Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 19, 2019

ရင်ကွဲစာ...။


ရင်ကွဲစာ...။

ကျွန်မ မနေ့က အိမ်ပြန်တော့ အမေက သဲကိုပြစရာရှိတယ်ဆိုပြီး...
စာလေး တစ်စောင် ထုတ်ပြတယ်...ကျွန်မလည်း ဘာမှန်းမသိတော့
အမေနဲ့ ရယ်မော စကားပြောနေရင်း အမေပေးတဲ့ စာလေးကို ချက်ချင်း
ဖွင့်ဖတ်လိုက်တာ...ချက်ချင်းဆိုသလို....ကျွန်မ ဆွံ့အ သွားခဲ့တယ်.......။
ပြီးတော့...ကျွန်မ ရင်တွေ ဟက်ခနဲ ကွဲသွားသလို နာကျင်လိုက်တာ....။

အကြီး နဲ့ အငယ် အသက်မကွာရင်...အကြီးဖြစ်တဲ့ ကလေးတွေရဲ့
စိတ်ခံစားချက်နဲ့ ဖြစ်တတ်တဲ့ သဘောတွေကို အမြဲ သတိထားခဲ့တယ်။
အသက် သုံးနှစ်ကျော်ကျော်လေးမှာ ရောဂါပေါင်းစုံဖြစ်ပြီး ဘယ်လိုကုရ
မယ် မသိအောင် ဖြစ်နေချိန်မှာ ဆရာမပြောလိုက်တဲ့စကား...
ကလေးက စိတ်ကျဝေဒနာမျိုးဖြစ်နေတာ...သူ့ကိုပျော်အောင်ထားရင်
ရောဂါတွေပျောက်မယ်လို့ ပြောချိန်ကစလို့...သမီးကြီးလေး အတွက်
စာတွေအများကြီးဖတ်ပြီးသူ့ကို ပိုအလိုလိုက်...ပိုချစ်ခဲ့တယ်လို့
ကိုယ့်ဘာသာ ထင်ထားမိတာ...ခုတော့ ကိုယ့်ဘာသာ
ဘာမှားနေမှန်းတောင်မသိတော့လောက်အောင်ပါပဲ။

အသက် ၈ နှစ် ကလေးတစ်ယောက်ရဲ့ ၀မ်းနည်းပက်လက်ရေးထား
တဲ့စာလေး...သူ စာ စရေးတတ်ချိန်မှာ ပထမဆုံး သူ့ခံစားချက်တွေကို
ရေးဖွဲ့လိုက်တဲ့စာလေး...။

မအားဘူး...မအားဘူး...အမြဲပြောမိပြီး အပြင်မှာ၊အလုပ်မှာသာ
အချိန်ကုန်နေတတ်တဲ့...၊ နားချိန်မှာလည်း ဖုန်းလေး တကိုင်ကိုင်
ဂိမ်းဆော့လိုက် ဖေ့ဘွတ်ခ် သုံးလိုက် လုပ်နေတတ်တဲ့..ကျွန်မတို့ဟာ...
ကိုယ့် ကလေးတွေအတွက်အသုံးမကျတဲ့ မိဘတွေ ဖြစ်နေမှန်း
သတိပေးလိုက်တဲ့စာလေး....။

အဲ့ဒီ စာလေးမြင်လိုက်တဲ့ တခဏ ကျွန်မ ပိုက်ဆံထွက်ရှာချင်စိတ်
မရှိလောက်အောင်ဖြစ်ရသလို...ဖြစ်နိုင်ရင် ကျွန်မ ရှိုက်ကြီးတငင်ကို
ငိုချင်တာ..ဒါပေမယ့် မျက်ရည်ကျဖို့တောင် သမီးကြီးလေးကိုရှက်မိတယ်။
ရုတ်တရက်မို့..သူ့ အဖေလည်း ဆွံ့ အသွားသလို သူ့ ဖွားဖွားကလည်း
ငါလေ...သဲလေးကို ရိုက်တောင် မရိုက်ပါဘူး..ဆိုပြီး တိုးတိုးလေး
စိတ်မကောင်းစွာဆိုတယ်...။သူ့ ကာကာနဲ့ တီတီဆို စိတ်မကောင်းလို့
စကားလုံး ရှာမတွေ့သလို...သမီးကြီးလေးကလည်း သူ့စာမိသွားလို့
ဘာများဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့ကြည့်နေပုံက ကျွန်မကို
ပို အရှက်ရစေတယ်..။ကျွန်မတို့ မိဘတွေ ကလေးအပေါ်ဘယ်လောက်
တောင် မှားယွင်းဆက်ဆံနေမိသလဲ...ဘယ်လို ပြုမူနေမိသလဲ...ကျွန်မ
ခေါင်းတွေပူအောင် တစ်ချိန်လုံးတွေးနေမိတယ်။
ကျွန်မ စိတ်မကောင်းဘူး..ဒီလို စာမျိုး ကျွန်မအတွက်တော့ ဒုတိယ
အကြိမ်မြင်ဖူးတာ..ပထမတစ်ခါက ကျွန်မ ညီမအငယ်လေးရေးတဲ့စာ။

တစ်ကယ်တော့ ရှက်လွန်းလို့ ကျွန်မ ဒီစာကို မရေးချင်ပါဘူး...။
ဒါပေမယ့် ကိုယ့်လို အိမ်ကို လှည့်ကြည့်ချိန်မရှိအောင်ဖအေရောမအေပါ
နှစ်ယောက်လုံး အလုပ်လုပ်နေရတဲ့ မိဘတွေနဲ့ အကြီး အငယ် အသက်
မကွာတဲ့ကလေးတွေမွေးထားတဲ့ မိဘတွေ သိရအောင်..
သတိထားမိအောင်...အကြီးတွေကို ပိုဂရုပြုမိအောင်ရေးတာပါ....။

အဓိကကတော့ လူကြီးတွေမသိလိုက်တဲ့နောက်ကွယ်မှာ ဖြစ်နေတဲ့
ကလေးတွေရဲ့ တိတ်တဆိတ်ခံစားချက်အရမ်း သနားဖို့ ကောင်းတယ်
ဆိုတာလေး သတိထားမိစေချင်လို့ပါ...။

ကျွန်မကတော့ စာလေး မြင်တိုင်း ရင်တွေကွဲပေါ့ရှင်..။ ။
Naw Yar Maung

No comments:

Post a Comment