Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 19, 2019

အကယ္ဒမီစာရင္းထဲ မပါတာကို တုန္႔ျပန္လိုက္တဲ႔ ေဇရဲထက္


 ျမန္မာႏိုင္ငံမွာေတာ့ ပရိသတ္အခိုင္အမာ ရရွိထားတဲ့ မင္းသားေခ်ာေဇရဲထက္ကေတာ့ ၂၀၁၉ မွာ က်င္းပျပဳလုပ္မယ့္ ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီေပးပြဲမွာေတာ့ ဆန္ခါတင္ ဇာတ္ကား ၂၅ ကားစာရင္းတြင္ သူပါဝင္တဲ့ ဇာတ္ကား တကားမွ မပါဝင္တာေၾကာင့္ စိတ္မေကာင္း ျဖစ္ေနတာ ျဖစ္ပါတယ္။ ၂၀၁၈ မွာ ရံုတင္ရုပ္ရွင္ဇာတ္ကားၾကီး ၈၃ ကားအနက္မွာမွ ဒုတိယအၾကိမ္ၾကည့္ရမယ့္ ဇာတ္ကားအျဖစ္ ေနာက္ထပ္ ဆန္ခါတင္ ၂၅ ကားကို ေရြးခ်ယ္ခဲ့ရာမွာေတာ့ ေဇရဲထက္ပါဝင္တဲ့ ဇာတ္ကားတကားမွ ပါဝင္ခဲ့ျခင္း မရွိခဲ့ပါဘူး။

ဒါေၾကာင့္ မင္းသားေဇရဲထက္ကေတာ့ သူ႔ရဲ့ ေဖ့ဘုတ္အေကာင့္တြင္ “ငါႀကိဳးစားခဲ့ပါတယ္။ ငေပါေနရာေကားပရမ္းပထာကာ႐ိုတ္တာေကာ။ လုံးဝမူးလဲတဲ့အထိ မြန္းၾကပ္စြာ သ႐ုပ္ေဆာင္ခဲ့ရတဲ့ကားေတြေရာ။ တကားမွမပါဘူး။ က်ေနာ့္ကံေပါ့။ မွန္းလည္းမမွန္းထားပါဘူး။ စိတ္မေကာင္းတာက ဒီ၂၅ကားထဲေတာင္ တကားမွမပါတာေတာက်ေနာ္ညံ့လို မပါတာလို႔ပဲ က်ေနာ့္ကိုခ်စ္တဲ့လူေတြ က်ေနာ္ခ်စ္တဲ့လူေတြကိုေျပာခ်င္ပါတယ္။ စိတ္မေကာင္းမျဖစ္ပါနဲ႔လို႔။ ကံတရားကိုပဲပုံခ်ပါရေစ” လို႔ စာသားေလး ေရးသားထားျပီး ဆန္ခါတင္ က်န္ရွိေနတဲ့ ရုပ္ရွင္ ၂၅ ကား ဇယားနဲ႔အတူ တင္ထားတာ ျဖစ္ပါတယ္။

မင္းသားေဇရဲထက္ကေတာ့ သူ႔အေနနဲ႔ ရာဇဝင္ရိုင္းခဲ့သည္ ဆိုတဲ့ ဇာတ္ကားမွာ အေကာင္းဆံုး သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားနဲ႔ ေဇရဲထက္ ပရိသတ္ေတြကေတာ့ အကယ္ဒမီ စာရင္းထဲ ထည့္ထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ ေဇရဲထက္က မ်က္ႏွာမ်ားတဲ့ လူငယ္တေယာက္အျဖစ္ ကာရိုက္တာေတြကို ပိုင္ပိုင္ႏိုင္ႏိုင္ သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိ ဆန္ခါတင္ ဇာတ္ကား ၂၅ ကားမွာေတာင္ ေဇရဲထက္ကေတာ့ သူ႔ကား တကားမွ မပါလာတာေၾကာင့္ ဝမ္းနည္းခဲ့တာ ျဖစ္ျပီး ယခုလိုစာေလးေရးျပီးေတာ့ တင္ခဲ့တာ ျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးထဲမွာေတာ့ ေဇရဲထက္ရဲ့ ရာဇဝင္ရိုင္းခဲ့သည္ ဇာတ္ကားကို သြားၾကည့္ျပီးတဲ့သူေတြ ရွိၾကလား။
nanmalgyi


#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံမှာတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသားချောဇေရဲထက်ကတော့ ၂၀၁၉ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာတော့ ဆန်ခါတင် ဇာတ်ကား ၂၅ ကားစာရင်းတွင် သူပါဝင်တဲ့ ဇာတ်ကား တကားမှ မပါဝင်တာကြောင့် စိတ်မကောင်း ဖြစ်နေတာ ဖြစ်ပါတယ်။ ၂၀၁၈ မှာ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီး ၈၃ ကားအနက်မှာမှ ဒုတိယအကြိမ်ကြည့်ရမယ့် ဇာတ်ကားအဖြစ် နောက်ထပ် ဆန်ခါတင် ၂၅ ကားကို ရွေးချယ်ခဲ့ရာမှာတော့ ဇေရဲထက်ပါဝင်တဲ့ ဇာတ်ကားတကားမှ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် မင်းသားဇေရဲထက်ကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်တွင် “ငါကြိုးစားခဲ့ပါတယ်။ ငပေါနေရာကေားပရမ်းပထာကာရိုတ်တာကော။ လုံးဝမူးလဲတဲ့အထိ မွန်းကြပ်စွာ သရုပ်ဆောင်ခဲ့ရတဲ့ကားတွေရော။ တကားမှမပါဘူး။ ကျနော့်ကံပေါ့။ မှန်းလည်းမမှန်းထားပါဘူး။ စိတ်မကောင်းတာက ဒီ၂၅ကားထဲတောင် တကားမှမပါတာတောကျနော်ညံ့လို မပါတာလို့ပဲ ကျနော့်ကိုချစ်တဲ့လူတွေ ကျနော်ချစ်တဲ့လူတွေကိုပြောချင်ပါတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့လို့။ ကံတရားကိုပဲပုံချပါရစေ” လို့ စာသားလေး ရေးသားထားပြီး ဆန်ခါတင် ကျန်ရှိနေတဲ့ ရုပ်ရှင် ၂၅ ကား ဇယားနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။

မင်းသားဇေရဲထက်ကတော့ သူ့အနေနဲ့ ရာဇဝင်ရိုင်းခဲ့သည် ဆိုတဲ့ ဇာတ်ကားမှာ အကောင်းဆုံး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ဇေရဲထက် ပရိသတ်တွေကတော့ အကယ်ဒမီ စာရင်းထဲ ထည့်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဇေရဲထက်က မျက်နှာများတဲ့ လူငယ်တယောက်အဖြစ် ကာရိုက်တာတွေကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ ဆန်ခါတင် ဇာတ်ကား ၂၅ ကားမှာတောင် ဇေရဲထက်ကတော့ သူ့ကား တကားမှ မပါလာတာကြောင့် ဝမ်းနည်းခဲ့တာ ဖြစ်ပြီး ယခုလိုစာလေးရေးပြီးတော့ တင်ခဲ့တာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာတော့ ဇေရဲထက်ရဲ့ ရာဇဝင်ရိုင်းခဲ့သည် ဇာတ်ကားကို သွားကြည့်ပြီးတဲ့သူတွေ ရှိကြလား။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi

No comments:

Post a Comment