Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 19, 2019

ေဝလငါး ေဝွးေစ့ သိန္း ၉၀ ေက်ာ္နဲ႔ ေလလံေအာင္ျမင္

အရွည္ ၆၅.၇၅ လကၼရွိတဲ့ ေဝလငါးႀကီးရဲ့ ေဝွးေစ့ကို ေလလံတင္ေရာင္းခ်ခဲ့ရာ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔က အေမရိကန္ေဒၚလာ ၅,၉၀၀ (က်ပ္သိန္း ၉၀ ေက်ာ္)ျဖင့္ ဝယ္ယူသူေပၚေပါက္ခဲ့ေၾကာင္း ယူေကရွိ Sworders auction house မွ သတင္းထုတ္ျပန္လိုက္သည္။

ေဝလငါးေဝွးေစ့၏ အတြင္းထဲတြင္ အေမႊးအမၽွင္မ်ားျဖင့္ ျပန္လည္အစာသြပ္ကာ ပုံစံမပ်က္ (႐ုပ္လုံးႂကြ)ခ်ဳပ္လုပ္ထားၿပီး အေလးခ်ိန္ ၁၈ ေပါင္ရွိကာ အရင္းပိုင္း လုံးပတ္အက်ယ္က တစ္ေပခန႔္ရွိေၾကာင္း အဆိုပါေလလံဌါနမွ ရာျဖတ္ျဖစ္သူ Mark Wilkinson က ေျပာၾကားခဲ့သည္။

ဒီလိုပစၥည္းမ်ိဳးဟာ အျခားပစၥည္းေတြနဲ႔မတူတဲ့အတြက္ ေလလံတင္ရာတြင္ ေစ်းျဖတ္ဖို႔ အလြန္ခက္ခဲေၾကာင္း သူကဆက္လက္ေျပာဆိုခဲ့သည္။ ဒါေပမယ့္ေနာက္ဆုံးမွာေတာ့ ေဝလငါးႀကီးရဲ့ ေဝွးေစ့ကို ႐ုပ္လုံးသြင္းၿပီး လွူဒါန္းခဲ့သူနဲ႔ ညႇိႏွိုင္းၿပီး အေမရိကန္ေဒၚလာ ၅,၉၀၀ ၾကမ္းခင္းေစ်း သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

ေလလံတင္ၿပီးကတည္းက ဝယ္သူမရွိေသးပဲ ၿငိမ္သက္ေနခဲ့ရာက ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔မွာေတာ့ ေဒၚလာ ၅,၉၀၀ နဲ႔ ဝယ္သူေပၚလာခဲ့ျခင္းျဖစ္သည္။ ဝယ္ယူသူမွာ အမ်ိဳးသားလား၊ အမ်ိဳးသမီးလား၊ မည္သူမည္ဝါျဖစ္တယ္ဆိုတာ မသိရေသးေပမယ့္ ေနာက္ဆုံးမွာေတာ့ ေဝလငါးေဝွးေစ့႐ုပ္လုံးႂကြကို စိတ္ဝင္စားသူရွိေနတာေတာ့ အေသခ်ာပဲျဖစ္ပါတယ္။
Popolay
#Unicode Version#
အရှည် ၆၅.၇၅ လက္မရှိတဲ့ ဝေလငါးကြီးရဲ့ ဝှေးစေ့ကို လေလံတင်ရောင်းချခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၅,၉၀၀ (ကျပ်သိန်း ၉၀ ကျော်)ဖြင့် ဝယ်ယူသူပေါ်ပေါက်ခဲ့ကြောင်း ယူကေရှိ Sworders auction house မှ သတင်းထုတ်ပြန်လိုက်သည်။

ဝေလငါးဝှေးစေ့၏ အတွင်းထဲတွင် အမွှေးအမျှင်များဖြင့် ပြန်လည်အစာသွပ်ကာ ပုံစံမပျက် (ရုပ်လုံးကြွ)ချုပ်လုပ်ထားပြီး အလေးချိန် ၁၈ ပေါင်ရှိကာ အရင်းပိုင်း လုံးပတ်အကျယ်က တစ်ပေခန့်ရှိကြောင်း အဆိုပါလေလံဌါနမှ ရာဖြတ်ဖြစ်သူ Mark Wilkinson က ပြောကြားခဲ့သည်။

ဒီလိုပစ္စည်းမျိုးဟာ အခြားပစ္စည်းတွေနဲ့မတူတဲ့အတွက် လေလံတင်ရာတွင် ဈေးဖြတ်ဖို့ အလွန်ခက်ခဲကြောင်း သူကဆက်လက်ပြောဆိုခဲ့သည်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ဝေလငါးကြီးရဲ့ ဝှေးစေ့ကို ရုပ်လုံးသွင်းပြီး လှူဒါန်းခဲ့သူနဲ့ ညှိနှိုင်းပြီး အမေရိကန်ဒေါ်လာ ၅,၉၀၀ ကြမ်းခင်းဈေး သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

လေလံတင်ပြီးကတည်းက ဝယ်သူမရှိသေးပဲ ငြိမ်သက်နေခဲ့ရာက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ဒေါ်လာ ၅,၉၀၀ နဲ့ ဝယ်သူပေါ်လာခဲ့ခြင်းဖြစ်သည်။ ဝယ်ယူသူမှာ အမျိုးသားလား၊ အမျိုးသမီးလား၊ မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိရသေးပေမယ့် နောက်ဆုံးမှာတော့ ဝေလငါးဝှေးစေ့ရုပ်လုံးကြွကို စိတ်ဝင်စားသူရှိနေတာတော့ အသေချာပဲဖြစ်ပါတယ်။
Popolay

No comments:

Post a Comment