Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 19, 2019

ေကာ့ေသာင္းၿမိဳ႕နယ္မွ အမ်ိဳးသမီးတစ္ဦးကို သတ္ၿပီး စအိုထဲ ဘီယာပုလင္းထိုးသ ြင္းခဲ့သူ မိၿပီ။


(တရားခံ ထ ြက္ဆိုခ်က္မ်ားၾကည့္ရန္)

လည္ပင္းညစ္အသတ္ခံရသည့္ အမ်ိဳးသမီးတစ္ဦးကို ဝတ္လစ္စားလစ္ျဖင့္ ေတြ႕ရွိ
ေကာ့ေသာင္းၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦးကို လည္ပင္းညစ္သတ္ကာ ဝတ္လစ္စားလစ္ျဖင့္ ထားခဲ့သည့္အမႈမွ တရားခံကို ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ သက္ဆိုင္ရာက ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည္။
ျဖစ္စဥ္မွာ အဆိုပါေန႔ နံနက္၇နာရီခန္႔တြင္ ႐ြာထဲရွိဦးလွဝင္းေနအိမ္ၿခံဝင္းအနီး၌ အသက္ ၆၄ ႏွစ္အ႐ြယ္ မိခင္ ျဖစ္သူ ေသဆုံးေနေၾကာင္းသိရသျဖင့္ ေကာ့ေသာင္းၿမိဳ႕ နယ္ခ်န္းဖန္းေက်း႐ြာေန ကိုေအာင္သူက သြားေရာက္ၾကည့္ရႈခဲ့သည္။
မိခင္ျဖစ္သူသည္ ေနအိမ္မွအေရွ႕ဘက္ကိုက္ ၁၀ဝခန္႔ အကြာ လူမေနသည့္ၿခံအစပ္တြင္ အဝတ္အစားမပါဘဲ ပက္လက္အေနအထားျဖင့္ ေသဆုံးေနသည္ကိုေတြ႕ခဲ့ရသည္။
ထို႔ျပင္မိခင္ျဖစ္သူ၏လည္ပင္းတြင္ ေဘာ္လီကိုရစ္ပတ္လ်က္ေတြ႕ရၿပီး စအိုဝတြင္ စင္းဂါးဘီယာပုလင္းအေသးအား ေခါင္းဘက္မွထိုးသြင္းထားလ်က္ေသဆုံးေနသည္ကိုေတြ႕ခဲ့ရသည္။
အေလာင္း၏ ခႏၶာကိုယ္ေက်ာဘက္တြင္ ပြန္းျခစ္ဒဏ္ရာမ်ား၊ ဝဲဘက္ဒူးေခါင္းႏွင့္တံေတာင္ဆစ္ ႏွစ္ဖက္တို႔တြင္ ပြန္းပဲ့ဒဏ္ရာမ်ားႏွင့္ေသဆုံးေနသည္ကို သက္ဆိုင္ရာက စစ္ေဆးေတြ႕ရွိခဲ့သည္။



ေကာ့ေသာင္းၿမိဳ႕မရဲစခန္းက(ပ)၄၁၂/၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ အရ အမႈဖြင့္ခဲ့ၿပီး ဒုရဲမႉး ေအာင္မိုးက စစ္ေဆးခဲ့သည္။
အခင္းျဖစ္ရပ္အနီးေတြ႕ရွိခဲ့သည့္ ရာဘာဖိနပ္တစ္ရန္၊ ပါတိတ္ထမီတစ္ထည္တို႔ကို သက္ဆိုင္ရာက သက္ေသခံပစၥည္းအျဖစ္သိမ္းဆည္းခဲ့သည္။
ေတြ႕ရွိသည့္ ရာဘာဖိနပ္တစ္ရန္ႏွင့္ပတ္သက္၍ စုံစမ္းခ်က္မ်ားအရ အခင္းျဖစ္ေနအိမ္သို႔ အဝင္ အထြက္ ရွိေနၿပီး ေသဆုံးသူႏွင့္ရင္းႏွီးသူ ဘိုလာ(ခ)ေက်ာ္သီဟ (၂၅ ႏွစ္) ကို အမႈျဖင့္ မသကၤာသျဖင့္ ေခၚယူစစ္ေဆးခဲ့သည္။

ဘိုလာ(ခ)ေက်ာ္သီဟကို စစ္ေဆးခ်က္အရ ဇန္နဝါရီလအတြင္း ပင္လယ္အတြင္း ငါးဖမ္းထြက္ သြားခဲ့ေၾကာင္း၊ ထိုသို႔ငါးဖမ္းထြက္ေနစဥ္ ေသဆုံးသူႏွင့္ ၄င္း၏ မိခင္တို႔ စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း၊ ငါးဖမ္းမွျပန္လာစဥ္ မိခင္ျဖစ္သူက ေျပာျပသိရၿပီး ရန္ၿငိဳးထားခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။

ေသဆုံးသူအမ်ိဳးသမီးက မိခင္ျဖစ္သူႏွင့္ ရန္ျဖစ္ခဲ့သည့္ကိစၥကို မေက်နပ္သျဖင့္ အခင္းျဖစ္ေန႔ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔ ညပိုင္းတြင္ ေသဆုံးသူ အမ်ိဳးသမီးေနအိမ္သို႔ သြားေရာက္ခဲ့ေၾကာင္း၊ လက္ထဲတြင္လည္း ေသာက္လက္စ စင္းဂါးဘီယာပုလင္း အေသးတစ္လုံးပါသြားခဲ့ေၾကာင္း၊ ေသဆုံးသူ အမ်ိဳးသမီးအား အဆိုပါကိစၥကိုေျပာၾကားစဥ္ ေသဆုံးသူက ၄င္း၏ တန္ဆာျဖင့္ ခိုင္းႏႈိင္းကာညစ္ညမ္းစြာေျပာဆိုသျဖင့္ လည္ပင္းညႇစ္သတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ထို႔ျပင္ ေသဆုံးသူကို ေနအိမ္ေပၚမွေန၍ အေလာင္းေတြ႕ရွိသည့္ေနရာသို႔ ေရာက္ေအာင္ ဆြဲယူခဲ့ၿပီး ဘီယာပုလင္းကို ေပါင္ၾကားသို႔ထိုးထည့္ခဲ့ေၾကာင္း၊ ထို႔ေနာက္ စက္ေလွသို႔ ျပန္သြားခဲ့ေၾကာင္း၊ ခဏအၾကာ႐ြာထဲသို႔ ျပန္လာၿပီး သူငယ္ခ်င္းမ်ားႏွင့္ အရက္အတူေသာက္ခဲ့ၿပီး ေနာက္တစ္ေန႔တြင္ အေလာင္းေတြ႕ရွိခ်ိန္၌ ၄င္းက အိပ္ေပ်ာ္ေနၿပီျဖစ္ေၾကာင္း ဆက္လက္ထြက္ဆိုခဲ့သည္။

ထို႔ေနာက္ သက္ဆိုင္ရာက စစ္ေဆးရန္ ဖမ္းဆီးခဲ့ရာမွ အမႈေပၚေပါက္ခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။

The Myanmar Times Daily Newspaper

Unicode

လည်ပင်းညစ်အသတ်ခံရသည့် အမျိုးသမီးတစ်ဦးကို ဝတ်လစ်စားလစ်ဖြင့် တွေ့ရှိ

ကော့သောင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို လည်ပင်းညစ်သတ်ကာ ဝတ်လစ်စားလစ်ဖြင့် ထားခဲ့သည့်အမှုမှ တရားခံကို ဖေဖော်ဝါရီ ၁၇ ရက်တွင် သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ရနာရီခန့်တွင် ရွာထဲရှိဦးလှဝင်းနေအိမ်ခြံဝင်းအနီး၌ အသက် ၆၄ နှစ်အရွယ် မိခင် ဖြစ်သူ သေဆုံးနေကြောင်းသိရသဖြင့် ကော့သောင်းမြို့ နယ်ချန်းဖန်းကျေးရွာနေ ကိုအောင်သူက သွားရောက်ကြည့်ရှုခဲ့သည်။

မိခင်ဖြစ်သူသည် နေအိမ်မှအရှေ့ဘက်ကိုက် ၁ဝဝခန့် အကွာ လူမနေသည့်ခြံအစပ်တွင် အဝတ်အစားမပါဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ခဲ့ရသည်။

ထို့ပြင်မိခင်ဖြစ်သူ၏လည်ပင်းတွင် ဘော်လီကိုရစ်ပတ်လျက်တွေ့ရပြီး စအိုဝတွင် စင်းဂါးဘီယာပုလင်းအသေးအား ခေါင်းဘက်မှထိုးသွင်းထားလျက်သေဆုံးနေသည်ကိုတွေ့ခဲ့ရသည်။

အလောင်း၏ ခန္ဓာကိုယ်ကျောဘက်တွင် ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်ဒူးခေါင်းနှင့်တံတောင်ဆစ် နှစ်ဖက်တို့တွင် ပွန်းပဲ့ဒဏ်ရာများနှင့်သေဆုံးနေသည်ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။

ကော့သောင်းမြို့မရဲစခန်းက(ပ)၄၁၂/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ခဲ့ပြီး ဒုရဲမှူး အောင်မိုးက စစ်ဆေးခဲ့သည်။

အခင်းဖြစ်ရပ်အနီးတွေ့ရှိခဲ့သည့် ရာဘာဖိနပ်တစ်ရန်၊ ပါတိတ်ထမီတစ်ထည်တို့ကို သက်ဆိုင်ရာက သက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းခဲ့သည်။

တွေ့ရှိသည့် ရာဘာဖိနပ်တစ်ရန်နှင့်ပတ်သက်၍ စုံစမ်းချက်များအရ အခင်းဖြစ်နေအိမ်သို့ အဝင် အထွက် ရှိနေပြီး သေဆုံးသူနှင့်ရင်းနှီးသူ ဘိုလာ(ခ)ကျော်သီဟ (၂၅ နှစ်) ကို အမှုဖြင့် မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။

ဘိုလာ(ခ)ကျော်သီဟကို စစ်ဆေးချက်အရ ဇန်နဝါရီလအတွင်း ပင်လယ်အတွင်း ငါးဖမ်းထွက် သွားခဲ့ကြောင်း၊ ထိုသို့ငါးဖမ်းထွက်နေစဉ် သေဆုံးသူနှင့် ၄င်း၏ မိခင်တို့ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ငါးဖမ်းမှပြန်လာစဉ် မိခင်ဖြစ်သူက ပြောပြသိရပြီး ရန်ငြိုးထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သေဆုံးသူအမျိုးသမီးက မိခင်ဖြစ်သူနှင့် ရန်ဖြစ်ခဲ့သည့်ကိစ္စကို မကျေနပ်သဖြင့် အခင်းဖြစ်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းတွင် သေဆုံးသူ အမျိုးသမီးနေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ လက်ထဲတွင်လည်း သောက်လက်စ စင်းဂါးဘီယာပုလင်း အသေးတစ်လုံးပါသွားခဲ့ကြောင်း၊ သေဆုံးသူ အမျိုးသမီးအား အဆိုပါကိစ္စကိုပြောကြားစဉ် သေဆုံးသူက ၄င်း၏ တန်ဆာဖြင့် ခိုင်းနှိုင်းကာညစ်ညမ်းစွာပြောဆိုသဖြင့် လည်ပင်းညှစ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ပြင် သေဆုံးသူကို နေအိမ်ပေါ်မှနေ၍ အလောင်းတွေ့ရှိသည့်နေရာသို့ ရောက်အောင် ဆွဲယူခဲ့ပြီး ဘီယာပုလင်းကို ပေါင်ကြားသို့ထိုးထည့်ခဲ့ကြောင်း၊ ထို့နောက် စက်လှေသို့ ပြန်သွားခဲ့ကြောင်း၊ ခဏအကြာရွာထဲသို့ ပြန်လာပြီး သူငယ်ချင်းများနှင့် အရက်အတူသောက်ခဲ့ပြီး နောက်တစ်နေ့တွင် အလောင်းတွေ့ရှိချိန်၌ ၄င်းက အိပ်ပျော်နေပြီဖြစ်ကြောင်း ဆက်လက်ထွက်ဆိုခဲ့သည်။

ထို့နောက် သက်ဆိုင်ရာက စစ်ဆေးရန် ဖမ်းဆီးခဲ့ရာမှ အမှုပေါ်ပေါက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

The Myanmar Times Daily Newspaper –

No comments:

Post a Comment