသျဖင့္ေဆးရံု ဝန္ထမ္းမ်ားထံသြားေရာက္သတင္းပုိ႕ရာအနီဝတ္ဆရာမတစ္ဦးနွင့္အကူဝန္ထမ္းမ်ားလုိက္လာကာေသြးသြင္းျခင္းမ်ားျပဳလုပ္ေပးေျကာင္းဆိုသည္။

နံနက္ ၇ နာရီခန္႕အခ်ိန္မွာလူနာအားခြဲစိတ္ေမြးဖြားရန္ ခြဲခန္းသုိ႕သယ္ေဆာင္ရန္တြန္းလွဲေပၚသုိ႕တင္စဥ္ျပဳတ္ခ်ခဲ႕ေျကာင္းကာယကံရွင္မိသားစုနွင့္မ်က္ျမင္သက္ေသမ်ားေျပာျပခ်က္အရသိရသည္။ေဆးရံုဝန္ထမ္းမ်ားေျပာျပခ်က္အရကေလးမွာသားအိမ္ကြဲျပီးေသဆုးံေနေျကာင္းနွင့္မိခင္အသက္ကုိအေကာင္းဆုးံကယ္ဆယ္ေပးမည္ဟုေျပာဆိုခဲ႕ေျကာင္္းခြဲစိတ္ခန္းမွထြက္လာျပီးေနာက္မွာကေလးမွာေသဆုးံေနေျကာင္းနွင့္နာရီဝက္ခန္႕အျကာတြင္မိခင္ပါေသဆုးံသြားေျကာင္းကာယကံရွင္မိသားစုေျပာျပခ်က္အရသိရသည္။

 “ေရာက္ေရာက္ခ်င္းခြဲစိတ္မေမြးေပးဘူးဆိုတာ သူ႕ေမြးရက္ကလုိေနေသးလုိ႔မလုပ္တာပါ ျပဳတ္က်တယ္ဆိုတာနဲ႕ေငြေျကးေပးရတယ္ဆိုတာေတာ့မသိလုိက္ဘူး ကေလးက သားအိမ္ကြဲလုိ႕ေသသြားတာ မိခင္ကေတာ့ ေသြးထြက္လြန္ျပီးေသတာက်ြန္ေတာ္တို႕ဘက္ကအေကာင္းဆုးံလုပ္ေပးခဲ႕ပါတယ္”ဟုအဆိုပါညကတာဝန္က် လက္ေထာက္ဆရာဝန္ ေဒါက္တာဝင္းမုိးသိန္းကေျပာသည္။

“သားဦးတုန္းကလည္းခြဲေမြးရတာ အခုလည္းခြဲေမြးေပးဘုိ႕ေျပာတယ္ မလုပ္ေပးဘူး လူနာကအသည္းသန္ဗိုက္နာလုိ႕တစ္ညလုးံေအာ္ေနရတာ သြားေျပာေတာ့လည္း အဆူခံရတယ္ ခြဲခ်ိန္မက်ေသးဘူးေျပာတယ္ စလုိင္းပဲခ်ိတ္ေပးျပီးတစ္ညလုးံေနရတာ မနက္ ၅ ေလာက္မွ က်မသမီးကနွဳတ္ခမ္းေတြျပာလာလုိ႕သြားေျပာေတာ့မွ ဆရာမပါလုိက္လာျပီးေသြးသြင္းမယ္ေျပာတယ္ ေငြ ၅ ေထာင္ေပးလုိက္ရတယ္ မနက္ ၇ နာရီက်မွခြဲစိတ္ခန္းဝင္တာ ကေလးကေသေနျပီလုိ႕ဆရာဝန္ကေျပာသြားတယ္”ဟုေသဆုးံသူမတင္မာဝင္မိခင္ေဒၚသိန္းျမ ကေျပာသည္။

“2 နာရီေလာက္လူနာညည္းသံျကားရတယ္ နာရီဝက္ေလာက္ေနေတာ့ လူနာေစာင့္ကဆရာမေခၚတယ္ ဘယ္လုိျဖစ္ေနတာလည္းခင္မ်ားတို႕ကလည္းဆူညံေနတာပဲ ဟုေဆးရံုဝန္ထမ္းကဆူတယ္ လူနာကုိကုတင္ေပၚတင္ေတာ့လူနာျပဳတ္က်တယ္ ေရာက္တည္းကကုသမွဳ႕ေပးမယ္ဆိုရင္ အခုလု္ိမေသနုိင္ေလာက္ဘူးအခုစိတ္မေကာင္းဘူး လူနာကုိကုတင္ေပၚအတင္ခ်လုပ္ရာေတာ့ သန္႕ရွင္းေရးသမားနဲ႕လူနာေစာင့္အဘြားျကီးတို႕လုပ္ေနတာျမင္တယ္”ဟုမ်က္ျမင္သက္ေသတစ္ဦးကေျပာသည္။

ေကာလင္းျမိဳ႕ျပည္သူ႕ေဆးရံုသည္ကုတင္ ၅၀ ဆန္႕ေဆးရံုျဖစ္ျပီးလက္ရွိလူနာဦးေရမွာ ၇၀ ခန္႕ရွိကာကုတင္ ၁၀၀ ဆန္႕ေဆးရံုတည္ေဆာက္ရန္အစီစဥ္ရွိေျကာင္းလက္ေထာက္ဆရာဝန္ဦးဝင္းမုိးသိန္းကေျပာသည္။

“ကုတင္ ၁၀၀ မေပးခ်င္ေနပါ လူနာအေပၚက်န္းမာေရး ေစာင့္ေရွာက္မွဳ႕ေကာင္းေကာင္းေပးမဲ႕ဝန္ထမ္းပဲလုိခ်င္တယ္”ဟုေကာလင္းျမိဳ႕ခံေစ်းသည္တစ္ဦးကေျပာသည္။ေကာလင္းျမိဳ႕ျပည္သူ႕ေဆးရံုသည္လူနာမ်ားအေပၚရိုင္းပ်စြာဆက္ဆံတတ္ျပီးထိေရာက္သည့္က်န္းမာေရးေစာင့္ေရွာက္မွဳ႕ေပးရန္ အားနည္းသျဖင့္ ျပည္သူလူထုမွာေဆးရံုတက္ရမွာကုိစုိးရိမ္ေနေျကာင္းေဒသခံမ်ားမွေျပာဆိုလ်က္ရွိသည္။

ျပည္သူလူထု၏ေျပာဆိုေဝဖန္မွဳ႕မ်ားအေပၚေဆးရံုတာဝန္ရွိသူမ်ားဘက္ကမဟုတ္မမွန္ေျကာင္းျငင္းဆိုထားေသာ္လည္းေဒသခံမ်ားဘက္ကအခုိင္မာေျပာဆိုလ်က္ရွိသည္။

နႏၵ တစ္ကုိယ္ေတာ္

Unicode
မိခင်နှင့်ကလေးဆေးရုံပေါ်သေဆုးံသွားတဲ့ဖြစ်စဉ်ပြည်သူလူထုကြားဝေဖန်မှု့များမြှင့်တက်
ကောလင်း
ပင်လယ်ဘူးမြို့နယ် အင်းကွေ့ကျေးရွာမှ ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ မီးဖွားရန်ရောက်လာသည့် မတင်မာဦး အသက် ၃၀ နှစ်နှင့်မွေးကင်စ ကလေးသေဆုးံမှု့ နိုဝင်ဘာ ၅ ရက်နေ့ကဖြစ်ပွားခဲ့သည်။
ပင်လယ်ဘူးမြို့နယ် အင်းကွေ့ကျေးရွာနေ မတင်မာဦးဆိုသူသည် ဗိုက်နာပြီးခွဲစိတ်မွေးဖွားရန် (4.11.18)ရက်နေ့ညတစ်နာရီခန့်ကောလင်းမျြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိကြောင်းဆိုသည်။ကောလင်းဆေးရုံသို့ရောက်စဉ်မွေးခန်းတွင်စလိုင်းချိတ်ထားရာ ညနက် ၂ နာရီခန့်အချိန်မှစပြီးအသည်းသန်ဗိုက်နာလာသဖြင့်ခွဲစိတ်မွေးဖွားပေးရန်တာဝန်ကျဆေးရုံဝန် ၃ ဦးကိုပြောဆိုရာ ခွဲစိတ်မွေးဖွားမပေးခဲ့ကြောင်းနှင့်

အဆူငေါက်ခံရကြောင်း … တင်မာဝင်း၏မိခင်နှင့်လူနာစောင့်လိုက်ပါလာသူများကပြောသည်။ထို့နောက်မနက် ၅ နာရီခန့်အချိန်တွင် လူနာမှာနှုတ်ခမ်းများပြာလာသဖြင့်ဆေးရုံ ဝန်ထမ်းများထံသွားရောက်သတင်းပို့ရာအနီဝတ်ဆရာမတစ်ဦးနှင့်အကူဝန်ထမ်းများလိုက်လာကာသွေးသွင်းခြင်းများပြုလုပ်ပေးကြောင်းဆိုသည်။

နံနက် ၇ နာရီခန့်အချိန်မှာလူနာအားခွဲစိတ်မွေးဖွားရန် ခွဲခန်းသို့သယ်ဆောင်ရန်တွန်းလှဲပေါ်သို့တင်စဉ်ပြုတ်ချခဲ့ကြောင်းကာယကံရှင်မိသားစုနှင့်မျက်မြင်သက်သေများပြောပြချက်အရသိရသည်။ဆေးရုံဝန်ထမ်းများပြောပြချက်အရကလေးမှာသားအိမ်ကွဲပြီးသေဆုးံနေကြောင်းနှင့်မိခင်အသက်ကိုအကောင်းဆုးံကယ်ဆယ်ပေးမည်ဟုပြောဆိုခဲ့ကြောင်းခွဲစိတ်ခန်းမှထွက်လာပြီးနောက်မှာကလေးမှာသေဆုးံနေကြောင်းနှင့်နာရီဝက်ခန့်အကြာတွင်မိခင်ပါသေဆုးံသွားကြောင်းကာယကံရှင်မိသားစုပြောပြချက်အရသိရသည်။

“ရောက်ရောက်ချင်းခွဲစိတ်မမွေးပေးဘူးဆိုတာ သူ့မွေးရက်ကလိုနေသေးလို့မလုပ်တာပါ ပြုတ်ကျတယ်ဆိုတာနဲ့ငွေကြေးပေးရတယ်ဆိုတာတော့မသိလိုက်ဘူး ကလေးက သားအိမ်ကွဲလို့သေသွားတာ မိခင်ကတော့ သွေးထွက်လွန်ပြီးသေတာကျွန်တော်တို့ဘက်ကအကောင်းဆုးံလုပ်ပေးခဲ့ပါတယ်”ဟုအဆိုပါညကတာဝန်ကျ လက်ထောက်ဆရာဝန် ဒေါက်တာဝင်းမိုးသိန်းက
ပြောသည်။



“သားဦးတုန်းကလည်းခွဲမွေးရတာ အခုလည်းခွဲမွေးပေးဘို့ပြောတယ် မလုပ်ပေးဘူး လူနာကအသည်းသန်ဗိုက်နာလို့တစ်ညလုးံအော်နေရတာ သွားပြောတော့လည်း အဆူခံရတယ် ခွဲချိန်မကျသေးဘူးပြောတယ် စလိုင်းပဲချိတ်ပေးပြီးတစ်ညလုးံနေရတာ မနက် ၅ လောက်မှ ကျမသမီးကနှုတ်ခမ်းတွေပြာလာလို့သွားပြောတော့မှ ဆရာမပါလိုက်လာပြီးသွေးသွင်းမယ်ပြောတယ် ငွေ ၅ ထောင်ပေးလိုက်ရတယ် မနက် ၇ နာရီကျမှခွဲစိတ်ခန်းဝင်တာ ကလေးကသေနေပြီလို့ဆရာဝန်ကပြောသွားတယ်”ဟုသေဆုးံသူမတင်မာဝင်မိခင်ဒေါ်သိန်းမြ ကပြောသည်။

“2 နာရီလောက်လူနာညည်းသံကြားရတယ် နာရီဝက်လောက်နေတော့ လူနာစောင့်ကဆရာမခေါ်တယ် ဘယ်လိုဖြစ်နေတာလည်းခင်များတို့ကလည်းဆူညံနေတာပဲ ဟုဆေးရုံဝန်ထမ်းကဆူတယ် လူနာကိုကုတင်ပေါ်တင်တော့လူနာပြုတ်ကျတယ် ရောက်တည်းကကုသမှု့ပေးမယ်ဆိုရင် အခုလိ်ုမသေနိုင်လောက်ဘူးအခုစိတ်မကောင်းဘူး လူနာကိုကုတင်ပေါ်အတင်ချလုပ်ရာတော့ သန့်ရှင်းရေးသမားနဲ့လူနာစောင့်အဘွားကြီးတို့လုပ်နေတာမြင်တယ်”ဟုမျက်မြင်သက်သေတစ်ဦးကပြောသည်။

ကောလင်းမြို့ပြည်သူ့ဆေးရုံသည်ကုတင် ၅၀ ဆန့်ဆေးရုံဖြစ်ပြီးလက်ရှိလူနာဦးရေမှာ ၇၀ ခန့်ရှိကာကုတင် ၁၀ဝ ဆန့်ဆေးရုံတည်ဆောက်ရန်အစီစဉ်ရှိကြောင်းလက်ထောက်ဆရာဝန်ဦးဝင်းမိုးသိန်းကပြောသည်။

“ကုတင် ၁၀ဝ မပေးချင်နေပါ လူနာအပေါ်ကျန်းမာရေး စောင့်ရှောက်မှု့ကောင်းကောင်းပေးမဲ့ဝန်ထမ်းပဲလိုချင်တယ်”ဟုကောလင်းမြို့ခံဈေးသည်တစ်ဦးကပြောသည်။ကောလင်းမြို့ပြည်သူ့ဆေးရုံသည်လူနာများအပေါ်ရိုင်းပျစွာဆက်ဆံတတ်ပြီးထိရောက်သည့်ကျန်းမာရေးစောင့်ရှောက်မှု့ပေးရန် အားနည်းသဖြင့် ပြည်သူလူထုမှာဆေးရုံတက်ရမှာကိုစိုးရိမ်နေကြောင်းဒေသခံများမှပြောဆိုလျက်ရှိသည်။

ပြည်သူလူထု၏ပြောဆိုဝေဖန်မှု့များအပေါ်ဆေးရုံတာဝန်ရှိသူများဘက်ကမဟုတ်မမှန်ကြောင်းငြင်းဆိုထားသော်လည်းဒေသခံများဘက်ကအခိုင်မာပြောဆိုလျက်ရှိသည်။

နန္ဒ တစ်ကိုယ်တော်

No comments:

Post a Comment